GSP အမေရိကန်နိုင်ငံသို့ ပို့ကုန်များတိုးမြှင့်တင်ပို့နိုင်တော့မည်

Mon, 09/26/2016 - 06:52 -- admin_ygn

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်း လဲမှု ဆောင်ရွက်ခြင်းများကို အသိအမှတ်ပြုသည့်အနေဖြင့် မြန်မာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမျိုးသားအရေး ပေါ် အက်ဥပဒေသက်တမ်း တိုးမှုရုပ်သိမ်းခြင်း၊ ယေဘုယျ အကောက် ခွန် သက်သာခွင့်စနစ် (GSP - Generalized System of  Preference)ကို ပြန်လည် ခံစားခွင့်ပြုစေခြင်း၊ အမေရိကန် - မြန်မာ မိတ်ဖက် ဆက်ဆံရေး ကဏ္ဍတစ်ရပ် ထူထောင်ခြင်း၊ နှစ်နိုင်ငံ ပြည်သူ အချင်း ချင်းအကြားဆက်ဆံရေး ကဏ္ဍတိုးမြှင့်ခြင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ခြင်း၊Open Skies Treaty  သဘောတူညီမှု ဆက်လက် အကောင်အထည် ဖော်ဆောင်ခြင်းနှင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ၏ ချေးငွေအစုစု အာမခံ အစီအစဉ်သစ် စတင်ဖော်ဆောင်ခြင်း စသည့် ဖြေလျော့မှု များကို ဆောင်ရွက်တော့မည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ရက် တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်ရုံးမှ ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။
သို့ဖြစ်ရာ မကြာခင်ကာလတွင်  ရရှိလာတော့မည့် အခွင့်အရေး များအနက် အမေရိကန်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ ပို့ကုန်များအတွက် အကောက်ခွန် သက်သာခွင့်ကိုရ ရှိနိုင်မည့် ယေဘုယျ အကောက်ခွန်သက်သာခွင့်(GSP)နှင့် ပတ်သက်ပြီး သိရှိနိုင်စေရန် ရည်ရွယ်၍ လေ့လာ တင်ပြ လိုက်ရပါသည်။ယေဘုယျ အကောက်ခွန် သက်သာခွင့်စနစ် (Generalized system of Preference - GSP)အစီအစဉ် ဆိုသည်မှာ ကမ္ဘာပေါ်ရှိ စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံ များ၏ပြည်ပပို့ကုန်ဝင်ငွေ တိုးတက်စေရန်၊ စက်မှုလုပ်ငန်း တိုးတက် စေရန်နှင့် စီးပွားရေး တိုးတက်မှုနှုန်း မြှင့်တင်ပေးရန်တို့ကို ရည်ရွယ်၍ တစ်ဖက်သတ် အကောက်ခွန် လျှော့ပေါ့ သက်သာခွင့်ပြုသည့်အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။ အဆိုပါ အစီအစဉ်သည် ၁၉၆၈ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သော ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံ(United Nation Conference on Trade andDevelopment – UNCTAD) အစည်းအဝေးမှ ဖော်ထုတ်လိုက်သော အစီအစဉ်ဖြစ်ပြီး ၁၉၇၁ ခုနှစ် တွင် စတင် အကောင်အထည်ဖော်ခဲ့ သော အစီအစဉ်တစ်ရပ် ဖြစ်ပါသည်။GSP အစီအစဉ်အရ GSP FormA  လက်ခံသော နိုင်ငံ ၃၉ နိုင်ငံ ရှိပါသည်။ လက်ရှိကာလအထိ နိုင်ငံအလိုက်GSP အစီအစဉ် ၁၃ ခုကို UNCTAD အဖွဲ့သို့ အသိပေး ကြေညာထားပြီး အခွင့်အရေးပေးသော နိုင်ငံများမှ ၎င်းင်းတို့ စိတ် ကြိုက်စည်းကမ်းချက်များ သတ်မှတ်ဆောင်ရွက်ခွင့်ရှိပါသည်။
