အမျိုးအစား အရည်အသွေးကောင်းမွန်မှုက ဦးဆောင်နေသည့် ပြည်ပပို့ကုန် ဖရဲနှင့်သခွားဈေးကွက်

Fri, 11/23/2018 - 07:12 -- admin_ygn

 တရုတ်နိုင်ငံ၏ ဖရဲ၊သခွား ရာသီသည် အောက်တိုဘာလတွင် ကုန်ခဲ့ပြီ။ မြန်မာနိုင်ငံတွင်လည်း မိုးဖရဲသီးများ၊ သခွားမွှေးသီးများ လှိုင်လှိုင်ပေါ်လာပေပြီ။ နိုဝင်ဘာလမှ မေလကုန်ခန့် အထိ တရုတ် ဈေးကွက်ကိုတင်ပို့မယ့် မြန်မာ့ဖရဲ၊သခွား ရာသီ ကိုရောက်လာပြီပဲ ဖြစ်ပါတယ်။ ဖရဲနဲ့သခွားဟာ တရုတ်ဝယ်လက်များ အလွန်နှစ်သက် တာကြောင့် တရုတ်နိုင်ငံ၏ ဖရဲနှင့် သခွားဈေးကွက်ကို ရာသီချိန်တင် ပို့မည့် မြန်မာ့ဖရဲနှင့် သခွားမွှေးက ဈေးကွက်၏ ၈၀ ရာခိုင်နှုန်းခန့်ကို လွှမ်းမိုးထားတယ်လို့ ဈေးကွက်သတင်းအရ သိရပါတယ်။ စက်တင်ဘာလကုန်ခန့်မှစပြီး ဖရဲသီးနှင့် သခွားမွှေးများ၏ ဈေးများကလည်း တရိပ်ရိပ်တက်နေကာ တရုတ်ဝယ်လက်လိုက် လာသဖြင့် တင်ပို့မှုများကလည်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုများလည်း စည်ကားနေကာ တောင်သူရောကုန် သည်ပါ အလုပ်များနေကြကြောင်း တွေ့မြင်ကြားသိနေရပါ တယ်။ အောက်တိုဘာ ၁ ရက်မှစတင်ပြီး မြန်မာဘက်မှာ အရောင်းအဝယ် စတင်ခဲ့တဲ့ဖရဲသီးဟာ အစပိုင်းမှာ အသီးနုကာအရည်အသွေးသိပ် မပြည့်ဝတာရယ်၊ မိုးမိတာရယ်၊ ရာသီဥတုနဲ့ တရုတ်ဖရဲတွေရဲ့ဈေး ကွက် အခြေအနေကြောင့် အရောင်းထိုင်းထိုင်းနဲ့ ဈေးမကောင်းခဲ့ပေ မယ့် နောက်ပိုင်းကာလမှာတော့ ဈေးကောင်းရလာပြီး ဒေသအသီး သီးက ဖရဲတွေကလည်း ဝင်လာမဆဲ တသဲသဲလို့ဆိုရမှာပါ။ ဈေး အမျှော်ကြီးမျှော်နေတဲ့ ဖရဲစိုက်တောင်သူတွေကလည်း ဈေးကောင်း လေ ပြုံးပျော်လေပါပဲ။ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ တရုတ် နိုင်ငံဘက်အခြမ်း ဝမ်တိန်ကွင်းမှာ ဖရဲသီး အရောင်းအဝယ်ပြုလုပ် ခဲ့ကြပြီး အောက်တိုဘာ ၁ရက်ကစတင်ကာ မြန်မာနိုင်ငံဘက် မူဆယ် ၁၀၅ မိုင်မှာ ပြန်လည်ရောင်းချတယ်လို့လည်း ဈေးကွက်သတင်းများ အရ သိရပါတယ်။ ဖရဲရောင်းချသူတွေရဲ့ အဆိုအရတော့ မိမိဘက် အခြမ်းရောင်းချမှသာ အားသာမှုရှိတယ်လို့လည်း သိရပါတယ်။ တစ်ဖက်နိုင်ငံရဲ့ကွင်းမှာ ရောင်းရတဲ့အခါ ဖရဲဈေးအတက်အကျ အလိုက် အတက်ဈေးနဲ့ ဝယ်ထားတဲ့ဖရဲကို အသီးများလွှဲပြောင်းတဲ့ နေ့မှာ ဈေးကျနေခဲ့ရင် ကျဈေးနဲ့တရုတ်ကုန်သည်တွေက ဈေးပေးလို ကြောင်း၊ တရုတ်နိုင်ငံဘက်မှ ကုန်သည်တချို့ဟာလည်း ငွေအကျေ မပေးချေမှုများရှိနေတာကြောင့် နာမည်ပျက်စာရင်း (Black List) မှာ ထည့်သွင်းသတ်မှတ်သင့်ကြောင်းကိုလည်း ဖရဲသီးလောကမှာ ကျယ်ကျယ်လောင်လောင် ပြောနေသံတွေလည်း ထွက်ပေါ်လျက်ရှိပါ တယ်။ မည်သို့ပင်ဖြစ်စေ ဖရဲ၊ သခွားရာသီစတင်လာပြီမို့ ဈေးကွက် မှာ ရောင်းသူဝယ်သူများဖြင့် စည်ကားနေသည်ကတော့ အမှန်ပင် ဖြစ်ပါတယ်။ စိုက်ပျိုးသူတောင်သူများကလည်း မိမိတို့တယုတယစိုက် ပျိုးထားတဲ့ဖရဲသီးခင်းထဲက ဖရဲသီးတွေ ဈေးကောင်းလည်းရ၊ ခရီး လမ်းတစ်လျှောက် မပျက်မစီးဘဲ လျောလျောလျူလျူ ဝယ်သူလက်ထဲ အရောက်ပို့နိုင်ဖို့ စိုင်းပြင်းနေကြသလို ဝယ်သူတွေကလည်း အရည် အသွေးကောင်းတဲ့ဖရဲသီးတွေ လက်ဝယ်ရောက်ဖို့အရေး ရွေးချယ် ဈေးပေးနေကြပါတယ်။ မိမိတို့နိုင်ငံမှာ သခွာမွှေးသီးများကို ရွှေသခွား၊ ဖရဲသခွား၊ ပိုက် ကွက်သီးဟူ၍ အမျိုးအစားစုံ စိုက်ပျိုးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ သခွားမွှေးကို တရုတ်၊ အိန္ဒိယနဲ့ စင်ကာပူနိုင်ငံများမှ အလွန်နှစ်သက် ကြောင်းကိုလည်း သိရပါတယ်။ အဆိုပါ နိုင်ငံများသည် အတွင်းသား ဖြူစိမ်းသည့်Sky Rocket? Jade Beautyနှင့် အတွင်းသား လိမ္မော်နီ ရောင်ရှိသည့်New Century? Sun Rise? Sun Lady တို့ကို မှာယူမှုများ ပြားကြောင်း လည်း သိရပါတယ်။ သခွားမွှေးကို တစ်နှစ်ပတ်လုံးစိုက် ပျိုးကြကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုး ကြောင်း၊ ပြည်ပတင်ပို့သည့်အခါ ပိုးမွှားကင်းစင်ရန်လိုအပ်ကာ အလုံး လှပြီး အလေးချိန် ၃ ကီလိုရှိသည့် အသီးများသည် ဈေးကောင်းရရှိ ကြောင်းကိုလည်း သခွားမွှေးတင်ပို့ရောင်းချသူများထံမှ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားများလှတဲ့ ဖရဲ၊ သခွားဟာ ယခု အခါမှာ မြန်မာနိုင်ငံ နေရာအနှံ့မှာ စိုက်ပျိုးလျက်ရှိပါတယ်။ အထူး သဖြင့် ဖရဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်း ပြည်နယ်အပြင် ဒေသအသီးသီးတို့မှာ မြေလွတ်မြေရိုင်းများ ဖော် ထုတ်စိုက်ပျိုးလျက်ရှိပါတယ်။ ခရမ်း၊ သုံးခွ၊ လှည်းကူး၊ ပဲခူးတိုင်း၊ ဟင်္သာတ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ သာစည်၊ မြစ်သား၊ မြင်းခြံ၊ ကျောက် ဆည်၊ တံတားဦး၊ စစ်ကိုင်း၊ ကသာ၊ ထီးချိုင့်ဒေသတွေမှာ အများ အပြား စိုက်ပျိုးနေပါတယ်။ ထိုသို့စိုက်ပျိုးတဲ့အခါမှာ ဖရဲမျိုးစေ့များကို