မြန်မာနိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်းအရ ကျွမ်းကျင်ပညာရှင်များက စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းလေ့လာမည်

Fri, 03/17/2017 - 07:51 -- admin_ygn

       မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်  တင်ပို့ရောင်းချသူများအသင်း (ဗဟို) သည်  Winrock International  အဖွဲ့အစည်း၏   ကူညီပံ့ပိုးမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ဖရဲ၊ သခွား မွှေး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး စီမံကိန်းကိုUSAID၏ ရန်ပုံငွေဖြင့် ]]မြန်မာနိုင်ငံ  အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံ ကိန်း ၂၀၁၇-၁၈ စီမံကိန်း}}အစီအစဉ် ကို ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ နိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း Up- grading Value Chain for Melon in Dry Zone, Myanmar Project)  ရုံးခန်း ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး မြို့၊ နေရှင်နယ်ရပ်ကွက်မှာ မတ် ၁၃ ရက်တွင် ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
Winrock International မှ စီမံ ကိန်းအရာရှိဖြစ်သည့် Mr.Campbell Dunlop? Ms.Kristine Marie Landau? Ms.Sarah Ingrid Dahnke တို့သည် ချောင်းဦးမြို့နယ်၊ မင်းခေါင်ကျေးရွာ တောကျောင်းကြီးကျေးရွာ၊ မထိသာ ကျေးရွာ၊ သုံးပန်လှကျေးရွာများရှိ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်သူ တောင် သူများနှင့် မတ် ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ တယ်။
အောင်မင်း(တန့်ဆည်)
       

Local Trade News

Pages