မုံရွာကုန်စည်ဒိုင် မတ်လဒုတိယပတ် ပဲဈေးကွက်ငုံနီဈေး အတက်အကျရှိသဖြင့် အရောင်းအဝယ်မသွက်

Tue, 03/15/2016 - 09:11 -- admin_ygn

                        

 မုံရွာကုန်စည်ဒိုင် မတ်လ ဒုတိယပတ်ပဲဈေးကွက်မှာ ပဲအများစုကျဈေး မှာ တန့်နေကြပေမယ့် ငုံနီကတော့  Export ဝယ်လက်နဲ့ ဒေသခံကုန်သည် တွေ အဝယ်အရောင်း လွန်ဆွဲနေကြလို့ နေ့စဉ်နီးပါး ပေါက်ဈေးပြောင်းလဲခဲ့ တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ငုံနီဟာ တစ်တင်း ၄၀၃၀၀ ကျပ်အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့ကာ ရောင်းလက်အေးလို့ တဖြေးဖြေး တက် ဈေးပေး ဝယ်ယူခဲ့ကြတာကြောင့် ယခုတစ်ပတ်မှာ ၄၂၅၀၀ ကျပ်အထိ ဈေး မြင့်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ လောလောဆယ် မုံရွာငုံနီဈေးကွက်မှာ ဝယ်လက်ကမလိုချင်သလို ရောင်းလိုအားလည်း မများခဲ့ဘူးလို့ ကုန်သည်ရပ် ကွက်က ဆိုပါတယ်။ပဲတီစိမ်းဈေးကွက်အနေနဲ့ စိမ်းကြီးဝယ်လိုအားရှိလို့ ယခုတစ်ပတ်မှာ တစ်တင်း ၃၂၅၀၀ ကျပ်-၃၄၅၀၀ ကျပ် ဈေးမာလာခဲ့ပြီး စိမ်းသေးကတော့ တစ်တင်း ၂၈၅၀၀ ကျပ်၊ ၂၉၀၀၀ ကျပ်မှာ ဈေးငြိမ်နေကာ တစ်ရက်အိတ် ၁၅၀ မှ ၂၀၀ အထိအရောင်းအဝယ်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မတ်ပဲဈေးကွက်မှာတော့ တစ်တင်း ၄၄၅၀၀ ကျပ်အထိ ဈေးအနည်းငယ်မြင့် လာကာ နယ်က ပဲအဝင်ရှိသလောက် ဝယ်လိုအားကောင်းခဲ့တယ်လို့ ဆိုပါ တယ်။ ပြည်တွင်းမှာ ပဲလက်လီနဲ့ လုပ်ငန်းသုံးအဖြစ် ဝယ်လိုအားကောင်းမွန် နေသလို နယ်ကပဲအဝင်မှာ ထင်သလောက် မလှိုင်ခဲ့တာမို့ ယခုတစ်ပတ်မှာ ကုလားပဲမျိုးစုံ ဈေးမြင့်တက်လာတာတွေ့ရပါတယ်။ ယခုတစ်ပတ် ပေါက်ဈေး အနေနဲ့ ထိုင်ဝမ်တစ်တင်း ၂၉၀၀၀ ကျပ်၊929   တစ်တင်း ၂၉၂၀၀ ကျပ်နဲ့ V2  တစ်တင်း ၂၉၀၀၀ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ကာ ပဲမျိုးစုံ တစ်ရက်အိတ် ၇၀၀ ခန့်အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ဒေသတွင်းနဲ့ ပြည်တွင်းပဲလက်လီသုံး အခြားပဲမျိုးစုံတွေ ယခုတစ်ပတ်မှာ ဈေးအသီးသီးအေးခဲ့ရာ ပဲကြီး (ရေ) တစ်တင်း ၂၂၀၀၀ ကျပ်၊ (ကုန်း) ၁၉၀၀၀ ကျပ်၊ စွန်တာနီ   တစ်တင်း ၁၄၃၀၀ ကျပ်၊ ပဲပုပ် တစ်တင်း ၁၅၀၀၀ ကျပ်၊ ၁၆၀၀၀  ကျပ်၊ ထောပတ်ပဲ တစ်တင်း ၁၃၀၀ ကျပ်၊ လွန်းပြာတစ်တင်း ၂၀၀၀၀ ကျပ်၊ မြေထောက်ပဲ တစ်တင်း ၁၄၅၀၀ ကျပ်-၁၆၅၀၀ ကျပ်နဲ့ ပဲယင်းဝါ (ကြီး) တစ်တင်း ၁၄၅၀၀ ကျပ် ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ် ဆက် လက်အေးခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှ လေ့လာသိရှိရပါတယ်။
ထွန်းလှိုင်-မုံရွာ

 

Local Trade News

Pages