မန္တလေးမြို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှု သီးသန့်အလုပ်အကိုင်ပြပွဲကြီး ကျင်းပမည်

Wed, 05/25/2016 - 06:08 -- admin_ygn

မန္တလေးမြို့အတွက်ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ သီးသန့်အလုပ် အကိုင်ပြပွဲကြီးကို လာမည့်မေ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း  ယင်းအလုပ်အကိုင်ပြပွဲကို ဦး ဆောင်ကျင်းပမည့် work.com.mm  ၏ သတင်းထုတ်ပြန် ချက်များအရသိရသည်။အဆိုပါ အလုပ်အကိုင်ပြပွဲကြီးကို work.com.mm    နှင့်မြန်မာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေးကွန်ရက် ကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့်  Ooredoo  တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး Ooredoo Contact Center Mandalay Recruitment Day ဟုအမည်ပေးထားကြောင်း သိရသည်။ယင်းအလုပ်အကိုင်ပြပွဲကြီးကို လာမည့်မေ၂၈ရက်တွင် မန္တလေးSwan Hotel ၌  နံနက် ၉နာရီ မှ ညနေ ၅နာရီအထိ ကျင်းပ သွားမည်ဖြစ်သည်။   မန္တလေးမြို့တွင်  ယခုလအစော ပိုင်းက အလုပ်အကိုင်ပြပွဲကြီးတစ်ခု  ကျင်းပခဲ့ရာ အလုပ် လျှောက်ထားရန် လာရောက်သူ  ၁၅၃၁ ယောက်နှင့် အခြား စုစုပေါင်း ၂၀၀၀ ဝန်းကျင်ခန့် တက် ရောက်ခဲ့ကြပြီး အထူး သဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊အင်ဂျင်နီယာ နှင့် ပြည်ပအခြေစိုက်  ကုမ္ပဏီကြီးများတွင်  အလုပ်လျှောက် ထားရန် စိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။မန္တလေးမြို့တွင်  အလုပ်အကိုင်  လိုအပ်ချက် များပြား သော်လည်း ယင်းကဲ့သို့ အလုပ်အကိုင်ပြပွဲကြီးများပြုလုပ်မှု နည်းပါးသည့်အတွက် ယခုကဲ့သို့ ဆက်သွယ်ရေးဝန်ဆောင် မှုဆိုင်ရာ  သီးသန့်အလုပ်အကိုင်ပြပွဲကြီးတစ်ခုကို  ပြု လုပ် ကျင်းပပေးရခြင်းဖြစ်ကြောင်းလည်း  အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ် ဆိုဒ် work.com.mm  မှ သတင်း ထုတ်ပြန်ထားသည်။ယင်းပြပွဲတွင်  မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ် ရေးကုမ္ပဏီများထဲမှ  တစ်ခုဖြစ်သော Ooredooကုမ္ပဏီကြီး ၏    Contact Center တွင် တာဝန်ထမ်းဆောင်ရန် Customer Champion ။  Team Leader  နှင့်Manager  ရာထူးများကိုခေါ်ယူသွား မည်ဖြစ်ပြီး ယင်းရာထူးများအတွက် လူအယောက် ၁၀၀ ဝန်း ကျင်ကို ပြပွဲ၌ အင်တာဗျူး၍  တိုက် ရိုက်  အလုပ်ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘွဲ့ရကာစသူများသာမက   အတွေ့ အကြုံရှိသူများ၊ ကျား/မ မရွေးဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်ဖူးသူနှင့် အလုပ် ချိန်အတိုင်း   အလှည့်ကျ  တာဝန်ထမ်းဆောင်နိုင် သူများကို ဦးစားပေးခန့်အပ်သွားမည်ဟုလည်း သိရသည်။အဆိုပါအလုပ်အကိုင်ပြပွဲကြီးသို့ လာရောက်ရန်အတွက် work.com.mm၏  ဝက်ဘ်ဆိုဒ်နှင့် ၤခေနဘသသု တို့တွင် ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်မည့်အပြင် ပြပွဲ ကျင်းပ သောနေ့၌လည်း မိမိတို့၏ အလုပ်လျှောက်လွှာများကို ယူ ဆောင်လာခဲ့ရန်လည်း  လိုအပ်ကြောင်း  သိရသည်။ အသေး စိတ်ကို ၀၉-၂၆၁၆၀၁၀၉၅ သို့ ဆက်သွယ် မေးမြန်းနိုင် ကြောင်း   work.com.mm   မှ သတင်းပြန်ကြားရေးနှင့်ပြည့် သူဆက်ဆံရေး မန်နေဂျာ  မဇင်မာသက်မွန်က ပြောကြား ခဲ့သည်။
မယ်သီတာ

 

Local Trade News

Pages