ပြည်မြေပဲဆန် ဝင်အားကောင်းသလောက်အရောင်းအဝယ်ဖြစ်ပြီး ဈေးကျလာ

Mon, 09/19/2016 - 07:27 -- admin_ygn

ယခုတစ်ပတ်ပြည်ဈေးကွက်တွင်  မြေပဲဆန်အိတ်  အများအပြားဝင်ရောက်လာ  သဖြင့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ပြည်၊ အောင်လံကြားကျေးရွာများ နဲ့ မြန်အောင်၊ ကြံခင်း၊ ဝက်ထီးကန်၊ပေါက်ခေါင်း၊ ပေါင်းတလည် ဘက်မှ တစ်နေ့ လျှင် အိတ် ၂၅၀၀ မှ ၃၀၀၀ အထိ ဝင်ရောက်လာတဲ့အတွက်   ဈေးကွက်တွင် ပဲလက် ကျန် များလာတာတွေ့ရပါတယ်။ပဲလက်ကျန်များလာသဖြင့် ဈေးနှုန်းကျလာတာ တွေ့ရပါတယ်။ ယခင်တစ် ပတ်ထက်စာလျှင် ယခုတစ်ပတ်မှာ လုံးဆန် အဝင်ပိုများလာ ခဲ့ကာ လုံးဆန်ကို ရန်ကုန်ဆီစက်များက အဝယ်ရှိပြီးဆီဆန်ကိုမကွေးဆီစက်နဲ့ပြည်ဆီ စက်များက အဝယ်ရှိနေပေမယ့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ယခု တစ်ပတ် တွင် မြေပဲဆီ ဆန်ဈေးမှာ တစ်ပိသာလျှင် ၁၅၀၀ကျပ်နှင့်လုံးဆန်တစ်ပိသာလျှင် ၂၁၀၀ ကျပ်ဖြင့် ဈေးကျလာ သလို မြေပဲဆီဈေးမှာလည်း တစ်ပိသာလျှင် ၄၅၀၀ ကျပ်ဖြင့် တစ်ပိသာလျှင် ကျပ် ၃၀၀ ဈေးကျလာတာတွေ့ရပါတယ်။
  ဝေေ၀မင်း

Local Trade News

Pages