ပြည်စားတော်ပဲသစ်ဝင်ရောက်ပြီး ပဲဟောင်းဆက်ဈေးလျော့နေ

Tue, 03/01/2016 - 05:08 -- admin_ygn

  
ဖေဖော်ဝါရီလကုန် ပြည်ပဲဈေးကွက်သို့ စားတော်ပဲသစ်များ ဝင်ရောက်လျက် ရှိပြီး၊ တစ်ရက် အိတ် ၄၀ ကျော်မှ ၅၀ အထိ ဝင်လာခဲ့တာကို တွေ့ရပါတယ်။ ပြည် ခရိုင်အတွင်း  စားတော်ပဲသီးနှံမှာ စိုက်ပျိုးထွက်ရှိမှု နည်းတဲ့အတွက် နယ်စုံမှဝင် ရောက်ခြင်းမရှိဘဲ ပြည်အနီးတစ်ဝိုက်ဒေသများမှသာ ဝင်ရောက်ခြင်းဖြစ်ပါတယ်။ပဲဈေးမှာ နှစ်စဉ်ဈေးကောင်းရနေသလို ယခုနှစ်မှာလည်း ဈေးကောင်းခဲ့တဲ့ အတွက် တစ်တင်း ၃၃၀၀၀ ကျပ်ဖြင့် ရရှိခဲ့ကာ လက်လီ သမားများ  အဓိကထား ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ပဲဟောင်းဈေးမှာ  ယခင်တစ်ပတ်အထိ  တစ် တင်း ၃၈၀၀၀ ကျပ်ရရှိခဲ့တဲ့အတွက် ပဲသစ်ဈေးကတော့  ပဲဟောင်းထက်ဈေးလျော့ နည်း အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဆွေဝင်း-ပြည်

Local Trade News

Pages