အမေရိကန်ပြည်ထောင်စု သည်အဆိုပါGSP  အစီအစဉ်ကို ၁၉၇၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး နှစ်စဉ် ပြန်လည် သုံးသပ်ခြင်းများ ပြုလုပ်ကာ ထွက်ပေါ်လာသော ရလဒ်များနှင့်ပြောင်းလဲလာသော စီးပွားရေးဝန်းကျင်ကို အခြေခံ၍ အစီအစဉ်ကို ပြင်ဆင် ဖြည့်စွက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် ယခင်က အမေရိကန် ပြည်ထောင်စု မှပေးအပ်သည့်GSP  အစီအစဉ်တွင်  အကျိုးခံစားခွင့် ရရှိခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် ၁၉၈၉ ခုနှစ်မှ စတင်ကာGSP  အစီအစဉ် အကျိုးခံစားခွင့်အား ဆိုင်းငံ့ခြင်း ခံခဲ့ရပါသည်။အမေရိကန် ပြည်ထောင်စုမှ ခွင့်ပြုသည့် ယေဘုယျ အကောက် ခွန် သက်သာခွင့် GSP  အစီအစဉ်တွင် ပြန်လည်ပါဝင် ခံစားနိုင်ရေး အတွက် ွှဏ ဆပ်ကော်မတီ အစီအစဉ်ဖြင့် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့၊ အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး(Office of the U.S. Trade Representative - USTR)၌ မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်မှ ပေးအပ်သည့်GSP  အခွင့်အရေးအား ပြန်လည်ရရှိရေးဆိုင်ရာ Public Hearing ကြားနာမှု အစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ မေ ၄ ရက်မှ ၅ရက်အထိ ကျင်းပခဲ့ရာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ၎င်းင်းအစီအစဉ်၏ နောက်ဆက် တွဲ အစီအစဉ်အရ မြန်မာနိုင်ငံအနေဖြင့်  GSP ပြန်လည် ရရှိရေး အတွက် အလုပ်သမားအခွင့်အရေး (Worker Rights) ၊ ကလေးအလုပ်သမား(Child Labor)နှင့် ဉာဏ်ပစ္စည်း မူပိုင်ခွင့်(Intellectual Property Rights – IPR)  စသည့် ကဏ္ဍသုံးရပ်အပေါ်ပြည်တွင်း အကောင်အထည်ဖော်မှု (မူဝါဒ၊ ဥပဒေလုပ်ထုံး လုပ်နည်း) ဆိုင်ရာတိုးတက်မှုနှင့် လက်ရှိ ဆောင်ရွက်နေမှုများအား အစီရင်ခံစာ တင်သွင်းရန် လိုအပ်သဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ် တာဝန်ခံ ဝန်ကြီးဌာနများကို စုစည်း၍ ပထမအကြိမ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ရက်တွင် တင်သွင်းခဲ့ပါသည်။
အဆိုပါ အစီရင်ခံစာတွင် ပါရှိသည့်  ကဏ္ဍသုံးရပ် အပေါ် ပြည်တွင်း အကောင်အထည်ဖော်မှု (မူဝါဒ၊ ဥပဒေလုပ်ထုံး လုပ်နည်း) ဆိုင်ရာ လက်ရှိဆောင်ရွက်မှု အခြေအနေများအပေါ် အစီရင်ခံစာ ထပ်မံတင် သွင်းရန် တောင်း ဆိုလာသည့်အတွက်  အဆိုပါ ကဏ္ဍများ တွင် အစိုးရ၏ တိုးတက် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် အချက်အလက်များအား ထပ်မံဖြည့်စွက်၍ ၂၀၁၄ ခုနှစ်၊ ဧပြီလ၁၅ ရက်တွင် ဒုတိယအကြိမ်မြောက် အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။ ၎င်းင်းအစီရင်ခံစာများအပေါ် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ရက်တွင် အမေရိ ကန်နိုင်ငံရှိ သက်ဆိုင်ရာ ဌာနများက မြန်မာနိုင်ငံသိုGSPအခွင့် အရေး ပြန်လည် ပေးအပ်ရေးနှင့် ပတ်သက်၍ သုံးသပ်ခဲ့သော်လည်း အလုပ်သမားဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ထပ်မံ တောင်းခံလာသည့်အတွက်  သက်ဆိုင်သည့် ဌာနများမှ ပြန်လည် ဖြေကြားခဲ့ရသည်။ထို့နောက် နောက်ဆုံးအကြိမ် အစီရင်ခံစာကို သတ်မှတ်ရက်ဖြစ်သော ၂၀၁၄ ခုနှစ်၊ မေလ ၂၂ရက် မတိုင်မီ သက်ဆိုင်ရာ အမေရိကန်နိုင်ငံကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး(Office of the U.S. Trade Representative)  သို့ ပေးပို့ခဲ့ပါသည်။
