အောင်ပန်းနနွင်းဈေးကွက် ပြည်ပအဝယ်သွက်

Fri, 05/06/2016 - 05:22 -- admin_ygn

 အောင်ပန်းဈေးကွက်မှာတော့ နနွင်း (သစ်) တွေဝင်လာပြီး၊ နနွင်း (ဟောင်း) တွေကတော့ ဈေးတက်လာပါတယ်။ ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ အင်း လေးအရှေ့ဘက်ခြမ်းက နနွင်းတွေဝင်လာလို့  အရင်လထက်ပိုပြီး အဝင်များလာ တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်တွေကလည်း ရေကြောင်းမှတစ်ဆင့် ပြည်ပ တင်ပို့ဖို့အတွက် ဝယ်ယူနေသလို စစ်တွေမြို့တွေမှလည်း နယ်စပ်စခန်းကနေ တင်ပို့ ဖို့အတွက် ဝယ်ယူနေတယ်လို့ သိရ ပါ တယ်။   အောင်ပန်းဈေးကွက်မှာ တစ်ပတ် အတွင်း နနွင်းပိဿာချိန် ခုနစ်သောင်းခန့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်း ကတော့ နနွင်းအသစ် တစ်ပိဿာ ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်နဲ့ အဟောင်း တစ် ပိဿာကို အနိမ့်ဆုံး ၁၇၅၀ ကျပ်မှ အမြင့်ဆုံး ၂၂၀၀ ကျပ်ဈေးရှိပါတယ်။ဟိုပုံးဈေးကွက်မှာတော့ နနွင်းကပုံမှန်အဝင်ရှိနေပါတယ်။ ငါးရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းပတ်ချာလည်ခန့် အဝင်ရှိနေပြီး၊ ရောင်းအားကလည်း တစ် သောင်းခန့်ရှိတယ်လို့ သိရပါတယ်။ ဟိုပုံးနနွင်းကိုတော့ ရန်ကုန်ဝယ်လက်တွေက အဓိကဝယ်ယူနေပါတယ်။ အဟောင်းလက်ကျန်ကနည်းနေပါပြီ။ ဝယ်လက်တွေက အသစ်နဲ့ အဟောင်းကိုမျှပြီး ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။   ဒီတစ်ပတ် ဟိုပုံးဈေးကွက်မှာ နနွင်း (သစ်)က တစ်ပိဿာ ၁၆၀၀ ကျပ်ရှိပြီး၊ အဟောင်းကတော့ ၁၈၅၀ ကျပ်ဈေးရှိပါတယ်။                                                         

ဧဧခိုင်-တောင်ကြီး

 

Local Trade News

Pages