ယခုတစ်ပတ် ဒီဇယ်၊ ဓာတ်ဆီ တန်ချိန် ၆၀၀၀၀ ကျော်ဝင်

Tue, 05/09/2017 - 08:31 -- admin_ygn

    ဧပြီ ၁၆ ရက်မှ ၂၂ ရက်အထိသီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၂၄၉၂၅၀၅၈ တန်ဖိုးရှိ ဒီဇယ် ၅၂၁၂၃ ဒသမ ၉၅၇ တန်နဲ့ အမေရိကန်ဒေါ်လာ ၁၃၆၆၃၈၁၈ တန်ဖိုးရှိ ဓာတ်ဆီ ၂၄၅၂၇ ဒသမ ၉၅၅ တန်ကို တင်သွင်း ခဲ့ပြီး ဧပြီလ ၂၃ ရက်မှ ၂၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၁၄၈၂၀၄ တန်ဖိုးရှိ ဒီဇယ်၄၂၇၂၈ ဒသမ ၆၄၄ တန်နဲ့ အမေရိကန်ဒေါ်လာ ၁၃၆၃၂၀၀၈ တန်ဖိုးရှိ ဓာတ်ဆီ ၂၂၉၀၄ ဒသမ ၉၄၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် မတ်လ ဓာတ်ဆီ၊ ဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် ၃၇၀၆၀၀ ကျော်ရှိပြီး ဧပြီလ ဓာတ်ဆီ၊ ဒီဇယ်အဝင်စုစုပေါင်းမှာ တန်ချိန် ၂၇၆၄၀၀ ကျော်ရှိတာကြောင့် ဧပြီလမှာ ဓာတ်ဆီ၊ ဒီဇယ်အဝင်စုစုပေါင်း ၉၄၀၀၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။
နယ်စပ်စခန်းဖြစ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ၆၉၁၁ တန်ဖိုးရှိ ဓာတ်ဆီ ၁၀ ဒသမ ၅၀တန် နဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၄၈၁၈၅၀ တန်ဖိုးရှိ ဒီဇယ် ၂၉၄၁ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရောဒီဇယ်ပါ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း   နဲ့(၉၂) တို့ ဈေးငြိမ်နေပြီး (၉၅) မှာဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ကျပ် ၇၀၀၊ အောက်တိန်း (၉၂)ကျပ် ၇၁၀ ၊ အောက်တိန်း (၉၅) ၇၅၅ကျပ်၊ အဆင့်မြင့် ဒီဇယ် ကျပ် ၇၂၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ မေ ၂ရက်မှာ ဒီဇယ် ဝယ်ဈေး ကျပ်၁၄၀၀၀၀၊ ရောင်းဈေး ကျပ် ၁၄၃၀၀၀နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာ မေ ၅ ရက်တွင် ဝယ်ဈေး ကျပ်၁၄၃၀၀၀၊ ရောင်းဈေး ကျပ် ၁၄၅၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့  သိရပါတယ်။  ယခင်သီတင်းပတ်ဈေးနဲ့  နှိုင်းယှဉ်ရင် ဈေးငြိမ်တယ်လို့ သိရပါတယ်။  မေ၂ ရက်မှာ ဓာတ်ဆီဝယ်ဈေး  ကျပ် ၁၆၀၀၀၀၊ ရောင်းဈေး ကျပ် ၁၆၃၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ ဓာတ်ဆီ ဝယ်ဈေး ကျပ် ၁၆၅၀၀၀၊ ရောင်းဈေး ကျပ် ၁၆၈၀၀၀နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါ တယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် ဓာတ်ဆီဈေးနည်းနည်း မြင့်လာတယ်လို့ သိရပါတယ်။ပြင်ပလက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ်ကျပ် ၃၀၀၀၊ ဓာတ်ဆီ တစ်ဂါလံ ကျပ် ၃၅၀၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင်အောက်တိန်း(၉၂)၊အောက်တိန်း(၉၅)၊ ဒီဇယ်နဲ့ အဆင့်မြင့် ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေ တဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (၉၅)တစ်လီတာ ကျပ် ၈၇၀၊ ဒီဇယ်  ကျပ် ၇၄၀၊ အဆင့်မြင့်ဒီဇယ် ကျပ် ၇၆၀၊ အောက်တိန်း (၉၂) ၇၈၅ ကျပ်နဲ့ ရောင်း ချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ် ဖြစ်နေတဲ့ပီပါ ဈေးများမှာ မေ ၂ ရက်မှာ ဒီဇယ်ဝယ်ဈေးကျပ် ၁၄၃၀၀၀၊ ရောင်းဈေး ကျပ် ၁၄၆၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေ ၅ ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ကျပ် ၃၀၀၀ ဈေးကျ ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ မေ ၂ ရက်တွင် ဝယ်ဈေး ကျပ် ၁၆၀၀၀၀၊ ရောင်းဈေးကျပ် ၁၆၅၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ မေလ ၅ရက်တွင် ဝယ်ဈေး ကျပ် ၁၆၃၀၀၀၊ ရောင်းဈေး ကျပ် ၁၆၅၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်ဈေးအနည်းငယ်ကျလာပြီးဓာတ်ဆီဈေး အနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များရဲ့ တစ်ဂါလံဈေးမှာ ဒီဇယ် ကျပ်၃၀၀၀၊ ဓါတ်ဆီ ကျပ်၃၅၀၀ နဲ့ အရောင်းအဝယ် ဖြစ် တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။  ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့တစ်ဂါလံ ဈေးများမှာ ဓာတ်ဆီ ကျပ် ၃၄၀၀၊ အဆင့််မြင့်ဒီဇယ် ၃၄၆၅ ကျပ်၊ အောက်တိန်း(၉၂) ၃၃၇၅ ကျပ်၊အောက်တိန်း(၉၅) ၃၅၅၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင် များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၄၀၀၊ ဒီဇယ် တစ်ဂါလံ  ကျပ် ၃၅၀၀၊ အောက်တိန်း (၉၅)တစ်ဂါလံ ကျပ် ၃၆၀၀နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။                                                                      

     MIRT-DOT     

 

Local Trade News

Pages