MPTက စီးပွားရေးလုပ်ငန်းများအတွက် B2Bဒေတာအစီအစဉ်သစ်များ မိတ်ဆက်

Wed, 07/12/2017 - 07:05 -- admin_ygn

    MPT က စီးပွားရေးလုပ်ငန်းများအတွက် အထူးရည်ရွယ်ထားသညB2Bဒေတာအစီအစဉ်သစ်များကို ထုတ်ပြန်ကြေညာလိုက်သည်။အဆိုပါ B2B အစီအစဉ်တွင် ယခင်က အစီအစဉ်များထက် ဒေတာပမာဏ ပိုမိုများ ပြား၍ ဈေးနှုန်းပိုမိုချိုသာသော ပက်ကေ့ချ်အမျိုးအစား ခြောက်မျိုးဖြစ်သည့် 800 MB မှ 20 GB အထိကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းများတွင် အင်တာနက်သုံးစွဲသူများအနေဖြင့် MPT  ၏ မြန်ဆန်သော ဒေတာကွန်ရက်ကို အသုံးပြုပြီး မိမိတို့လိုအပ်သည့် အစီ အစဉ်များကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။
ယခုအချိန်တွင်လည်း MPT ၏ LTE+  ဝန်ဆောင်မှုအသစ်ကို အသုံး ပြုပြီး  စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများနှင့် အရောင်းအဝယ်လုပ် ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးကို ရရှိနိုင်မည်  ဖြစ်ကြောင်း သိရသည်။''ဒေတာများစွာ အသုံးပြုရတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် MPT ကနေပြီး ဒေတာပမာဏများတB2B ဒေတာအစီအစဉ်သစ်ကို တကယ်တန် တဲ့ဈေးနှုန်းတွေနဲ့ ဆောင်ရွက်ပေးပြီး စီးပွားရေးလုပ်ငန်းတွေမှာ ဒေတာ အသုံးပြုခ ကုန်ကျမှုတွေကို လျှော့ချနိုင်ဖို့အတွက် အခုလို စီစဉ်ပေးတာ ဖြစ်ပါတယ်''ဟုMPT-KSGM Joint Operations  ၏ Chief Commercial Officer ဖြစ်သMr. Reizo Umeda  မှ ပြောကြားခဲ့ပါသည်။
စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသူများအနေဖြင့် မှတ်ပုံတင် ကြေးပေးဆောင်ရန်မလိုဘဲSMSမှတစ်ဆင့် မိမိတို့အလိုရှိသော အစီအစဉ် ကို အလွယ်တကူရယူနိုင်မည်ဖြစ်သည်။
ကြိုတင်ငွေဖြည့်ကတ်(prepaid)  အသုံးပြုသူများ၊ အသုံးပြုပြီးမှ ပေးချေ သည့်စနစ် (postpaid)  သုံးသူများနှင့် ငွေကြိုတင်ပေးချေကာ ရယူသည့် နည်းလမ်းဖြင့် အသုံးပြုသူများပါ ယခုဝန်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်ပြီး အသုံးပြုမည့်သူအရေအတွက် အကန့်အသတ်မရှိ ရယူအသုံးပြုနိုင်မည်ဖြစ် သည်။
ထို့အပြငMPT ၏ အခြား B2B ဝန်ဆောင်မှုများဖြစ်သည့် ဖိုက်ဘာ၊ ဒေတာ၊Closed User Group (CUG)  နှင့် မိုဘိုင်းလ်စနစ်ဖြင့်SMS  အမြောက် အမြားပေးပို့သည့် ဝန်ဆောင်မှုပက်ကေ့ချ်(MEP) အစရှိသည်တို့ကို စိတ် ပါဝင်စားပါက ဝယ်ယူမည့်သူများအနေဖြင့် B2B Sales Team သို့မဟုတ[email protected]  နှင့် ဖုန်းနံပါတ် +၉၅၉၄၂၆၀၀၀၃၂၃ သို့ ဆက် သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။               
မယ်သီတာ

 

Local Trade News

Pages