မြန်မာ့ အပြည်ပြည်ဆိုင်ရာ ချည်မျှင်နှင့် အထည်အလိပ်ဆိုင်ရာ စက်ပစ္စည်းပြပွဲ ကျင်းပမည်

Fri, 11/23/2018 - 08:20 -- admin_ygn

မြန်မာ-နိုင်ငံတကာဆိုင်ရာ ချည် မျှင်နှင့် အထည်ချုပ်ဆိုင်ရာ စက်မှုလက် မှုပြပွဲကြီးကို လာမည့်လဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိုင်ငံ ချည်မျှင် နှင့် အထည်အလိပ် လုပ်ငန်းရှင်များ အသင်း  (MTMA)  တို့ ပူးပေါင်းကျင်းပ ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ချည်မျှင်နှင့် အထည်အလိပ်ဆိုင်ရာ

နည်းပညာအသစ် များ၊ ဖြတ်စက်များ၊ စက်ချုပ်စက်များ၊ ပုံနှိပ်စက်များ၊ ပန်းထိုးစက်များ၊ ဖိစက် များ၊ ချည်ခင်၊ ကြိုးလွန်းများကို ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
"MTG အနေနဲ့ ပြည်တွင်းဈေး ကွက်အတွက် ကောင်းမွန်စွာချိတ်ဆက် နိုင်ဖို့နဲ့ ထိရောက်သော ဆက်သွယ်ရေး ပလက်ဖောင်းကို တည်ဆောက်လိုပါ တယ်။ အဲဒါကြောငTAJIMA, MGMA နဲ့MTMA  ရဲ့ စီစဉ်သူတွေနဲ့ ပူးတွဲအား ထုတ်ပြီး

ဆောင်ရွက်ခဲ့တာပါ။ ဒီပွဲမှာ နောက်ဆုံးပေါ် နည်းပညာနဲ့ အသိပညာ တွေကိုလည်း ဝေမျှပေးသွားမှာပါ''ဟုMTMA  မှ ဒေါ်အေးအေးဟန်က ပြော သည်။
ပြပွဲတွင် တရုတ်၊ ဂျာမနီ၊ ဟောင် ကောင်၊  အိန္ဒိယ၊  ဂျပန်၊  မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက် နမ်နှင့် ချက်သမ္မတနိုင်ငံ စသည့် နိုင်ငံ ပေါင်း ၁၂၀ မှ လာရောက်ပြသမည်ဖြစ် ပြီး အထည်ချုပ်ပစ္စည်းများ၊ စက်ချုပ် ပစ္စည်းသစ်များနှင့်

နာမည်ကျော် အမှတ် တံဆိပ်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲကို လာမည့်ဒီဇင်ဘာ လ ၆ ရက်မှ ၉ ရက်အထိ ရန်ကုန်ကွန် ဗင်းရှင်းစင်တာတွင် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။
ချောစု

Local Trade News

Pages