ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များအား ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသား ကျောက်များရောင်းချ

Wed, 03/29/2017 - 07:53 -- admin_ygn

     သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီက ပြည်တွင်းကျောက် မျက်လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင် ရေး၊ ကျောက်စိမ်း အချော ထည် လုပ်ငန်း များ ဖွံ့ဖြိုးရေး၊ ကျောက်စိမ်းအသား ကျောက်များ တရားမဝင် ရောင်းချမှု လျော့နည်းရေး၊ ကျောက်စိမ်းအချော ထည်များ ပြည်ပဈေးကွက်သို့ တိုးမြှင့် ရောင်းချနိုင်ရေး စသည့် ရည်ရွယ်ချက် များဖြင့် မြန်မာနိုင်ငံသား ကျောက် မျက်လုပ်ငန်းရှင်များအား မြန်မာကျပ် ငွေဖြင့် ရောင်းချမည့်၂၀၁၇ ခုနှစ် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များရောင်းချပွဲကို မတ် ၁၉ ရက်မှ ၂၄ ရက်အထိ နေပြည်တော် မဏိရတနာ ခန်းမတွင် ကျင်းပ ခဲ့သည်။ အဆိုပါရောင်းချပွဲသို့ အမျိုးသားလွှတ် တော် သတ္တု၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ  ဥက္ကဋ္ဌ   ဦးကျော်သီဟနှင့် အဖွဲ့ဝင်များက    လာရောက်လေ့လာ အားပေးကြသည်။
    ကျောက်မျက်ရိုင်း ဈေးနှုန်း အဆို ပြုလွှာများကို မတ် ၁၉ ရက်နှင့်၂၀ ရက်တို့တွင် တင်သွင်းကြပြီး မတ် ၂၁ ရက်တွင်     အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသည်။    ကျောက်စိမ်း အသားကျောက်အတွဲများ ပြသရောင်း ချရာတွင် အတွဲ ၁ မှ ၁၅၀၀အထိကို မတ်၂၁ရက်တွင် ဈေးနှုန်းပေးသွင်းလွှာ ထည့်သွင်းပြီး ဝယ်ယူခွင့်ရသူများကို မတ်၂၂ ရက်တွင်လည်းကောင်း၊ အတွဲ အမှတ် ၁၅၀၁ မှ ၃၀၀၀အထိကို မတ် ၂၂ရက်တွင် ဈေး နှုန်းပေး သွင်း လွှာထည့် သွင်းပြီး ဝယ်ယူခွင့်ရသူများကို မတ် ၂၃ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၃၀၀၁ မှ ၄၄၅၄ အထိကို မတ် ၂၃ ရက် တွင် ဈေးနှုန်းပေးသွင်းလွှာ ထည့်သွင်း ပြီး မတ် ၂၄ ရက်တွင်လည်းကောင်း ဝယ်ယူခွင့်ရရှိသူများ၏    စာရင်းများ ထုတ်ပြန်၍   ရောင်းချပေးခဲ့ကြောင်း သိရသည်။
   မြန်မာနိုင်ငံအတွင်း၌ ကျောက် မျက်၊ ကျောက်စိမ်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများရှိနေပြီး ၎င်းင်းတို့မှာ ကျောက် စိမ်းအရိုင်းတုံးများအား တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည် တွင်း/ပြည်ပသို့ တင်ပို့ရောင်းချနေသူ များဖြစ်ကြောင်း၊ ထို့ကြောင့် အချော ထည်လုပ်ငန်းများ အဆင်ပြေစွာ လုပ် ကိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခု ကဲ့သို့ မြန်မာကျပ်ငွေဖြင့် ပြည်တွင်းလုပ် ငန်းရှင်များအား ကုန်ကြမ်းများ ရောင်း ချပေးခြင်း ဖြစ်ကြောင်း ပြပွဲ ကျင်း ပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။ကျောက်မျက်ရိုင်းနှင့် ကျောက် စိမ်းအသားကျောက်များ ရောင်းချပွဲသို့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မိုးကုတ် မြို့များရှိ ကျောက်မျက်လုပ်ငန်းရှင်များ၊ ကျောက်စိမ်း အချော ထည် လုပ်ငန်းရှင် များ လာရောက် လေ့လာဝယ်ယူကြ ကြောင်း သိရသည်။

သီဟကိုကို(မန္တလေး)

 

Local Trade News

Pages