မန္တလေး ကုန်စည်ဒိုင်တွင် ပြည်ပပို့ကုန် ပဲမာများ  အရောင်းသွက်၊ ဈေးတက်၊ နယ်စုံမှ မြေပဲဆန်အသစ်များ  ဝင်ရာက်လာ၍ မြေပဲဆန်ဈေးများ လျော့ကျလာ

Tue, 08/30/2022 - 12:21 -- admin_ygn

သြဂုတ်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့  ပဲအသစ်များ ဝင်ရောက်မှုမရှိဘဲ  လက်ကျန်လှောင်လက်ပဲ များသာ  အရောင်းအဝယ်ဖြစ်နေပြီး   တရုတ်နှင့် အိန္ဒိယ နထစသမအ ဝယ်လက်ရှိ၍ ဈေးမြင့်တက်လာကြောင်း     မန္တလေးကုန် စည်ဒိုင်မှ သိရသည်။ မန္တလေးကုန်စည်ဒိုင်သို့ ကျောက်ပန်း တောင်း၊ တပ်ကုန်း၊ ရမည်းသင်း၊ မကွေးနှင့် အောင်လံဘက်မှ ဝင်ရောက်လျက်ရှိပြီး  မြေပဲဆန်အသစ်များ နယ်စုံမှ ထွက် ပေါ်နေ၍  မြေပဲဆန်ဈေးများ ကျဆင်းလာကြောင်း အရည် အသွေးနှင့် အမျိုးအစားပေါ်မူတည်၍ ယခင်တစ်ပတ်ထက် မြေပဲဆန်တစ်ပိဿာ ကျပ် ၃၀ဝ မှ ကျပ် ၁၂၀ဝ အထိ လျော့ ကျလာသည်။
ပဲတီစိမ်း(အညာ) ၅၆ ဒသမ ၂၅ ပိဿာဝင် သုံးတင်း ဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၃၀ဝ၀ဝ မှ ကျပ် ၁၄၅၀ဝ၀ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀ဝ မြင့် တက်လာသည်။
ပဲတီစိမ်း(ခွဲပဲ) ၅၆  ဒသမ ၂၅ ပိဿာဝင် သုံးတင်းဝင် တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၃၀ဝ၀ဝ ‌ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀ မြင့်တက်လာသည်။
မတ်ပဲ ၆၀ ပိဿာဝင်  သုံးတင်းတစ်အိတ်လျှင် ယခု တစ်ပတ်တွင် ကျပ် ၁၈၀ဝ၀ဝ မှ  ကျပ် ၁၉၅၀ဝ၀ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀ မြင့်တက်လာသည်။
ပဲစင်းငုံ(နီ) ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခု တစ်ပတ်တွင် ကျပ် ၁၈၆၀ဝ၀ မှ ၁၈၈၀ဝ၀ ဈေးရှိပြီး ယခင် တစ်ပတ်ထက် ကျပ် ၁၀ဝ၀ မှ ၃၀ဝ၀ မြင့်တက်လာသည်။
ပဲစင်းငုံ(ဖြူ) ၆၀ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ်တွင်  ကျပ် ၁၇၆၀ဝ၀ မှ ၁၇၈၀ဝ၀ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀ မြင့်တက်လာသည်။
မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ် ပတ် ကျပ် ၆၃၀ဝ မှ ၆၄၀ဝ ဈေးရှိပြီး  ယခင်တစ်ပတ်ထက် ကျပ် ၄၀ဝ မှ ၅၀ဝ လျော့ကျလာသည်။
မြေပဲလုံးဆန်(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၄၅၀ မှ ၆၄၀ဝ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၃၀ဝ မှ ၄၅၀ လျော့ကျလာသည်။ 
S1  ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၃၀ဝ မှ ၅၈၀ဝ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၈၀ဝ မှ ၁၂၀ဝ လျော့ကျလာသည်။
အနီဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၇၀ဝ မှ ၅၈၀ဝ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၇၇၅ မှ ၈၀ဝ လျော့ကျလာကြောင်း သိရသည်။
မြင့်မြင့်လှိုင်(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)

 

Local Trade News

Pages