သို့ဖြစ်ရာ ၂၀၁၃ ခုနှစ်မှ စတင်၍ အဆိုပါ အစီအစဉ်တွင် ပြန်လည် အကျိုးခံစားခွင့်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှ ယခုအစိုးရသစ် လက်ထက်အထိ  မြန်မာနိုင်ငံ၏ပြုပြင်ပြောင်း လဲမှု များ ဆောင်ရွက်နေခြင်းကို အသိ အမှတ် ပြုသည့်အနေဖြင့်အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ ယေဘုယျ အကောက်ခွန် သက်သာခွင့် အစီအစဉ် ွှဏ တွင် ပါဝင် ခံစားခွင့်အား၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်၍ ပြန်လည် ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ကုန် သွယ်ရေး ကိုယ်စားလှယ်ရုံး(United states trade representative- USTR)၏တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရှိရပါသည်။
အမေရိကန် ပြည်ထောင်စု၏GSPအစီအစဉ်အရ အကျိုးခံစား ခွင့်ရှိသည့် နိုင်ငံများ အနေဖြင့် HS code ရှစ်လုံးအဆင့် ကုန်စည်လိုင်း ၃၅၀၀၊ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် ကုန်စည်လိုင်း  ၁၅၀၀ ကိုအကောက်ခွန် ကင်းလွတ်ခွင့် ရရှိသည့် အတွက် စုစု ပေါင်း (HS code ရှစ်လုံး အဆင့်) ကုန်စည်လိုင်း ၅၀၀၀ အား အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့်  အမေရိကန် ပြည်ထောင်စုသို့ တင်ပို့ခွင့် ရရှိမည်ဖြစ်သည်။ အကောက်ခွန် သက်သာခွင့် ရရှိမည့် ကုန်စည်စာရင်းများကိုhttps://usitc.gov/tata/hts/bychapter/index.htm တွင် အသေးစိတ် လေ့လာ ကြည့်ရှုနိုင်ပါသည်။အမေရိကန် ပြည်ထောင်စုမှ အကောက်ခွန် ကင်းလွတ် သက်သာခွင့်ပြုမည့် ကုန်စည်များစာရင်းတွင် မြန်မာနိုင်ငံမှ အမေ ရိကန် ပြည်ထောင်စုသို့ တင်ပို့လျက်ရှိသောDried Peas ၊ ကြိမ်ထည် ပစ္စည်းများ၊သစ်သားဖြင့် ပြုလုပ်ထားသော ပစ္စည်းများ၊ လက်ဆွဲ အိတ်နှင့် ကျောပိုးအိတ်ကဲ့သို့သော ခရီးဆောင် ပစ္စည်းများ ပါဝင် ကြောင်း လေ့လာ တွေ့ရှိရပါသည်။ အမေရိကန် ပြည်ထောင်စုသို့ ကုန်ပစ္စည်းများတင်ပို့လျက်ရှိသော လုပ်ငန်းရှင်များ အနေဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ လ ၁၃ ရက်မှ စတင်၍ အကောက်ခွန် သက်သာခွင့် ဆိုင်ရာGSP Form A များကို အသုံးချ တင်ပို့ ခြင်းဖြင့် အကောက်ခွန်သက်သာခွင့်ကို ခံစားရရှိ နိုင်တော့မည် ဖြစ်ပါသည်။
GSP Form A  လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ထားသူများသည် ပို့ကုန် လိုင်စင်ရ ယူပြီး ပြည် ပ သို့ ကုန်ပစ္စည်း တင်ပို့ ရောင်းချသည့်အခါ မိမိတို့တင်ပို့သော နိုင်ငံသည်GSP အခွင့်အရေးပေးသော နိုင်ငံ ဖြစ်ပြီး တင်ပို့သည့် ကုန်ပစ္စည်းသည်လည်း ယင်းနိုင်ငံ၏GSPအစီ အစဉ်တွင် အကျုံးဝင်ပါကGSP Form A  ကို လျှောက်ထား ရယူနိုင် ပါသည်။ ွှGSPForm A  များကို ၁၉၈၈ ခုနှစ်မှ စတင်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီးGSP Form A လျှောက်ထားရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ နှင့်တင်ပြရမည့် အထောက်အထားများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ကုန်သွင်းကုန်နှင့် ပတ်သက်သော သတင်းလွှာ ၉/၉၈ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ သတင်းလွှာ အသေးစိတ်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်များ အတွင်း မြန်မာနိုင်ငံမှ  အမေရိကန် ပြည်ထောင်စုသို့ ဆန်၊ ပဲအမျိုး မျိုး၊ အခြားသစ်တောထွက်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများဖြစ်သည့်ငါးအမျိုးမျိုး၊ ပုစွန်၊ စက်မှုကုန်ချော ပစ္စည်းများဖြစ်သည့် ချုပ်ပြီး အထည်နှင့် အခြား စက်မှုကုန်ချောပစ္စည်းများကို တင်ပို့ခဲ့ပြီး၊ အမေ ရိကန် ပြည်ထောင်စုသို့ တင်ပို့မှုမှာ စုစုပေါင်း ပို့ကုန်ပမာဏ၏  သုညဒသမ ၀၀၄ ရာခိုင်နှုန်းမှ ၁ ဒသမ ၀၅၁ ရာခိုင်နှုန်းအတွင်းသာ ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်တွင်ထား ရှိသည့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုများကို ၂၀၁၆ ခုနှစ်၊ မေလအတွင်းက ဖယ်ရှားပေးခဲ့ပြီးလည်း ဖြစ်ပါသည်။ ယခုအခါအမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ဆိုင်းငံ့ထား သော ပိတ်ဆို့မှုများကို ထပ်မံဖယ်ရှားပေးတော့မည်ဖြစ်သည့်အတွက် မိမိတို့ ပို့ကုန်များအား အကောက်ခွန်သက်သာခွင့်ဖြင့် အမေရိကန်ဈေးကွက်သို့ တင်ပို့နိုင်တော့မည်ဖြစ်ရာ ဈေးကွက်ဝင် အခွင့်အလမ်း ရရှိလာနိုင်ခြင်း၊ အမေရိကန်ပြည်ထောင်စုမှ ပေးအပ်မည့် အကောက် ခွန်သက်သာခွင့်ကို ခံစားလိုသည့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများလာရောက်ရင်းနှီးမြှုပ်နှံခြင်း စသည်တို့တိုးတက်လာနိုင်ပြီး ပြည်တွင်း တွင် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိနိုင်မှာ ဖြစ်ပါ သည်။ထို့အပြင် နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင် ရွက်မှု၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမှု၊ နှစ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှု စသည်တို့ တိုးတက်လာစေမည်ဖြစ်ရာ မိမိနိုင်ငံရှိ ပြည်တွင်း လုပ်ငန်းရှင် များ၊လာရောက်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နိုင်ငံတကာနှင့် အမေရိကန် ဈေးကွက်တို့တွင် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သည့် အကျိုးကျေးဇူးများ  ကိုပါ ရရှိနိုင်မည်ဖြစ်ပါသည်။မြန်မာနိုင်ငံသည်  ဥရောပသမဂ္ဂမှ ပေးအပ်သည့် ွှဏ အခွင့် အရေးကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်ရရှိခဲ့ပြီးဖြစ်သည့်အတွက် ဥရောပ သမဂ္ဂနိုင်ငံများသို့ လက်နက်မှလွဲ၍ ကျန်ပစ္စည်းများအား အခွန်သက်သာခွင့်ဖြင့် တင်ပို့နိုင်ခဲ့သည့်အတွက် နှစ်ဖက်ကုန်သွယ်မှု တိုးတက်လာ သည့်အပြင် မိမိနိုင်ငံသား များ၊ မိမိနိုင်ငံလုပ်ငန်းရှင်များ အပါအဝင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကြောင့် အကျိုးဖြစ်ထွန်းမှု  များစွာရရှိခဲ့ပါသည်။ သို့ဖြစ်ရာ ယခုအမေရိကန်ပြည်ထောင်စုမှ ပြန်လည် ခွင့်ပြုပေးတော့မည့် သက်သာခွင့်များသည် မြန်မာ့ကုန်သွယ်မှုကို အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ရေးသားလိုက်ရပါသည်။(ကိုးကာ https://ustr.gov/about-us/policy-offices/press-office/press releases /2016/ september/united-states-reinstate-trade: http://www. state.gov/r/pa/ prs/ps/2016/ 09/261918.htm)

Local Trade News

Pages