ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံဒေသရှိ စာသင်ကျောင်းများတွင် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဆွေးနွေးပွဲများဆောင်ရွက်

Fri, 02/05/2016 - 03:27 -- admin_ygn

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျိုင်းတုံမြို့တွဲဖက်အထက်တန်းကျောင်း အ.လ.က (၅) တွင်ဇန်နဝါရီလ ၁၈ ရက် နံနက်ကစားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဆွေးနွေးခြင်းအားဆောင်ရွက်ခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ကျောင်းအုပ်ကြီး၊ ဆရာမများနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင်ကျောင်းအုပ်ကြီးဦးလှမျိုးကအဖွင့်အမှာစကားပြောကြား ပြီးဒုတိယပြည်နယ်ဦးစီးမှူးက စားသုံးသူအကာ အကွယ်ပေး ရေးဆိုင်ရာပညာပေး ဆွေးနွေးခြင်း၊ တားမြစ်ထားရှိသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ တို့ကို  Power Point    ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးအဆိုပါအသိ ပညာပေးဆွေးနွေးပွဲသို့ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမ ၂၀ ဦး၊ ကျောင်း သား၊ ကျောင်းသူ ၃၅၀ ဦး၊ ကျောင်းမုန့်ဈေးတန်းဈေးသည် ၆ ဦး၊ စုစုပေါင်း ၃၇၆ ဦးနှင့် ဝန်ထမ်း ၅ ဦးတို့တက်ရောက်ခဲ့ပြီးစားသုံးသူအကာအကွယ်ပေး ရေးဆိုင်ရာအသိပညာလက်ကမ်း စာ စောင်များဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်းသတင်း ရရှိပါသည်။                                  

 ဦးမြင့်ကြည် (Dtpca-   ကျိုင်းတုံ)

Local Trade News

Pages