မုံရွာ ကုလားပဲ ပြည်တွင်းဝယ်လက် အဆွဲကောင်းလို့ ဈေးဆက်မာ

Wed, 05/25/2016 - 09:25 -- admin_ygn

ပြီးခဲ့တဲ့နှစ်က တွက်ခြေမကိုက်လို့  မုံရွာခရိုင်အတွင်း ကုလားပဲစိုက်ဧက လျော့ခဲ့ကာ ရာသီဥတုဖောက်ပြန်မှု ထပ်ဆောင်းလို့ ဒီနှစ်အထွက်လျော့ခဲ့တဲ့ ကုလားပဲ မှာ ပြည်တွင်းဝယ်လိုအားကောင်းနေလို့အမြင့်ဈေးမှာ ဆက်လက် မာနေ တာ တွေ့ ရပါတယ်။ပြည်တွင်းပဲခွဲခြမ်းဈေး   တစ်ပိဿာ ၂၆၀၀ ကျပ်အထိ ဈေးကောင်းရပြီး အဝယ်လိုက်လို့  ဒေသခံပဲခွဲစက်သမားများ အဝယ်ရှိသလို ပွင့်လင်းရာသီမှာ မုံရွာ ကြာဆန်စက်သမားတွေ ကုန်ချောအတွက် မရှိမဖြစ် ဝယ်နေရလို့ အရောင်းအဝယ် သွက်နေတာဖြစ်တယ်လို့ ကုန်သည်ရပ်ကွက်က ဆိုပါတယ်။ဒါ့အပြင် တပ်မတော်ရိက္ခာ အတွက် တင်ဒါအောင်သူတွေ ဝယ်လက်လည်း ရှိလို့ ဈေးမာနေခြင်းဖြစ်ကာ ယခုတစ်ပတ်အတွင်း ကုလား ပဲဖြူလုံးကြီး  တစ်တင်း ၃၉၃၀၀ ကျပ်၊   တစ်တင်း ၃၈၅၀၀ ကျပ်နဲ့ထိုင်ဝမ်ကုလားပဲတစ်တင်း ၃၈၅၀၀ ကျပ် အသီး သီး ပေါက်ဈေးဖြစ်ပေါ်နေပြီး၊ အရောင်းအဝယ်အားဖြင့်   ကုလားပဲမျိုးစုံ တစ် ရက် အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားဖြစ်ခဲ့ တယ်လို့ ဈေးကွက်က  လေ့လာသိရှိရပါ တယ်။   

                                                                                      
 ထွန်းလှိုင်-မုံရွာ

Local Trade News

Pages