အရည်အသွေးအာမခံသည့် ပန်းနုရောင်ဆုံဆီ

Thu, 08/01/2019 - 07:59 -- admin_ygn

          ပန်းနုရောင်ဆုံဆီ ထုတ်လုပ်မှုကို  သမစလမ်း၊ စက်မှုဇုန် မုံရွာမြို့၌  ၂၀၁၃ ခုနှစ်ကတည်းက  ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ပန်းနုရောင်ဆုံဆီကနွားဖြင့်ကြိတ်သည့် မိရိုးဖလာနည်း ကိုလည်း မပယ်ရှားဘဲ စက်ဖြင့်ပြောင်းလဲကြိတ်ခဲ့ကြောင်း၊ ယခင်က မြေပဲသာမက နှမ်းဆီ၊ ကြယ်ပဲဆီနှင့် မုံညှင်းဆီတို့ကိုပါ ထုတ်လုပ် ရောင်းချခဲ့ကြောင်း၊ ထိုဆီများမှာ ဈေးနှုန်းများပြားကာ အရောင်း အဝယ် မဖြစ်သဖြင့် ဆက်လက်ရောင်းချခြင်းမပြုတော့ဘဲ မြေပဲဆီ တစ်မျိုးတည်းကိုသာ လက်လီရောင်းချနေကြောင်း သိရပါတယ်။
       ဆီကြိတ်တဲ့  ကျည်ပွေ့ကို   ရှားသားနဲ့ပြုလုပ်ပြီး ဆီဆုံကို စားက္ကိုသားနဲ့ပြုလုပ်ထားကာ လျှပ်စစ်မီးနဲ့ လည်ပတ်နေပါတယ်။ ဆီဆုံ ၁၀ ဆုံရှိပြီး ယခုအခါ ဆီဆုံ ခြောက်ဆုံ၊ လုပ်သားဦးရေ လေးဦး နဲ့လည်ပတ်လျက်ရှိတာ သိရပါတယ်။ မြေပဲကို မုံရွာကုန်စည်ဒိုင်မှ ဝယ်ယူအသုံးပြုခြင်း၊ ကနီ၊ မောင်းထောင်၊ ဘုတလင် စသည့်မြို့နယ် များမှထွက်ရှိသည့် မြေပဲလုံးဆန်အသန့်များကိုသာ ဝယ်ယူအသုံး ပြုပြီး၊  ယခုတွင် မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၃၆၀ဝ နှုန်းရှိပြီး မြေပဲဈေးတက်နေကြောင်းလည်း သိရပါတယ်။
မြေပဲ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မြေပဲဟောင်းများ လက်ကျန် နည်းခြင်း၊ မြေပဲပြန်လည်စိုက်ပျိုးချိန်နှင့် အသစ်ပေါ်ချိန်တို့ကြောင့် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခင်မြေပဲလုံးဆန် တစ် ပိဿာပေါက်ဈေးနှုန်းမှာ ကျပ် ၂၇၀ဝမှ ၂၈၀ဝ ရှိပါတယ်။ မြေပဲလုံး ဆန်အသန့်များကို ဝယ်ယူအသုံးပြုလျက်ရှိပြီး နှစ်ရက်ခန့် နေပူလှန်း ကာ ဆန်ခါချသည့်စက်ဖြင့် ဖုန်၊ သဲ၊ ခဲများ မပါရှိအောင် သန့်စင် ကြောင်း သိရပါတယ်။  ယခုတွင် ဆုံဆီတစ်ပိဿာ ရောင်းဈေးမှာ  တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိတာ သိရပါတယ်။ ဆီဆုံ တစ်ဆုံတွင် မြေပဲလေးပိဿာ ထည့်ကြိတ်လျှင် ဆီတစ်ပိဿာ ၅၀ ကျပ်သားထွက်ရှိပြီး ကြာချိန်မှာ တစ်နာရီ ၂၀မိနစ်ခန့်ကြာကြောင်းနှင့် ပဲဖတ်တစ်ခွေ (နှစ်ပိဿာ၊ ၅၀ကျပ်သား) ထွက်ရှိကြောင်း သိရပါ တယ်။ ဆီဆုံကြိတ်လျှင် လုပ်သားတစ်ဦးလျှင် တစ်ရက်ကို ၁၆ ဆုံမှ ၂၈ ဆုံထိ ကြိတ်နိုင်ပြီး ပဲဖတ်ခွေ၂၈ ခွေရရှိကြောင်း၊ ထွက်ရှိလာသည့် ပဲဖတ်ခွေများကို ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ငါးမွေးမြူရေး လုပ်ကိုင် လျက်ရှိသူများမှ ဝယ်ယူလျက်ရှိကြောင်း၊  ပဲဖတ်တစ်ပိဿာလျှင် ကျပ် ၁၁၅၀-၁၂၀ဝ ရရှိကြောင်း သိရပါတယ်။ တစ်ရက်လျှင်ဆုံဆီ ထွက်ရှိနှုန်းမှာ ၄၅ ပိဿာနီးပါးထွက်ရှိကြောင်း သိရပါတယ်။
      အလုပ်သမားများ လုပ်အားခနှုန်းမှာ မြေပဲများနေလှန်းသည်မှ စ၍ ဆီထွက်သည်အထိ ဆီတစ်ဆုံကြိတ်ခွဲပြီးလျှင် ကျပ် ၈၀ဝ နှုန်း လုပ်အားခပေးရကြောင်း၊ ဆီကို နေ့စဉ်မကြိတ်နိုင်ကြောင်း၊ တစ်လ လျှင် ၁၅ ရက်ခန့်သာ ကြိတ်နိုင်ကြောင်း၊ တစ်ဦးတည်းသာ ရပ်တည် ၍ ၤီဗလက်မှတ်ရယူထားခြင်း၊  ှနြတွင်အသင်းဝင်ထားခြင်း၊ ကုမ္ပဏီမှတ်ပုံတင်ထားခြင်း၊ သွင်းကုန်လိုင်စင် ပြုလုပ်ထားခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။ ပန်းနုရောင်ဆီစက်မှ ထွက် ရှိသော မြေပဲဆီ၏ဈေးကွက်မှာ မုံရွာမြို့အပြင်  တမူး၊ ကလေးဝ၊ ရန်ကုန်၊ တောင်ကြီး၊ အင်းလေး၊ မြိတ်၊ ထားဝယ် စသည့်မြို့များမှ စားသုံးသူများက ဝယ်ယူသုံးစွဲကြပြီး ရောင်းအားအနေဖြင့် ဒေသ တွင်း ၂၀ ရာခိုင်နှုန်းရောင်းရပြီး အခြားမြို့များသို့ ၈၀ ရာခိုင်နှုန်းထိ ရောင်းချရကြောင်း သိရပါတယ်။ ပန်းနုရောင်ဆုံဆီကို ၤခေနဘသသု ပေါ်ကြေညာ၍ ရောင်းချကြောင်း၊ ထိုသို့ရောင်းချခြင်းဖြင့် ကိုရီးယား ကုမ္ပဏီတစ်ခုမှ ဝယ်ယူလို၍ ကမ်းလှမ်းလာကြောင်း၊ တစ်လလျှင်တန် ချိန် ၃၀ဝ မှာယူလိုကြောင်း၊ ဝယ်ယူလိုသည့်တန်ချိန် ထုတ်လုပ်ပေး နိုင်လျှင် ပန်းနုရောင်ဆီစက်ရှိသည့် မုံရွာမြို့သို့ လာရောက်ကြည့်ရှု၍ ဝယ်ယူမည်ဖြစ်ကြောင်းသိရပါတယ်။ နထစသမအ တင်ပို့ချင်သော်လည်း လုပ်ငန်းတိုးချဲ့ ဆောင်ရွက်လျှင်တောင်မှ  တစ်ရက် ပိဿာ ၆၀ဝ နှုန်း သာ ထွက်နိုင်မှာဖြစ်၍ ကိုရီးယားမှဝယ်ယူလိုသည့်တန်ချိန် ထုတ် လုပ်မပေးနိုင်ကြောင်း သိရပါတယ်။ ဆုံဆီသန့်သန့်ကိုသာ စားသုံးချင် သူများအနေဖြင့် ဈေးကြီးပေးဝယ်ရတာကိုမမြင်ဘဲ သန့်ရှင်းသည့် မြေပဲဆီစစ်စစ်ကိုသာ စားသုံးခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီသန့်များကို ရွေးချယ်စားသုံးနိုင်ပါရန် ရေးသားတင်ပြခြင်းဖြစ်ပါ တယ်။                          

 

 နှင်းပန်းဖြူ(ဇေယျာကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages