မန်ကျည်း တန်ချိန် ၇၀၀ ကျော် တင်ပို့

Tue, 05/10/2016 - 08:09 -- admin_ygn

   ဧပြီ ၂၄ ရက်မှ ၃၀ ရက်သီတင်း ပတ်အတွင်း  မန်ကျည်း ၇၄၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံသို့  ၁၇၅ တန်၊ ပါကစ္စတန်သို့ ၄၂၃တန်၊ စင်ကာပူသို့ ၉၅ တန်နဲ့ ဗီယက် နမ်သို့တန်ချိန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က မန်ကျည်း တန်ချိန်၁၂၀ သာ တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့နှိုင်း ယှဉ်ရင် တန်ချိန် ၆၂၀ ကျော်တင်ပို့မှု ပိုခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၂၂၅၉၂၀ ဝင် ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ဧပြီလအတွင်း မန်ကျည်းစုစု ပေါင်း ၁၄၉၃ တန် တင်ပို့နိုင်ခဲ့ပြီး တင်ပို့ခဲ့တဲ့ နိုင်ငံများမှာစင်ကာပူ၊  ပါကစ္စတန်၊မလေးရှား၊  ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံေ တွကို တင်ပို့ နိုင်ခဲ့တယ်လို့သိရပါတယ်။ မန်ကျည်း တင်ပို့မှုမှ   စုစုပေါင်း  ကန်ဒေါ်လာ ၄၇၈၁၄၀ ဝင်ငွေရရှိခဲ့တယ်လို့  သိရပါ တယ်။
သီတာဝင်း(DOT)

Local Trade News

Pages