CO Form ဆိုင်ရာSelf-Certification System ာ သင်တန်းများ ဆက်လက်ဖွင့်လှစ်မည်

Mon, 11/09/2015 - 12:55 -- admin_ygn

အာဆီယံ   ပင်ရင်းနိုင်ငံ   သက် သေခံလက်မှတ်(Certificate of Origin -CO Form (FormD) ဆိုင်ရာ Self-Certification System  အသိပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၁၅)ကို ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်၍  ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ သင်တန်း ခန်းမတွင် အောက်တိုဘာ ၁၇ ရက်နေ့ နှင့်  ၁၈  ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။လက်ရှိ   ကုန်သွယ်ရေးဦးစီးဌာန တွင်   ပို့ကုန်တင်ပို့သူများမှ  အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား   အကောက် ခွန် သက်သာ ခွင့်အတွက်  လာရောက် လျှောက်ထားလျက်ရှိသည့်CO Form (FormD)  အစား ပို့ကုန်တင်ပို့သူ ကိုယ် တိုင်က အရောင်းပြေစာပေါ်တွင် ပင်ရင်း ထုတ်ကုန်ဖြစ်ကြောင်း   ကြေညာသည့် စနစ်ဖြစ်သည့် Self-Certification System  ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား အကောင်အထည်ဖော်ဆောင် ရွက်မည် ဖြစ်သည်။ပို့ကုန်တင်ပို့သူသည် အဆိုပါစနစ် ကို ကျင့်သုံးနို င်ရေး အတွက် ကုန်သွယ် ရေးဦးစီးဌာနတွင် အတည်ပြု ပို့ကုန် တင်ပို့သူ(Certified Exporter-CE) အဖြစ် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။  မှတ်ပုံတင် လက်မှတ် ရရှိပြီးသော အတည်ပြု ပို့ကုန် တင်ပို့သူများအနေ ဖြင့် ပို့ကုန်များကို ကိုယ်တိုင် ပင်ရင်းထုတ် ကုန်အဖြစ် ကြေညာနိုင်မည်ဖြစ်၍ အချိန်၊ ငွေနှင့် ဝန်ထမ်းအင်အား လိုအပ်ချက် များကို သက်သာစေမည်ဖြစ်သည်။
ဖွင့်လှစ်ခဲ့သော သင်တန်းတွင် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်များ အကြောင်း၊ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းများ၊ အကောက် ခွန်လိုင်းများ၊ အတည်ပြု ပို့ကုန်တင်ပို့ သူများအနေဖြင့် သိရှိထားရမည့်အချက် အလက်များနှင့် အတည်ပြုပို့ကုန် တင်ပို့ သူဆိုင်ရာ Criteria  များ၊ စည်းကမ်းချက် များကို ရှင်းလင်းပေးခဲ့ပါသည်။
သင်တန်းသို့ လက်ရှိ ATIGA Form-D လျှောက်ထား အသုံးပြုလျက် ရှိသော ကုမ္ပဏီ ၂၃ ခုမှ ဒါရိုက်တာနှင့် ဝန်ထမ်းဦးရေ (၅၆)ဦးတက်ရောက်ခဲ့ပြီး လေ့ကျင့်စစ်ဆေးခြင်းများ ပြုလုပ်ကာ သင်တန်းဆင်း အောင်လက်မှတ်များ ကို ချီးမြှင့်ပေးခဲ့ပြီး၊ သင်တန်း တက် ရောက်အောင်မြင်ပြီးသော ကုမ္ပဏီ များမှ ပုဂ္ဂိုလ်များကို အတည်ပြုပို့ကုန် တင်ပို့သူအဖြစ် မှတ်ပုံတင် လျှောက် ထားလိုပါက ခွင့်ပြုပေးမည် ဖြစ်ပါသည်။ယခုအခါ မြန်မာနိုင်ငံအနေ ဖြင့် ှSelf-Certification System  အကောင် အထည် ဖော်ဆောင်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ် အဆင့် ဆင့်အတိုင်း    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ    ပြည်တွင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ လိုအပ် သောLegal Instrument ထုတ်ပြန်နိုင် ရေး   ဆောင်ရွက် လျက်ရှိပြီး၊  Legal Instrument ထုတ်ပြန်ပြီး  နောက်ပိုင်း မကြာမီကာလအတွင်း   အဆိုပါ စနစ် စတင်အသက်ဝင်လာမည် ဖြစ်သည်။သို့ဖြစ်ရာ   အဆိုပါစနစ်ကို အကောင် အထည်ေ ဖာ် ကျင့်သုံးရာတွင် အဆင်သင့်ဖြစ်စေရေးအတွက် အသိ ပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် ထပ်မံ၍ သင် တန်းများ ဖွင့်လှစ်ပို့ချသွား မည် ဖြစ်ပါ ကြောင်း အသိေ ပး ရေးသားလိုက်ရပါ သည်။
                            
  လေးလေးစု

Local Trade News

Pages