တရုတ်နိုင်ငံမှ တင်သွင်းစိုက်ပျိုးတယ်လို့ စိုက်ပျိုးသူတောင်သူများ ထံမှ သိရှိရပါတယ်။ လက်ရှိမှာတော့ ဖရဲနဲ့ သခွားမွှေးကို တောင်သူ လယ်သမားများ၊ မြေယာငှားရမ်းစိုက်ပျိုးသည့် ကုမ္ပဏီများနှင့် နိုင်ငံ ခြားသားများက စိုက်ပျိုးနေကြောင်း၊ မျိုးမှာတူသော်လည်း စိုက်ပျိုးမှု နည်းပညာ ကွာခြားတာကြောင့် အထွက်နှုန်းနဲ့ အရည်အသွေးမတူညီ ကြောင်း၊ နိုင်ငံခြားသားစိုက်ပျိုးသူများအနေနဲ့ ပြည်ပဈေးကွက် ခိုင် မာမှုလည်းပိုမိုရှိနေကြောင်း သိရှိရပါတယ်။ ဖရဲ၊ သခွားစိုက် တောင်သူ များဟာ တရုတ်မျိုးစေ့များကို ပွဲရုံများမှ ဝယ်ယူနေရတယ်လို့ဆိုပါ တယ်။ သို့ပေမယ့်လည်းမျိုးမှားလို့ ဆုံးရှုံးခဲ့ရင်တော့ တာဝန်ခံမယ့် လူလည်း ပျောက်ကွယ်နေတယ်လို့ တောင်သူများထံမှ သိရပါတယ်။ ဒီကြားထဲ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုများကလည်း ဈေးမြင့်တက်နေတာကြောင့် စိုက်ပျိုးသူများအတွက် အရင်းအနှီး များနေတဲ့အခြေအနေမို့ တင်ပို့တဲ့အခါ အရင်းမရှုံးရစေရေး ပွဲရုံများ နဲ့ချိတ်ဆက်ရောင်းနေကြပါတယ်။ မြန်မာနိုင်ငံဘက် အရောင်းဈေး ကွက်ဖြစ်နေတဲ့ မူဆယ် ၁၀၅ မိုင်မှာဆိုရင် သစ်သီးရောင်းကွင်း နှစ်ခု ရှိပြီး အရှေ့မြောက်တံခါး ကုမ္ပဏီပိုင်ကွင်းနဲ့ မြန်မာတံခွန်ကုမ္ပဏီပိုင် ကွင်းတို့ဖြစ်ပါတယ်။ နိုဝင်ဘာ ၁ ရက်မှစတင်ကာ အရှေ့မြောက် တံခါးကုမ္ပဏီမှ လာရောက်ရောင်းချတဲ့သစ်သီးကားများကို ကွင်း ကြေး ကောက်ခံနေကြောင်းနဲ့ ကောက်ခံမယ့် ကွင်းကြေးနှုန်းထား များမှာ PE ၁၅၀ ယွမ်၊ CD ၁၀ဝ DN 60၆၀ ယွမ် LT/ HL ၃၀ ယွမ် တို့ဖြစ်ကြောင်းကို သစ်သီးပွဲရုံများ၏သတင်းများမှသိရပါတယ်။ အောက်တိုဘာလခန့်ကတော့ ရင့်မှည့်မှုမရှိသေး တဲ့ဖရဲများကို တင်ပို့မှုများရှိခဲ့တာရော၊ ခူးဆွတ်ချိန်မှာမိုးမိထားတဲ့ ဖရဲများကိုတင်ပို့ ခဲ့တဲ့အတွက် ဖရဲဈေးကွက် လှုပ်ခတ်ခဲ့တာကြောင့် ဈေးကွက်ကို ခိုင်မာစေရေး အရည်အသွေးထိန်းသင့်ကြောင်း ဖရဲ၊သခွား ကျွမ်း ကျင်သူများက သုံးသပ်သတိပေးခဲ့သလို ခုတော့ ရင့်မှည့်ပြီး အရည် အသွေးမီတဲ့ ဖရဲ၊ သခွားတွေ ဈေးကွက်ကို ဝင်လာတာကြောင့် ရော၊ တရုတ်ဘက်က ရာသီကုန်တာကြောင့်ပါ မြန်မာဘက်ကဈေးကောင်း လာတာပါဟု ဖရဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ]]အရည်အသွေး မမီတဲ့ ဖရဲ၊သခွားတွေကြောင့် အရည်အသွေးကောင်းတဲ့ ဖရဲ၊ သခွား တွေပါ ရောပြီးဈေးနှိမ်ခံရတယ်။ ကြားဝင်ဖြေရှင်းပေးမယ့်လူလည်း မရှိတော့ တောင်သူတွေနစ်နာခဲ့ရတယ်}}ဟု တောင်သူတစ်ဦးကလည်း ဆိုပါတယ်။ဖရဲသီးဟာ တရုတ်နိုင်ငံရဲ့ အဓိကသွင်းကုန်အမယ်တစ်မျိုးဖြစ်တဲ့အပြင် တရုတ်နိုင်ငံအနေနဲ့ ရုရှားကိုလည်း တင်ပို့နေတဲ့ အမယ်တစ်မျိုးဖြစ်ပါတယ်။ တရုတ်ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုဟာ ပြည်တွင်းစားသုံးမှုကိုတောင် မဖြည့်တင်းနိုင်တာကြောင့် မြန်မာနိုင်ငံ ဘက်ကိုပါ လာရောက်စိုက်ပျိုးနေရလို့ ဈေးကွက်လိုအပ်ချက်များပြား တယ်ဆိုတာ ထင်ရှားလှပါတယ်။ ဖရဲ၊ သခွားမွှေးဟာ အပူပိုင်းရာသီနဲ့ သင့်တော်တာကြောင့် မြန်မာနိုင်ငံကို မျက်စိကျနေခြင်းဖြစ်သလို တရုတ်နိုင်ငံမှာလည်း ဒီသီးနှံအမယ်များအတွက် သတ်မှတ်ထားတဲ့ စိုက်ပျိုး မြေနည်းပါးတာက တစ်ကြောင်း၊ နည်းပညာ အသုံးပြုစိုက် ပျိုးခြင်းထက် တင်သွင်းစားသုံးမှုက ပိုမိုတွက်ခြေကိုက်နေ တာကြောင့် တစ်ကြောင်း တရုတ်နိုင်ငံအနေနဲ့ တင်သွင်းစားသုံးမှုကို အလေးထား ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း တင်သွင်းတဲ့ အခါမှာ လုံခြုံစိတ်ချရမှုနဲ့ ဓာတုဓာတ်ြွကင်း ကျန်များနည်းပါးမှုရှိစေ ရေးတို့အတွက် အထူးသတ်မှတ် ဆောင်ရွက်နေတာမို့ စိုက်ပျိုးတင်ပို့ သူများအနေနဲ့ သတိပြုရမှာလည်းဖြစ်ပါတယ်။ ဖရဲသီးသီးနှံဟာ ကမ္ဘာ့ဈေးကွက်ရောင်းဝယ်မှုမှာ ၂၀၁၇ ခုနှစ် က အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရောင်းဝယ်မှုရှိခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ်ကတည်းက စုစုပေါင်းကမ္ဘာ့ဖရဲတင်ပို့မှု တန်ဖိုး ဟာကျဆင်းနေပြီး ပျမ်းမျှအားဖြင့် ၁ ဒသမ ၆ ရာခိုင်နှုန်းခန့် နှစ်စဉ် ကျဆင်းနေတယ်လို့ ကမ္ဘာ့ဈေးကွက်စောင့်ကြည့်သူများက ဆိုပါ တယ်။၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကျဆင်းမှုဟာ ၁၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိတယ်လို့ Worldtopexport.com သာ မှာ ဖော်ပြပါရှိ ပါတယ်။ ကမ္ဘာ့တိုက်ကြီးများဖြတ်ကျော် တင်ပို့မှုမှာတော့ ဥရောပ နိုင်ငံများဟာ တွက်ခြေကိုက်အမြတ်များခဲ့ကြောင်း၊၂၀၁၇ ခုနှစ်တစ် နှစ်တည်းတွင်ပင် ဖရဲကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၇၁ ဒသမ ၃ မီလီယံရှိခဲ့ပြီး ကမ္ဘာ့သစ်သီး ကုန်သွယ်တင်ပို့၏ ၄၆ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ အမေရိကန်၏တင်ပို့မှုမှာ ၂၆ ဒသမ ၁ ရာခိုင်နှုန်း၊ အာရှတိုက်မှတင်ပို့မှုမှာ စုစုပေါင်းတင်ပို့မှု၏ ၉ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ အာဖရိက၏တင်ပို့မှုမှာ ၇ ဒသမ ၅ ရာခိုင် နှုန်းရှိကာ အိုရှန်းနီးယားနိုင်ငံများ၏ တင်ပို့မှုမှာ သုည ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကြောင်းကို အဆိုပါဝက်ဘ်ဆိုဒ်မှာ ဖော်ပြပါရှိပါတယ်။ ၂၀၁၇ ခုနှစ်တွင် ဖရဲအများဆုံးတင်ပို့ခဲ့သည့် ကမ္ဘာ့နိုင်ငံများ၏ အဆင့်သတ်မှတ်ချက်၊ တင်ပို့သည့် တန်ဖိုးနှင့် ရာခိုင်နှုန်းများကို အောက်ပါအတိုင်း တွေ့ရှိ ရပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာ ၆ ရက်မှာ အသီးနုပြီး အရည်အသွေး မပြည့်သေးတဲ့ ရှမ်းဖရဲသီးတွေ အဝင်များလာတာကြောင့် ဈေးပြန် နိမ့်စပြုခဲ့ကာ အသီးအဝင်များတဲ့နေ့တွေမှာ ဈေးနိမ့်ပြီး အဝင် ပါးတဲ့နေ့တွေမှာတော့ အရည်အသွေးကိုမူတည်ပြီး ဈေးကောင်းရနေ တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၆ ရက်အထိ သခွားမွှေး အဝင်မရှ ိ သလောက်ပါပဲလို့ ပွဲရုံများထံမှသိရပြီး အသီးများဖော်နေပြီလို့လည်း တောင်သူများထံမှ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်မှစကာ ရွှေသခွား မွှေးများတင်ပို့မှု ရှိလာခဲ့ကာ ဈေးကောင်းမိနေတာကြောင့် ထပ်ဖော် မယ့် တောင်သူတွေကလည်း အားတက်နေတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်းကောင်းဆိုရင်တော့ဖြင့် ဈေးကလည်း ကောင်းကောင်းပေးနေတယ်လို့ ကုန်သည်အသိုင်းအဝိုင်းကဆိုပါ တယ်။ ထို့ကြောင့် ဖြစ်ပေါ်နေတဲ့ ဖရဲ၊ သခွားဈေးကွက်ကို သုံးသပ် ကြည့်ပါက မြန်မာ့ဖရဲ၊ သခွားဟာ ဝယ်လက် ရှိနေပေမယ့် အထွက်နှုန်း ကောင်းကောင်းနဲ့ အရည်အသွေးမီမီ ထုတ်လုပ်ရန်၊ သွင်းအားစုများ ကို ဈေးချိုသာစွာရရှိစေရန်၊ နည်းပညာအသုံးပြုစိုက်ပျိုးထုတ်လုပ် ရန် လိုအပ်နေပြီး ခိုင်မာသော ဈေးကွက်ထောက်ပံ့မှုတို့ကို စနစ်တကျ လုပ်ဆောင်ပေးခြင်းအားဖြင့် ကုန်သွယ်မှုပိုမိုမြင့်တက်လာကာ စိုက်ပျိုးသူများကို အကျိုးရှိစေမယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ မြန်မာနိုင်ငံမှ ဖရဲ၊ သခွားမွှေးတင်ပို့မှု ကို လေ့လာကြည့်ရာမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (၂၀၁၇ ခုနှစ် ဧပြီ မှ ၂၀၁၈ ခုနှစ် မတ်လ အထိ) တွင် ဖရဲသီးတန်ချိန် ၈ သိန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၇ သန်းကျော်ကိုတင်ပို့ခဲ့ပြီး သခွားမွှေး တန်ချိန် ၁ သိန်း ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅ သန်းခန့်တင်ပို့ ခဲ့ကာ စုစုပေါင်းတင်ပို့မှုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တန်ဖိုး-ကန်ဒေါ်လာသန်းပေါင်း ကီလိုထောင်ပေါင်း စဉ် သစ်သီးအမျိုးအစား ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် တန်ချိန် တန်ဖိုး (က) ဖရဲသီး ၈၀ဝ၄၀၅ ၇၇.၄၅၇ (ခ) သခွားမွှေး ၁၂၆၁၉၁ ၂၅.၇၃၈ စုစုပေါင်း ၉၂၆၅၉၆ ၁၀၃.၁၉၅ ထို့ပြင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဖရဲတင်ပို့မှုမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၀၄ သန်း တန်ဖိုးရှိ ဖရဲသီးတန် ချိန်၄ သောင်းခွဲကျော်၊ ကားအစီးရေ ၃၅၀ဝ စီးကျော်ကို တင်ပို့ခဲ့ ကြောင်းသိရပြီး သခွားတင်ပို့မှုမှာ နိုဝင် ဘာ ၁၀ ရက်နေ့မှ စတင် တင်ပို့မှုရှိခဲ့ကာ နိုဝင်ဘာ ၁၅ ရက်အထိ စုစုပေါင်းကားအစီးရေ ၁၂ စီး၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၁၉ သန်း တန်ဖိုးရှိ သခွားမွှေး ၉၃ တန်ခန့်ကို တင်ပို့မှုစတင်ခဲ့ကြောင်းကိုလည်း မြေပြင် စာရင်းအရ သိရပါတယ်။ လောလောဆယ် အရောင်းအဝယ်ဖြစ်နေသော ရွှေသခွား မွှေး၏ ွု ဈေးမှာ ၅ ဒသမ ၈ ယွမ်မှ ၆ ဒသမ ၅ ယွမ်ဖြစ်ကာ ငွေဈေး မှာ တစ်ယွမ်လျှင် ၂၂၅ ကျပ်ရှိကြောင်း ဖရဲ၊ သခွား ကုန်စည်ဒိုင်များမှ သိရပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက သခွားမွှေး တစ်တန်လျှင် အနိမ့်ဆုံးဈေး ယွမ် ၁၅၀ဝ မှ အမြင့်ဆုံးဈေး ယွမ် ၈၅၀ဝ ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် သခွားမွှေးတစ်တန်လျှင် အနိမ့်ဆုံးဈေး ယွမ် ၁၀ဝ၀ မှ အမြင့်ဆုံးဈေး ယွမ် ၆၂၀ဝ ရရှိခဲ့ပါတယ်။ နှစ်စဉ် တင်ပို့မှုမှာလည်း ပိုမိုများပြားလျက်ရှိပါတယ်။ သခွားမွှေးကို နိုဝင် ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ တင်ပို့မှုများပြားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီလအထိ သခွားမွှေးတန်ချိန်၄၄၄၁၅ ဒသမ ၅ တန်၊ အမေရိကန်ဒေါ်လာ ၉ ဒသမ ဝ၇၁ သန်း တင်ပို့ခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ ဇန်နဝါရီလအထိ သခွားမွှေးတန်ချိန် ၅၆၉၃၇ ဒသမ ၅ တန်၊ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၁၅ သန်း တင်ပို့ခဲ့ကြောင်းကိုလည်း အချက်အလက်များအရ သိရပါတယ်။ ဖရဲသီးဟာ ကမ္ဘာတစ်ဝန်းလူကြိုက်များတဲ့ သီးနှံအမယ်ဖြစ် ကာ အလှဆင်မွမ်းမံထားတဲ့ ဖရဲသီးတွေဟာ ပွဲကြီးပွဲလမ်းများမှာ အဆင်တန်ဆာတစ်ခု ဖြစ်နေပါတယ်။ ဖရဲကို အလုံးပုံစံနဲ့သာမက ပုံဖော်ပြီး စိုက်ပျိုးမှုများပြုလုပ်ကာ အချို့ကလည်း ဈေးကွက်ထဲမှာ အမြင်ဆန်းဆန်းထိုးဖောက်နေတာလည်း တွေ့ရပါတယ်။ တရုတ်နိုင်ငံ ဟာ ဖရဲကို ကိုယ်တိုင်စိုက်ပျိုးတင်ပို့နေသလို အိမ်နီးချင်းမြန်မာနိုင်ငံ ရဲ့ မြေကိုငှားရမ်းစိုက်ပျိုးကာ မြန်မာနိုင်ငံထွက် ဖရဲများကို တရုတ် ပြည်တွင်းသို့အများအပြား တင်ပို့နေတာကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာမှာသာမက ဗီယက်နမ်မှလည်း ဖရဲအများ အပြား ဝယ်ယူဖို့ ၂၀၁၇ ခုနှစ်ကတည်းက စာချုပ်ချုပ်ဆိုထားတာကို ဗီယက်နမ်သတင်းများမှ သိရှိရပါတယ်။ သတင်းများအရ တရုတ် နိုင်ငံအနေနဲ့ ဖရဲစိုက်ပျိုးထုတ်လုပ်မှုဟာ နှစ်စဉ်တိုးနေပြီး တရုတ် ပြည်တွင်းမှ ၂၀၁၃ ခုနှစ်မှာ ၇၂ မီလီယံတန်ထွက်ခဲ့ရာမှ ၂၀၁၆ ခုနှစ် မှာ ၇၇ ဒသမ ၅ မီလီယံတန်အထိ တိုးတက်ထွက်ရှိခဲ့တာကို သိရပါ တယ်။ ဒါပေမယ့်လည်း နှစ်စဉ် ဖရဲတန်ချိန် ၂ သိန်းခန့်ကို တင်သွင်း နေကာ တင်သွင်းမှုများတဲ့ နိုင်ငံထဲမှာ ဗီယက်နမ်လည်းပါပါတယ်။ ထို့ကြောင့် ဗီယက်နမ်နိုင်ငံဟာ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမီအောင် စိုက်ပျိုးတင်ပို့ရန် ကြိုးပမ်းနေပါတယ်။ မိမိတို့ နိုင်ငံဟာ ရေမြေအနေအထားအရ အားသာချက်တွေရှိနေပါတယ်။ ရာသီဥတုအရ ဖရဲစိုက်ပျိုးရန်လည်း သင့်တော်လှပါတယ်။ ကြီးမားတဲ့ ဈေးကွက်ကြီးကလည်း အဆင်သင့်စောင့်နေပါတယ်။ ထို့ကြောင့် မိမိ တို့နိုင်ငံသားများအနေနဲ့ ရှိရင်းစွဲဈေးကွက်ကိုလည်း မပျက်စီးရလေ အောင်၊ ပြိုင်ဘက်နိုင်ငံများနှင့်လည်း ယှဉ်ပြိုင်တင်ပို့နိုင်အောင် ပူးပေါင်း ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ အချက်အလက်များအရ အသီးပေါပေါများများ ဝင်လာတဲ့အခါ အရည်အသွေးမမီတဲ့ အသီး ညံ့များကို ရောနှောတင်ပို့တာကြောင့် ဈေးပျက်ရသလို မျက်နှာလည်း ပျက်ရတာကို သိရှိကြပြီးဖြစ်ပါတယ်။ ဈေးကွက်ဆိုသည်မှာ ရရှိရန် ခက်ခဲလှပြီး ရေရှည်ထိန်းသိမ်းစောင့်ရှောက်မှသာ ခိုင်မာတည်တံ့တာ ကြောင့် ဈေးကွက်ထိန်းသိမ်းဖို့ကို စဉ်းစားသင့်လှပါတယ်။ တစ်နှစ် စိုက်ပျိုးတင်ပို့လိုက်တာနဲ့ ပြီးဆုံးတာမဟုတ်ဘဲ ရေရှည် ဆက်ဆံရေး ခိုင်မာမှသာ နှစ်ဦးနှစ်ဖက် အကျိုးများမှာ ဖြစ်ပါတယ်။ ဖရဲ၊သခွားစိုက် တောင်သူများ အရည် အသွေးမီ အထွက်နှုန်းတိုးရန်အတွက် မျိုးစေ့ နဲ့ နည်းပညာ ပံ့ပိုးပေးခြင်းများကို ကူညီပံ့ပိုးပေးနိုင်ရန်၊ ဈေးကွက်ခိုင် မာစေရေး ပံ့ပိုးကူညီနိုင်ရန်၊ အသိပညာများ တိုးပွားစေရေး ဆက် လက် အကောင်ထည်ဖော် ဆောင်ရွက်ပေးနိုင်စေရန်ရည်ရွယ်၍ ဖရဲ၊ သခွားအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါ တယ်။ Sources: Worldtopexport.com https://vietnamnews.vn ဈေးကွက်သတင်းလွှာ မြန်မာ့ဖရဲသခွားဈေးတွေဟာ အောက်တိုလကုန်ခန့်မှစတင် ၍ ဈေးမြင့်တက်လာခဲ့ပါတယ်။ မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်မှာ အောက်တိုဘာ ၃၁ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများအရ ဖရဲသီး တစ်တန်ဈေးမှာ ယွမ် ၂၀ဝ၀ မှ ၃၅၀ဝ အကြား ဖြစ်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာ ၂ ရက်နေ့မှာ ယွမ် ၁၅၀ဝ မှ ၃၂၀ဝ ကို ကျဆင်းသွားခဲ့ပါတယ်။ ရှေ့ကာလတစ်လျှောက်မှာ ဈေးကောင်းရခဲ့ပေမယ့် အရည်အသွေး မပြည့်မီတဲ့ အသီးတွေ များလာတာကြောင့် ဈေးကျလာခြင်းဖြစ်တယ် လို့ ကုန်သည်အသိုင်းအဝိုင်းထံမှ သိရပါတယ်။ ဒါကြောင့် စိုက်ပျိုး တင်ပို့သူများအနေနဲ့ ရင့်မှည့်ပြီး အရည်အသွေးမီတဲ့ အသီးတွေ တင်ပို့မှုကို လုပ်ဆောင်ပြီး ဈေးကွက်ကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၃ ရက်မှာတော့ အသီးနုပြီး အရည်အသွေးမပြည့်မီတဲ့ ဖရဲသီးတွေ ဝယ်ယူပါရှိသွားတာကြောင့် တရုတ်ဘက်မှအရည်အသွေး စိစစ်မှု မြင့်တက်လာကြောင်း ဖရဲသီးရောင်းဝယ်တဲ့ အသိုင်းအဝိုင်း ထံမှ သတင်းရရှိပါတယ်။ ဖရဲဈေးကျလာပြီး အရည်အသွေးကောင်းတဲ့ ဖရဲတွေဈေးနာသွားပါတယ်။ ဖရဲသီးတစ်တန် အနိမ့်ဆုံးဈေး ယွမ် ၁၄၀ဝ မှ ယွမ် ၃၀ဝ၀ အထိ ဈေးပြန်ကျလာကာ အညံ့သီးတွေ ကားစီး ပြတ် ရောင်းချနေကြရပါတယ်။ နိုဝင်ဘာ ၄ ရက်မှစတင်ကာ ဖရဲသီး အဝင်နည်းပါးလာတာကြောင့် ဈေးပြန်တက်လာကာ အနိမ့်ဆုံး ၁၈၀ဝမှ ၃၂၀ဝ ဈေးကို ရခဲ့တာကြောင့် ဖရဲဈေးကွက် ဈေး လှလှနဲ့ အရောင်းပြန်သွက်နေပါတယ်။ စာမျက်နှာ ၃၁ သို့

Local Trade News

Pages