အင်တာနက်ရရှိသည့်နေရာတိုင်းမှ ပို့ကုန်သွင်းကုန်လိုင်စင်များကို လျှောက်ထားနိုင်သည့် Fully Online Licencing စနစ်ကို ဇွန်လဆန်းတွင် စတင်နိုင်တော့မယ်

Wed, 06/01/2016 - 04:42 -- admin_ygn

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်များအားထုတ်ပေးရာမှာ ယခင်ကလုပ်ဆောင်ခဲ့တဲ့ Local Online  စနစ်မှ Fully Online Licensing  System သို့ လာမယ့်ဇွန်လအတွင်းမှ စတင် အဆင့်မြှင့်တင် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် သိသင့်သိထိုက်သည်များကို သိရှိနိုင်ရန်အတွက် တာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံမေးမြန်း ခဲ့သမျှ ကို ရေးသားဖော်ပြပေးလိုက်ပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ထုတ်ကုန်သွင်းကုန်လိုင်စင်ထုတ် ပေးခြင်းလုပ်ငန်းများအား Paper Based စနစ်ဖြင့် ထုတ်ပေးခြင်းအစား Electronic  စနစ်သို့ ၂၀၀၄ ခုနှစ်၊ သြဂုတ်လမှစတင်၍ ပြောင်းလဲထုတ်ပေးခဲ့ပါ တယ်။ အဲဒီစနစ်မှာ လုပ်ငန်းရှင်များအနေနဲ့ လိုင် စင်လျှောက်ထားခြင်းလုပ်ငန်းများကို  လုပ်ဆောင် ရာမှာ နည်းလမ်းသုံးမျိုးနဲ့ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
အဲဒီနည်းလမ်းသုံးမျိုးကတော့  စီးပွား/ကူး သန်း ရှိ အွန်လိုင်း ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် တဲ့နေရာ (PAC) မှာ လိုင်စင်အချက် အလက်များ ဖြည့်သွင်းစေခြင်းဖြင့် လျှောက်ထားခြင်း၊Diskette Format နဲ့လိုအပ် တဲ့ အချက် အလက်များကို ဖြည့် သွင်းစေပြီးLocal Online(IELPS)  စနစ်အတွင်းသို့ ထည့်သွင်းစေခြင်းဖြင့် လျှောက်ထားခြင်း၊Myanmar Tradenet Website  အသုံးပြုပြီး လျှောက်ထားခြင်း
စတဲ့နည်းလမ်းတွေ နဲ့ ဆောင်ရွက်နေကြတာဖြစ်ပါ တယ်။
နည်းပညာရပ်တွေ တိုးတက်လာတာနဲ့အမျှ နိုင်ငံတကာအဆင့်မီ ပို့ကုန်သွင်းကုန်လိုင်စင်များ ထုတ်ပေးနိုင်ဖို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနအနေနဲ့ Fully Online Licensing Systemကို စတင်ကျင့်သုံးေ တာ့ မှာဖြစ်ပါတယ်။ အဲဒီလို စနစ်သစ်ကို စတင်ကျင့်သုံးရာမှာ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်တွေ၊ ဝန်ဆောင်မှုပေးနေတဲ့  အေးဂျင့်တွေအနေနဲ့  ဒီစနစ်နဲ့ပတ်သက်ပြီး သိရှိထားကြရမှာဖြစ်ပါတယ်။နည်းပညာရပ်အသစ် တစ်ခုကို စတင်ကျင့် သုံးရာမှာ အခက်အခဲတွေ  ရှိလာနိုင်တာကြောင့် အဲဒီအခက်အခဲတွေကို   စုပေါင်းကျော်လွှားပြီး နိုင်ငံတကာအဆင့်မီလုပ်ငန်းများ ဆောင်ရွက်နိုင် ကြဖို့ အားလုံးဝိုင်းဝန်းဆောင် ရွက်ကြရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် အခု ကျင့်သုံးတော့မယ့် ၤFully Online Licensing System  နဲ့ပတ်သက်ပြီး သိရှိ သင့်တဲ့အကြောင်းလေးတွေကို တင်ပြပေးလိုက်ရ တာဖြစ်ပါ တယ်။
မေး -     Fully Online Licensing System ပြုလုပ် လိုက်တဲ့အတွက်  ရရှိလာမယ့်   အကျိုး ကျေးဇူးတွေက ဘာတွေပါလဲ။
ဖြေ -    Fully Online Licensing Systemာ ပြုလုပ် လိုက်တဲ့အတွက်   ရရှိလာမယ့်   အကျိုး ကျေးဇူးတွေကတော့
(က)    Single Window  စနစ်သို့ ချိတ် ဆက်အသုံးပြုရာမှာ အထောက် အကူဖြစ်စေခြင်း၊
(ခ)    ကုန်သွယ်မှုလုပ်ငန်းများပိုမိုလျင်မြန် ချောမွေ့စေခြင်း။
(ဂ)    Paperless စနစ်ကျင့်သုံးနိုင်ခြင်း။
(ဃ)    e-government  စနစ်အားလိုက်ပါ အကောင်အထည် ဖော်နိုင်ခြင်း။
(င)    လုပ်ငန်းရှင်နှင့်ဝန်ထမ်းများ ထိတွေ့ မှုကို လျှော့ချနိုင်ခြင်း။
(စ)    ပွင့်လင်းမြင်သာမှုပိုမိုရရှိခြင်းနှင့် အချိန်နှင့် ငွေကြေးကုန်ကျမှုများ အား လျှော့ချနိုင်ခြင်းစတဲ့အကျိုး ကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
မေး -    ဘာကြောင့် အဲဒီစနစ်ကို ပြုလုပ်ရပါသလဲ။
ဖြေ - လုပ်ငန်းရှင်များအနေဖြင့် အချိန်ကုန်၊ ငွေ ကုန်သက်သာစွာဖြင့်  ပို့ကုန်သွင်းကုန်လိုင်စင်လုပ်ငန်းများအား  အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လာနိုင်စေဖို့အတွက် ဒီစနစ်ကို ကျင့်သုံးရတာဖြစ်ပါတယ်။
        ဒါ့အပြင် Fully Online Licensing System  ကို ပြုလုပ်လိုက်တဲ့အတွက် On-line  အသုံး ပြု၍  ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းရှင်နဲ့ ဝန်ထမ်းထိတွေ့မှု အနည်းဆုံးနဲ့ လုပ်ငန်း များ
ဆောင်ရွက်ခြင်းဖြင့် Corruption များ လျှော့ချနိုင်စေဖို့အတွက်လည်း ဒီစနစ်ကို ကျင့်သုံးရတာဖြစ်ပါတယ်။
        ဒါ့အပြင် Clean Government, Good governance ဖြစ်စေရေးအား   အထောက် အကူဖြစ်စေဖို့အတွက်လည်း    ဒီစနစ်ကို ဆောင်ရွက်ရတာဖြစ်ပါတယ်။
မေး -    အဲဒီစနစ်ကို  ဘယ်အချိန်ကတည်းက စတင် ဆောင်ရွက်ခဲ့ပါသလဲ။   ဘယ်အချိန်မှာ စတင်ဆောင်ရွက်မှာပါလဲ။
ဖြေ -    ဒီစနစ်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကုန် ပိုင်းကတည်းက လုပ်ငန်းများ စတင်ဆောင် ရွက်ခဲ့ပါတယ်။
        ၂၀၁၆ခုနှစ် ဇွန်လထဲမှာ စတင်ဆောင်ရွက် သွားမှာဖြစ်ပါ တယ်။
မေး -    လိုင်စင်လျှောက်ထားလိုသူ ကုမ္ပဏီတွေ အနေနဲ့ ဘာတွေ လုပ်ဖို့  လိုအပ်ပါသလဲ။
ဖြေ -    ဒီစနစ်ကိုအသုံးပြုလိုတဲ့ကုမ္ပဏီတွေအနေနဲ့ စီးပွားကူးသန်းရဲ့ ဝန်ဆောင်မှုပေးတဲ့Websiteဖြစ်တဲ့ (www.myanmartradenet.com.mm)  Myanmar Tradenet Website  မှာ မိမိကုမ္ပဏီ ထုတ် ကုန်သွင်းကုန်မှတ်ပုံတင်အမှတ်နဲ့ Mem-ber  ဝင်ရမှာ ဖြစ်ပါတယ်။
        အဲဒီနောက်ငွေဖြတ်တောက်ခြင်းအပါအဝင် လုံခြုံမှုကိစ္စရပ်တွေအတွကe-token ဝယ် ယူအသုံးပြုရပါမယ်။
        ကုမ္ပဏီတွေအနေနဲ့ လက်ရှိစနစ်နဲ့ ချိတ် ဆက်ထားတဲ့ မြန်မာ နိုင်ငံသားများဘဏ်(MCB Bank) မှာe-payment Account  ဖွင့်လှစ်ထားရမှာဖြစ်ပါတယ်။
        အထက်ပါအချက်တွေဆောင်ရွက်ပြီးပြီဆိုရင်တော့ Fully Online စနစ်ကို စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
မေး - ငွေသွင်းဖို့အတွက် မည်သည့်ဘဏ်နဲ့မဆို ချိတ်ဆက်လို့ရပါသလား။ဒါမှမဟုတ် ဘဏ် သတ်မှတ်ချက်ရှိပါသလား။
ဖြေ -    စီးပွား/ကူးသန်းရဲ့လိုင်စင်စနစ်အတွက် ၂၀၀၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံသားများ ဘဏ်နဲ့   e-payment  စနစ်နဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် Fully Online Licensing ါ စနစ်ကို
 ဆောင်ရွက် တဲ့အခါမှာလည်း ယခင်ကတည်းက ချိတ် ဆက်ဆောင် ရွက်လျှက်ရှိတဲ့ မြန်မာနိုင်ငံ သားများဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လာမယ့် ကာလတွေမှာတော့ အခြားဘဏ်တွေနဲ့
    လည်း ချိတ်ဆက်ဆောင်ရွက် နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး -    လက်ရှိလိုင်စင်စနစ်ကို ဝန်ဆောင်မှုပေးနေတဲ့ အေးဂျင့်တွေ ဘက်က ရော ဘယ်လိုတုံ့ပြန်မှုတွေ  ရလာနိုင်ပါသလဲ။
ဖြေ -    လက်ရှိမှာတော့ ထုတ်ပေးသွားမှာက စမ်းသပ်ကုန်စည်အမယ်တွေနဲ့ သာဆောင်ရွက် သွားမှာဖြစ်လို့ လိုင်စင်နဲ့ပတ်သက်ပြီး ဝန်ဆောင်မှု ပေးတဲ့ အေးဂျင့်တွေရဲ့  တုံ့ပြန်မှုကိုတော့ စောင့်ကြည့်နားထောင် သွားရမှာပါပဲ။
မေး -    အဲဒီလိုင်စင်စနစ်အတွက် ဝန်ထမ်းတွေကို လေ့ကျင့်မှုပြု လုပ်ထားပြီး ပါပြီလား။
ဖြေ -    Fully Online Licensing System နဲ့ပတ်သက်ပြီး ဌာနက ဝန်ထမ်း တွေကို သင်တန်းနှစ်ကြိမ်ပေးပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လည်း လိုအပ်သလို သင်တန်းတွေ ဆက်လက်ပို့ချ  ပေးသွားဖို့ရှိပါ တယ်။
မေ -    လက်ရှိအွန်လိုင်းစနစ်နဲ့ဆောင်ရွက်မှုအခြေအနေကိုလည်း ပြောပြ ပေးပါဦး။
ဖြေ -    လက်ရှိလိုင်စင်စနစ်ကတော့Myanmar Tradenet Website  အသုံးပြု ပြီး လိုင်စင်လျှောက်ထားမှုအပြင် နည်းလမ်းသုံးမျိုးနဲ့ လျှောက်ထား နိုင်ပြီး ငွေပေးသွင်းခြင်း၊  လိုင်စင်ထုတ်ယူခြင်းတို့ကိုတော့ စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာပဲ  လာရောက်ဆောင် ရွက်ရတဲ့စနစ်ဖြစ်ပါတယ်။
မေး -    ဒီ ၤFully Online Licensing System  စနစ်ကို ပြောင်းလဲတာဟာ လက်ရှိအစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ပါပါသလား။
ဖြေ -    ဒီ ၤFully Online Licensing System စနစ်ကို စတင် ခဲ့တာကတော့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ကုန်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီး  အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာတော့ ဒီစနစ်စတင်နိုင်ခဲ့ပါတယ်။
        အဆိုပါ ၤFully Online Licensing Systemတစ်ခုလုံးနဲ့ ပတ်သက် ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ နေပြည်တော် ကုန်သွယ်ရေး ဦးစီးဌာန၊ နည်းပညာဌာနခွဲ (၀၆၇ ၄၀၈၄၈၅)နှင့် ရန်ကုန် ကုန်သွယ် ရေးဦးစီး ဌာန နည်းပညာဌာနခွဲ (၀၁-၂၄၁၀၂၅)တို့ ကိုလည်းကောင်း၊ ပို့ကုန်သွင်းကုန်လိုင်စင်နှင့်ပတ်သက်ပြီးသိရှိလိုပါ က ပို့ကုန်သွင်းကုန် ဌာနခွဲ နေပြည်တော် (၀၆၇ ၄၀၈၁၇၀)နှင့်ရန်ကုန် (၀၁၃၇၂၇၁၈)သို့ လည်းကောင်း၊ e-Payment Systemာ နဲ့ပတ်သက်၍  သိရှိလိုပါက ကုန်သွယ်ရေးဦးစီးဌာန ငွေစာရင်းဌာနခွဲ နေပြည်တော်(၀၆၇ ၄၀၈၄၉၇ နဲ့ ၀၆၇ ၄၀၈၄၉၁)၊ရန်ကုန်(၀၁ ၂၅၂၀၁၈)၊ မြန်မာနိုင်ငံသားများ ဘဏ် နေပြည်တော် (၀၆၇ ၄၂၁၉၈၅၊ ၀၆၇ ၄၂၁၉၈၆)၊ ရန်ကုန် (၀၁ ၃၇၇၄၆၁)သို့လည်းကောင်း၊ န-ွှသုနည နဲ့ပတ်သက်ပြီးသိရှိလိုပါက ရန်ကုန်(၀၁ ၃၈၄၈၉၁၊ ၀၁ ၂၄၁၀၂၅)  သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ကြပါတယ်။

Local Trade News

Pages