ဘဏ္ဍာနှစ်အကုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မျှော်မှန်းထားသည့်အတိုင်း ပြည့်မီနိုင်သည်ဟုဆို

Wed, 01/13/2016 - 05:07 -- admin_ygn

ယခုဘဏ္ဍာနှစ်အကုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မျှော်မှန်းထားသည့်အတိုင်း အမေရိကန်ဒေါ်လာခြောက် ဘီလီယံအထိရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏  သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်ဆုံးချိန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ လေးဘီလီယံအထိ ရောက်ရှိနေပြီဖြစ်ပြီး ဘဏ္ဍာနှစ် ကုန်ဆုံးချိန်ဖြစ်သည့် ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်တွင် မျှော်မှန်းထားသည့် အမေရိကန် ဒေါ်လာခြောက်ဘီလီယံအထိရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိ ကန် ဒေါ်လာလေးဘီလီယံအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ပိုမိုတိုးတက်လာ ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိရသည်။ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ် လုပ်မှု ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတွင် ယခင်ကထက် ပိုမိုတိုးတက်လာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏သတင်း ထုတ်ပြန်ချက်များအရ သိရသည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှာအများဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာကာ ရင်းနှီးမြှုပ်နှံမှုပမာဏတွင် တတိယနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။ယင်းသို့ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးတက်လာခြင်းကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု ကိုတိုးတက်စေပြီး အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း တိုးတက်လာစေနိုင်သည်ဟု ဆိုသည်။၂၀၁၆ ခုနှစ် မတ်လနောက်ပိုင်းတွင်တာဝန်ယူမည့် အစိုးရသစ်လက်ထက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာနိုင်ပြီး နိုင်ငံရေးတည်ငြိမ်မှုရှိလာ သည်နှင့်အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း ယခုထက်ပိုမိုတိုးတက်လာနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
မယ်သီတာ

Local Trade News

Pages