ရေစကြိုမြို့နယ်၌ မိုးစိုက်ဝါသီးနှံများ စတင်ခူးဆွတ်

Tue, 11/21/2023 - 06:52 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ငရုတ်သီးနှံများအပြင် တောင်သူများ တွက်ခြေကိုက်သည့် ဝါသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ မြေဖြူ၊ ဂွေးချို၊ စည်သာ စသည့်ကျေးရွာများတွင် ဝါသီးနှံများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

   ဝါသီးနှံများစိုက်ပျိုးရာတွင် ပဲစင်းငုံခင်းများ၌ သီးညှပ်စိုက်ပျိုးခြင်းနှင့် သီးသန့်စိုက်ပျိုးခြင်း  ဟူ၍ စိုက်ပျိုးကြပြီး   မျိုးများအနေဖြင့် ဒေသမျိုး ငွေချည်-၉၊ ရွှေတောင်-၁၀ မျိုးများကို ဩဂုတ်လ တွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနေဖြင့် ထွန်ယက်ခ၊ မျိုးစေ့၊ စိုက် စရိတ်၊ သွင်းအားစု၊ ခူးဆွတ်ရိတ်သိမ်းခြင်းများအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၃) သိန်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် ကုန်ကျစရိတ်များ မြင့်မားသကဲ့သို့ ဈေးနှုန်းမှာလည်း မြင့်မားလျက် ရှိကြောင်း၊ ရာသီဥတုအခြေအနေ ကောင်းမွန်သဖြင့် ယခုနှစ်တွင် ဝါသီးနှံများကို နိုဝင်ဘာလမှ စတင်၍ ဇန်နဝါရီလအထိ ခူးဆွတ်ရမည်ဖြစ်သဖြင့် ခန့်မှန်းအထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ပိဿာ (၂၀၀ မှ ၃၀၀ အထိ) ထွက်ရှိနိုင်ပြီး တောင်သူများ မျှော်လင့်နေသည့် အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages