ပေ ၂၀ ကွန်တိန်နာတစ်လုံးလျှင် တစ်ရက် ကျပ်ငါးထောင်နှင့် ပေ ၄၀ ကွန်တိန်နာတစ်လုံးလျှင် တစ်ရက် ကျပ် တစ်သောင်းအဖြစ် ရက်လွန်ကြေးပေးသွင်းရန် သတ်မှတ်

Wed, 05/18/2016 - 08:32 -- admin_ygn

ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်ရောက်ရှိနေပြီး ထုတ်ယူရန်ရက်လွန်နေသည့်ကွန်တိန်နာမျာအား ရက်လွန်ကြေးအဖြစ် ပေ ၂၀ ကွန် တိန်နာ တစ်လုံးလျှင် ကျပ်ငါးထောင်နှင့် ပေ ၄၀ ကွန်တိန်နာတစ်လုံး လျှင် ကျပ်တစ်သောင်းပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ တင်သွင်းရန် ရောက်ရှိလာသည့် ပြည်ပမှသင်္ဘောကြီးများသည် သက်ဆိုင်ရာဆိပ်ကမ်းများသို့ ဆိုက်ကပ်ရန်  အတွက် ရန်ကုန်မြစ်ဝတွင် ၇ ရက်မှ ၁၀ ကြာစောင့်ဆိုင်းနေရသည့်အတွက် ကြန့်ကြာမှုများဖြစ်နေရကြောင်း၊ ထိုကဲ့သို့ ကြန့်ကြာနေမှုများအတွက် သင်္ဘော ကုမ္ပဏီများအနေဖြင့် တစ်ရက်လျှင် ဒေါ်လာတစ်သောင်းခန့်ပေးချေနေရသဖြင့် အပိုကုန်ကျမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ထို့ပြင် ဆိပ်ကမ်းတွင်ချထားပြီးသော ကွန်တိန်နာများမှာလည်း နှစ်ပတ်အတွင်း ပြီးပြတ်အောင် ထုတ်ယူခြင်းမရှိမှုများကြောင့် ရန်ကုန်မြို့ရှိဆိပ်ကမ်းရှစ်ခု အနက် မြန်မာ စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းတို့တွင် ကွန်တိန်နာပြည့်ကျပ်နေကာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ဆိပ်ကမ်းများတွင်စုပုံနေသည့် ကွန်တိန်နာများအား အမြန်ဆုံးလာရောက် ထုတ်ယူနိုင်ရေးနှင့် ကွန်တိန်နာရက်လွန်ကြေးများအား နှုန်းထားအမျိုးမျိုးဖြင့် ကောက်ခံနေမှုများအား တားဆီးနိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ ရက်လွန်ကြေး ကို ကျပ်ငါးထောင်နှင့်ကျပ်တစ်သောင်းဟူ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Local Trade News

Pages