လက်ရှိအစိုးရလက်ထက်တွင် တည်ထောင်ခဲ့သည့် နိုင်ငံသားကုမ္ပဏီအများစုမှာ လူသစ်များသာဖြစ်နေသည်ဟုဆို

Wed, 12/10/2014 - 14:38 -- admin_ygn

  လက်ရှိ အစိုးရလက်ထက်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် လာရောက်မှတ်ပုံတင်ကာ ဖွဲ့စည်းတည်ထောင်ခဲ့သည့်  မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီအများစုမှာ လူသစ်များသာ ဖြစ်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် ဒီဇင်ဘာ ၂ ရက်က ကျင်းပခဲ့ သည့်  သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
  ယခုအစိုးရလက်ထက်တွင်  မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီသစ်များစွာပေါ်ထွက်လာခဲ့ရာ  အသစ်လျှောက်ထားသည့်ကုမ္ပဏီများအနက် ၉၅ ရာ ခိုင်နှုန်းမှာ လူသစ်များဖြစ်နေသည် ကို တွေ့ရှိရကြောင်းဖြင့်  ၎င်းကပြောကြားခဲ့သည်။
   ''ကုမ္ပဏီသစ်တွေ  လျှောက်ထားတဲ့နေရာမှာ အများစုက လူသစ်တွေပါ။ ကုမ္ပဏီအသစ်တွေအများဆုံးထူထောင်ကြတာပါ။ ကျန်တာတွေပဲ အရင်အစိုးရလက်ထက်ကတည်း က လူဟောင်းတွေပါ'' ဟု  ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
   ''၂၀၁၁-၁၂  ဘဏ္ဍာရေးနှစ်မှာ စီမံကိန်းလုပ်ငန်း ၃၄ခုအတွက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုငွေပမာဏ  ကျပ်သန်းပေါင်း ၂၄၀ ဘီလီယံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်မှာ စီမံ ကိန်း ၄၂ ခု အတွက် ကျပ်သန်းပေါင်း ၁၁၀၄ ဘီလီ ယံ၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ စီမံကိန်း ၆၈ ခုအတွက် ကျပ်သန်းပေါင်း ၁၂၆၈ ဘီလီယံ၊ လက်ရှိဘဏ္ဍာနှစ် ၆လသက် တမ်းအတွင်းမှ  လုပ်ငန်းပေါင်း ၂၂ခု အတွက်   ကျပ်သန်းပေါင်း ၅၈၇ ဘီလီယံခန့်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။ အဲဒီအထဲက  အများစုဟာ နိုင်ငံသားရင်းနှီးမြှုပ်နှံသူလူသစ်တွေ ပဲ ဖြစ်ကြပါတယ်''ဟု ဦးအောင်နိုင်ဦးက ဆက်လက်ပြောကြားခဲ့သည်။
  လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ကုမ္ပဏီပေါင်း လေးသောင်းကျော် ရင်းနှီးမြှုပ်နှံထားပြီး တစ်လလျှင် ကုမ္ပဏီ အသစ်ပေါင်း ၇၀၀ ခန့်လာရောက်လျှောက်ထားကြကြောင်း မြန် မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ခဲ့သည့်စာရင်းများအရသိရသည်။

မယ်သီတာ

 

Local Trade News

Pages