ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင်Sale Contract နှင်Invoice ပါ ဈေးနှုန်းနှင့်တန်ဖိုးများအား မမှန်မကန်ဖြည့်သွင်းပါက အရေးယူဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ

Tue, 07/18/2017 - 07:57 -- admin_ygn

(ယခင်တစ်ပတ်မှအဆက်)
(ခ)    စစ်ဆေးရေးအဖွဲ့၏ လိုလားချက်အရ  ပစ္စည်းသို လှောင်ရုံသို့  သွားရောက်စစ်ဆေးနိုင်ရေး ကူညီပေး ရန်နှင့် နမူနာပစ္စည်းအတွက်လည်းကောင်း၊ ဓာတ်ပုံ မှတ်တမ်းရယူရန်အတွက်လည်းကောင်း ပံ့ပိုးကူညီ ပေးရန်။
(ဂ)    ဈေးနှုန်းစိစစ်ရန်   လိုအပ်မှုအတွက် တစ်ဖက်နိုင်ငံ ကုမ္ပဏီ၏လိပ်စာ၊ Email Account တို့ကို တင်ပြ ပေးရန်။    
အရေးယူဆောင်ရွက်မှု
ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့များမှ စိစစ်ပြီးမမှန်မကန် ဖော်ပြလျှောက်ထားမှုများကို ဖော်ထုတ်တွေ့ရှိရပါက ဒဏ်ငွေ ချမှတ်သည့် အပိုင်းသာမက ၎င်းင်းတို့ယူသွားသည့် အရာထက် အဆအတော်များများဒဏ်ရိုက်ပြီး နိုင်ငံတော်သို့ ပြန်ထေမိအောင် နှင့်နောက်လူများလည်း မလုပ်ရဲအောင် အောက်ပါအတိုင်းအရေး ယူမှုများ ပြုလုပ်ရမည်-
(က)    ကုမ္ပဏီများအနေဖြင့် မမှန်မကန် ဖော်ပြလျှောက် ထားမှုများကို စိစစ်တွေ့ရှိရပါက လိမ်လည်တင်ပြ ခြင်းအတွက် ရာဇသတ်ကြီးပုဒ်မ (၄၆၃)၊ (၄၆၄) (၄၆၈)တို့ဖြင့် အရေးယူခြင်း (သို့မဟုတ်) ပို့ကုန်၊ သွင်းကုန် ဥပဒေအရ အရေးယူခြင်း၊ အခွန်တိမ်း ရှောင်မှုအတွက် ပြည်တွင်း အခွန်များဦးစီးဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူခြင်း။
(ခ)     မမှန်မကန်ဖော်ပြလျှောက်ထားသော ကုမ္ပဏီများ အား ပထမအဆင့်အနေဖြင့် သတိပေးခြင်း၊ ဒုတိယ အဆင့် ဝန်ခံလက်မှတ်ရေးထိုးခြင်း၊ တတိယအဆင့် အနေဖြင့် ဥပဒေအရ ကွာဟအခွန်ငွေများ ပြန်လည် ပေးသွင်းစေပြီး ထိုက်သင့်သော ပြစ်ဒဏ်များချမှတ် ဆောင်ရွက်ခြင်း။
(ဂ)    မမှန်မကန်ဆောင်ရွက်ကြောင်း စစ်ဆေးပေါ်ပေါက် သည့် ကုမ္ပဏီနှင့်ယင်းကုမ္ပဏီတွင်ပါရှိသော ဒါရိုက် တာအဖွဲ့ဝင်များ၊ ၎င်းင်းကုမ္ပဏီနှင့်ဆက်နွယ်ဖွဲ့စည်းထားသည့် အခြားကုမ္ပဏီများကို စစ်ဆေးရေးအဖွဲ့မှ စိစစ်ရာတွင် မမှန်မကန် ဆောင်ရွက်ထားကြောင်း ဆက်လက်စိစစ်တွေ့ရှိရပါက အရေးယူမှုများ ပြု လုပ်ခြင်း။
(ဃ)    သက်ဆိုင်ရာ  ကုမ္ပဏီ၏  လုပ်ငန်းဆောင်ရွက်မှု အပေါ် မမှန်မကန်ဆောင်ရွက်ခဲ့သည့် ဈေးနှုန်းအား မှန်ကန်သည့် ဈေးနှုန်းဖြင့် အမှန်ပြန် ဆောင်စေ၍ ကျသင့်အခွန်အပေါ် ဒဏ်ကြေးသတ်မှတ်၍ နောက် ကြောင်းပြန်ခုနစ်နှစ်အထိ လုပ်ငန်းဆောင်ရွက်မှု များကို ထပ်မံစိစစ်ဖော်ထုတ် အရေးယူမှု ဆောင် ရွက်ရမည်။    
(င)    ဆက်လက်စစ်ဆေး၍ ကုမ္ပဏီအား စိစစ်ရာတွင် မှန်ကန်စွာ ဆောင်ရွက်ထားရှိမှုရှိကြောင်း စိစစ် တွေ့ရှိရပါက လူပုဂ္ဂိုလ်^ကုမ္ပဏီအား  ပို့ကုန် သွင်း ကုန် ဥပဒေအရ  အရေးယူခြင်းမှ ကင်းလွတ်ခွင့်ပေး ခြင်းအပြင် ကုမ္ပဏီ၏  မှန်ကန်စွာ ဆောင်ရွက်မှုရှိ ကြောင်းကို မီဒီယာမှ ကျယ်ကျယ်ပြန့်ပြန့် ကြေညာ ပေးရမည်။
(စ)    အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်း စစ် ဆေးခြင်း လုပ်ထုံးလုပ်နည်းဖြင့် စိစစ်ပြီး မမှန်မကန် ဖော်ပြဆောင်ရွက်သည့် ကုမ္ပဏီများကိုလည်း ဈေး နှုန်းမမှန်မကန် ဖော်ပြဆောင်ရွက်ခြင်းများပါရှိကလုပ် ထုံးလုပ်နည်းနှင့် အညီအရေးယူဆောင်ရွက်ရမည်။
(ဆ)    တင်ပို့တင်သွင်းသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်း မမှန်မကန်ဖြစ်စေရန် ကုမ္ပဏီ၏ ဆောင်ရွက်မှုတွင် ဝန်ထမ်းများ ပါဝင်ပတ်သက်မှုရှိကြောင်း၊ စိစစ်တွေ့ ရှိရပါက သက်ဆိုင်ရာဝန်ထမ်းအား တည်ဆဲဥပဒေ အရ အရေးယူ ဆောင်ရွက်ရမည်။
ကုမ္ပဏီများကို မှတ်တမ်းတင်ခြင်း
ကုမ္ပဏီများအနေဖြင့်Honour ရှိရှိ လိုင်စင် တင်ပြလျှောက် ထားမှုများရှိသကဲ့သို့ နိုင်ငံတော် အပေါ် ပေးဆောင်ရမည့်အခွန်ကို တိမ်းရှောင်လို၍ ဈေးနှုန်းလျော့နည်းဖော်ပြမှုများလည်း  ရှိလာ နိုင်သဖြင့် ဈေးနှုန်းမှန်ကန်ရေး စိစစ်မှုအဖွဲ့များ၊ လုပ်ငန်းကော် မတီနှင့် ဦးစီးကော်မတီတို့၏ ယုံကြည်ရမှုအပေါ်မူတည်၍ကုမ္ပဏီ အဆင့်အတန်း ခွဲခြားသတ်မှတ်၍ အုပ်စုအလိုက် ခွဲခြား မှတ် တမ်းတင်ထားရှိရမည်။ မှန်မှန်ကန်ကန်ဆောင်ရွက်သည့် ကုမ္ပဏီ များအား Commerce  Journal၊ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ  Website  တို့တွင်  ထည့် သွင်းဖော်ပြပေးသွားမည်။
မှတ်တမ်းတင်ထားရှိသော   ကုမ္ပဏီများမှ မမှန်မကန် ဆောင်ရွက်မှုများရှိပါက တိကျခိုင်လုံသော အထောက်အထား များဖြင့် တိုင်ကြားလာခြင်းကို လက်ခံစိစစ်ရမည်။ အုပ်စုအလိုက် ခွဲခြားခံရသည့် ကုမ္ပဏီများသည် ပိုမိုကောင်းသော အုပ်စုဝင်ဖြစ် လာရေး ကြိုးစားဆောင်ရွက်ရမည်။ မမှန်မကန် ဖော်ပြသည့် ကုမ္ပဏီများကို နောင် ယင်းကဲ့သို့သောလုပ်ရပ်များ မဆောင်ရွက် နိုင်ရေးနှင့် ကျန်ကုမ္ပဏီများအတွက် စံနမူနာဖြစ်သည်အထိ ထိရောက်စွာအရေးယူရမည်။
အုပ်ချုပ်မှု ထောက်ပံ့မှု
ဈေးနှုန်းမှန်ကန်ရေး စိစစ်မှုအဖွဲ့များ၏ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အုပ်ချုပ်မှု ဆိုင်ရာ ပံ့ပိုးမှုများကို အောက်ပါအတိုင်း ဆောင်ရွက်ပါမည်-
(က)    စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ရုံး အမိန့်စာ ထုတ်ပြန်ပေးရမည်။    
(ခ)     ကုမ္ပဏီသို့ စစ်ဆေးမှုအတွက် စစ်ဆေးရေးအဖွဲ့၏ ကုန်ကျစရိတ်အား နေ့စဉ်နှုန်းထား သတ်မှတ်ပေး ထား၍ နိုင်ငံတော်၏ အစီအစဉ်ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီ၏ဒဏ်ကြေးမှ ကျခံပေးရန်။    
(ဂ)    ကုမ္ပဏီ၏ မမှန်မကန် ဆောင်ရွက်မှု အခြေအနေ အား ပေါ်ပေါက်အောင် စစ်ဆေးဖော်ထုတ်ပေးနိုင် သည့် စစ်ဆေးရေးအဖွဲ့အား   နိုင်ငံတော်သို့ ပေး သွင်းသည့် ဒဏ်ကြေးမှ ထိုက်သင့်သည့်ဆုကြေးများ ကို ချီးမြှင့်နိုင်ရေး ဆောင်ရွက်ရမည်။
ကြီးကြပ်ကွပ်ကဲမှု
ဈေးနှုန်းစိစစ်မှု  ဦးစီးကော်မတီ၏  ရုံးအဖွဲ့ကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည်။
ကုန်သွယ်ရေးစခန်းများ၊ ပို့ကုန်သွင်းကုန် လိုင်စင်ထုတ် ပေးသောရုံးများ၊ လေဆိပ်၊ ရေဆိပ်များမှ တင်ပို့တင်သွင်းသည့် ကုန်ပစ္စည်းများအလိုက် ကုမ္ပဏီများအပေါ် ဈေးနှုန်းစိစစ်မှုများကို ဈေးနှုန်းစိစစ်မှု ဦးစီးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက် ပါမည်။
ဆက်သွယ်ရေး
ဈေးနှုန်းမှန်ကန်ရေး စိစစ်မှုဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီနှင့် ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးသည့် ရုံးချုပ်၊ ကုန်သွယ်ရေးစခန်းများ၊ ပို့ကုန်သွင်းကုန်ရုံးခွဲများသည် နေ့စဉ် ဆက်သွယ်မှုကို သတ်မှတ်ထားသည့် ရုံးသုံးလက်ကိုင်ဖုန်း၊ Online တို့မှ အချိန်သတ်မှတ်ချက်ပေး၍ ဆက်သွယ်ပါမည်။ ထူးခြားမှု ဖြစ်စဉ်နှင့် လုပ်ငန်းဆောင်ရွက်မှုများအား ဖုန်း၊ ကြေးနန်းတို့ဖြင့် အကြောင်းကြားခြင်းများ၊ တင်ပြခြင်းများ ဆောင်ရွက်ပါမည်။
အထွေအထွေအပိုင်း
ဈေးနှုန်းမှန်ကန်ရေး  စိစစ်မှုအဖွဲ့မှ စစ်ဆေးမည့် အစီ အစဉ်၊ လုပ်နည်းစနစ် ၊ အရေးယူဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လုပ် ငန်းဆောင်ရွက်မှုမစမီ  မီဒီယာမှ   နည်းလမ်းမျိုးစုံဖြင့် သုံးလ ကြိုတင် ကြေညာအသိပေးဆောင်ရွက်ရမည်။
နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများ၊ ပို့ကုန် သွင်းကုန်ရုံးများ၊ လေဆိပ်၊ ရေဆိပ်များမှ  ဈေးနှုန်းမှန်ကန်ရေး  စိစစ်မှုအဖွဲ့များ၏ လစဉ်ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတော်မှ အခွန်ပြန်ရမှု၊ ကုမ္ပဏီ အား အရေးယူမှု၊ ဆက်စပ်ကုမ္ပဏီအား အရေးယူမှု၊ လူ၊ ပုဂ္ဂိုလ် အရေးယူမှု အခြေအနေများကို ဦးစီးကော်မတီသို့ လစဉ်ပြန် တမ်းပေးပို့ရမည်။
ဈေးနှုန်းစိစစ်မှုဦးစီးကော်မတီ၏ သုံးလတစ်ကြိမ် ပုံမှန် အစည်းအဝေးကို ဆောင်ရွက်ပြီး  အရေးပေါ်ကိစ္စများရှိပါက သီးခြားဖိတ်ကြားဆွေးနွေးမှုများ ဆောင်ရွက်ကာ အားသာချက်၊ အားနည်းချက် ဖော်ထုတ်ခြင်း၊ လိုအပ်သည့် လုပ်နည်းစနစ်များ ထပ်မံဖြည့်စွက်ခြင်း၊ ရလဒ်များ အပေါ်အထက်ဌာနသို့တင်ပြခြင်း တို့ကို ဆောင်ရွက်ရမည်။
လုပ်ထုံးလုပ်နည်းများကို စိစစ်တွေ့ရှိမှု များအပေါ်အခြေခံ ၍ ပြန်လည်ပြင်ဆင်ခြင်းများ ဆောင်ရွက်မည်။

 

Local Trade News

Pages