လျှော်ဖြူအစေး(ခေါ်) ဆေးကုလားမ TRAGACANTH GUM HERB တရုတ်နိုင်ငံ(တိုင်ပေ)သို့ တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ပြုပြီ

Mon, 01/07/2019 - 07:58 -- admin_ygn

     လျှော်ဖြူပင်(ခေါ်) ဆေးကုလားမပင်သည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက် သလို ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်  ဧကဖွဲ့စိုက်ပျိုး လာကြပြီး ထွက်ရှိလာသော လျှော်ဖြူအစေး(ခေါ်)  ဆေးကုလားမကို ကြာဆန်အမျှင်၊ ရေခဲသားအကြည်၊ ရေခဲသားအဝါ၊ အညို ရောင်ဟူ၍   အမျိုးအစား အမျိုးမျိုးခွဲခြားထားကြောင်း၊ အရောင်အသွေး အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၁၂၀ဝဝဝ ရှိကြောင်း၊ ကြာဆန်အမျှင်မှာ ဈေးနှုန်းအမြင့်ဆုံးရရှိကြောင်းလည်း သိရှိရသည်။
တစ်ဖက်နိုင်ငံတွင် ကုန်ကြမ်း လိုအပ်ချက်လာရှိပါက တရုတ်ကုန်သည်များကိုယ်တိုင် ゞင်းတို့စိတ်ကြိုက် အရည် အသွေး လျှော်ဖြူအစေးများကို တစ်ခါတရံ စိုက်ခင်းအရောက် ကွင်းဆင်း ဝယ်ယူမှုများလည်းရှိကြောင်း မန္တလေးမြို့ပေါ်ရှိ ကျေးလက်မြေပွဲရုံ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ ပြည်ပဈေးကွက်အလားအလာရှိသော လျှော် ဖြူအစေး(ခေါ်) ဆေးကုလားမကို ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုးချဲ့စိုက်ပျိုးလာရာ လျှော်ဖြူစိုက်ဧက ၁၃၆၃၃ ဧကအထိရှိလာပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်း ဒေသကြီးတို့တွင် စိုက်ဧက အများဆုံးဖြင့် စီးပွားဖြစ်စိုက်ပျိုး ထားကြောင်းလည်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ MBMကုမ္ပဏီ လီမိတက်က လျှော်ဖြူအစေး (ခေါ်) ဆေးကုလားမ ၁၀ဝ၀ ကီလိုဂရမ်အား တရုတ်(တိုင်ပေ)သို့ တင်ပို့ခွင့် လျှောက်ထား ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန် သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်တွင် TRAGACANTH GUM HERBအမည်ဖြင့် တရုတ်(တိုင်ပေ) MBM စနစ်ဖြင့် တင်ပို့ခွင့်ပြုလိုက်ကြောင်း၊ ဈေးနှုန်းအနေ ဖြင့် ၁ ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ၄၀ ရရှိကြောင်းနှင့် တင်ပို့မည့် လျှော်ဖြူအစေးမှာ ရေခဲသား အတုံးအခဲ အမျိုး အစားကို တင်ပို့သွားမည်ဖြစ်ကြောင်MBM ကုမ္ပဏီလီမိ တက်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။
ပြည်တွင်းဈေးကွက်ဖြစ်သည့်   မန္တလေးမြို့ပေါ်ရှိ အဝယ်ဒိုင်များတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး၊ သဲတောဝမ်းတွင်း ဒေသထွက်လျှော်ဖြူအစေးကို ပိုမိုကြိုက်နှစ်သက်ကြောင်း၊ ယခုရက်ပိုင်းအတွင်း အရောင်း အဝယ်ဖြစ်နေကြောင်း လေ့လာသိရှိရပါသည်။ တရားဝင် လမ်းကြောင်းမှလည်း   တင်ပို့ခွင့်ပြုနေပြီဖြစ်သောကြောင့် လျှော်ဖြူစိုက် တောင်သူများအနေဖြင့်လည်း ရေရှည်ဈေး ကွက်ခိုင်မာရေး၊ အရည်အသွေး  စံချိန်စံညွှန်း ပြည့်မီသော လျှော်ဖြူအစေးများထွက်ရှိရေး အလေးထား၍ အသင်းအဖွဲ့၊ အစုအဖွဲ့များပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
စန်းထွေး(DOCA)နေပြည်တော်

Local Trade News

Pages