ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဧပြီလထက် မေလ၌ ဆန်စပါးဈေးနှုန်း အနည်းငယ်မြင့်

Wed, 05/17/2017 - 07:56 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါး အရောင်း အဝယ်သွက်လျက်ရှိပြီး မြို့နယ်အချို့တွင် စပါး၊ ဆန်ဈေးနှုန်းများ မြင့်တက် လျက်ရှိရာ ပုသိမ်မြို့မှာ ဧပြီ လကုန်က ပေါ်ဆန်း ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၇၄၅၀၀၀မှ ယခုကျပ် ၇၇၁၀၀၀ ၊ ဆန်တစ်အိတ်ကျပ် ၃၄၀၀၀ မှယခုကျပ် ၃၅၅၀၀ ၊ ဧည့်မထမိုးဆန် ယခင်တစ်အိတ်ကျပ် ၁၈၅၀၀ မှ ယခုကျပ် ၁၉၅၀၀ ၊ နွေဆန်တစ်အိတ် ကျပ် ၁၈၀၀၀ မှ ယခု ကျပ် ၁၉၀၀၀ ၊ မြောင်းမြမြို့နယ်မှာ ပေါ်ဆန်းစပါး (၄၆)ပေါင် တင်း(၁၀၀) ကို  ယခင် ကျပ် ၇၀၁၀၀၀ မှ ယခုကျပ် ၇၂၇၀၀၀၊ ဆန်တစ်အိတ်လျှင်  ယခင်ကျပ် ၃၅၀၀၀မှ ယခု ကျပ် ၃၆၅၀၀၊ လပွတ္တာမြို့နယ်တွင်  ပေါ်ဆန်းစပါး (၄၆) ပေါင်တင်း(၁၀၀)ကို ယခင်ကျပ် ၆၇၅၀၀၀ မှကျပ် ၆၈၃၀၀၀၊ ဆန်တစ်အိတ်ကျပ် ၃၁၅၀၀ မှ ကျပ် ၃၂၀၀၀၊ ဧည့်မထ မိုးစပါး (၄၆) ပေါင် တင်း (၁၀၀)ကို ယခင်ကျပ် ၄၃၂၀၀၀ မှ ယခုကျပ် ၄၄၂၀၀၀ ၊ ဆန် တစ်အိတ်ကျပ် ၁၈၀၀၀ မှယခုကျပ် ၁၈၅၀၀ ဖြင့် ရောင်းဝယ် လျက်ရှိကြောင်း ဈေးကွက်သတင်းများအရ သိ  ရန်ကုန်ဈေးကွက်   အရောင်းအဝယ်သွက်လာမှုနှင့် ဒေသတွင်း  ဝယ်လိုအားမြင့်တက်လာမှုတို့ကြောင့် ဆန်စပါး ဈေးကွက်ဖွံ့ဖြိုးသော   ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်တို့တွင် ဈေးကွက်ဝယ်လိုအားရှိပြီး ပုံမှန်စားသုံးနေသော ပေါ်ဆန်း ဈေးကွက်မှာတင်း(၁၀၀)လျှင် စပါးဈေးကျပ်၂၀၀၀၀-၃၀၀၀၀- ၄၀၀၀၀ ဝန်းကျင်နှင့် ဆန်တစ်အိတ်  ကျပ် ၁၅၀၀ ဝန်းကျင် မြင့်တက်သွားကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် အညာဈေးကွက် မှာလည်း ဧည့်မထ မိုး/နွေ ဆန်များ အရောင်းအဝယ်သွက်ပြီး မြို့နယ်အချို့မှာလည်း စပါး၊ ဆန်ဈေးနှုန်းအနည်းငယ်မြင့်တက် သွားကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှသိရပါသည်။

မင်းမင်းဦး  (ပုသိမ်)

Local Trade News

Pages