ပြည်ထောပတ်ပဲ ဈေးအေးအေးနဲ့ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်

Wed, 05/04/2016 - 03:32 -- admin_ygn

   ပြည်ထောပတ်ပဲသီးနှံမှာ ယခုလကုန်ပတ်အတွင်း ပဲအဝင်သိပ်မရှိတော့ ဘဲ တစ်ရက်အိတ် ၃၀မှ ၇၀ခန့်သာဝင်ရောက်ခဲ့ပြီး လက်ကျန်ပဲသိပ်မရှိတော့တဲ့ အတွက်ဝင်လာသမျှပဲများအားလက်လီသမားတွေ အဝယ်ရှိခဲ့ကြပါ တယ်။ပဲဈေးနှုန်းမှာပဲဈေးကွက်အတွင်းဈေးအနိမ့်ဆုံးရခဲ့တာကြောင့်  တစ် တင်း ၁၅၀၀၀ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သြင်္ကန်မတိုင်မီ ကာလဈေးမှာ တစ်တင်း ၁၃၅၀၀ကျပ်သာ ရရှိခဲ့လို့ယခုလကုန်မှာ ဈေးမြင့်တက် လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ထောပတ်ပဲသီးနှံဟာ ပဲသစ်ပေါ်ချိန်မှစ၍ယခုချိန်အထိ ဈေးအေးအေးနဲ့ ကျပ်၂၀၀၀၀ အောက်သာရရှိခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုနှစ်ဈေးအေးခဲ့တဲ့သီးနှံဖြစ်ခဲ့တယ်လို့သိရပါတယ်။

ခင်ဆွေဝင်း-ပြည်

 

Local Trade News

Pages