ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Sale Contract နှင့် Invoice ပါ ဈေးနှုန်းနှင့် တန်ဖိုးများအား မမှန်မကန်ဖြည့်သွင်းပါက အရေးယူဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ

Tue, 07/11/2017 - 04:34 -- admin_ygn

(ယခင်တစ်ပတ်မှအဆက်)

ဈေးနှုန်းစိစစ်ရေးလုပ်ငန်းစဉ်
ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့သည် အောက်ပါလုပ်ငန်း စဉ်များကို ဆောင်ရွက်ရမည်-
(က) လိုင်စင်ခွင့်ပြုသောဌာနခွဲများမှ ဈေးနှုန်းပြန်လည် စိစစ်ရန် ပေးပို့လာသော ကုမ္ပဏီများအပေါ်  စစ်ဆေးရမည့် ကုန် ပစ္စည်းကို  စိစစ်ရွေးချယ်ပြီးကုမ္ပဏီအလိုက် လိုင်စင်အလိုက် စာရင်းကောက်ယူခြင်း။
( ခ ) ခိုင်လုံသော အထောက်အထား စာရွက်စာတမ်းများ  စုဆောင်းခြင်း၊ စစ်ဆေးခြင်း၊မြေပြင်တွေ့ရှိချက်နှင့်စစ်ဆေးခြင်း၊ ငွေပေးချေမှုဆိုင်ရာ အဝင်/အထွက်စာရင်းများကို စစ်ဆေးခြင်း၊ စစ်ဆေးမှုများအပေါ် ပြန်လည်သုံးသပ်၍ အစီရင်ခံစာရေးသား တင်ပြခြင်း။
( ဂ )နယ်စပ်စခန်းများ၊ပို့ကုန်သွင်းကုန်ရုံးခွဲများနှင့်ရေဆိပ်၊ လေဆိပ်တို့မှ  တင်ပို့^တင်သွင်းမှုများအပေါ်    အဆင့်ဆင့် ပြန်လည်စိစစ်မှုများအရ    လျှောက်ထားဈေးနှုန်းများသည် မှန်ကန်မှုမရှိကြောင်း  စိစစ်တွေ့ရှိပါက အရေးယူမှုလုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်ခြင်း။
(ဃ) ဈေးနှုန်းစိစစ်မှုများ ပြုလုပ်ခဲ့သည့် ကုမ္ပဏီအပေါ် အရေးယူဆောင်ရွက်နေမှုအခြေအနေကို ပြည်သူသို့ အချိန်နှင့် တစ်ပြေးညီ သိစေရန်နှင့်ပွင့်လင်းမြင်သာမှုရှိကြောင်း မီဒီယာမှ နည်းလမ်းမျိုးစုံဖြင့်အချိန်နှင့်တစ်ပြေးညီ  ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်း။
လုပ်နည်းစနစ်
ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့သည် ရုံးချုပ်၊ ကုန်သွယ်ရေးစခန်းများနှင့်ပို့ကုန်သွင်းကုန်ရုံးများ၏  လိုင်စင်ထုတ်ပေးမှု များအပေါ် စစ်ဆေးခြင်းနှင့်  (ED/ID) အရ ဈေးနှုန်းလျော့နည်းစွာ ဆောင်ရွက်ခဲ့သည့်ကုမ္ပဏီများကိုစစ်ဆေးခြင်း၊ တိုင်ကြားချက် များအရ စစ်ဆေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အောက်ပါ အဆင့်အလိုက် ဈေးနှုန်းစိစစ်မှု များကို ဆောင်ရွက်ရမည်-
    (က)    ရွေးချယ်သည့်အဆင့်
    (၁)    သတင်းအချက်အလက်စုဆောင်းခြင်း
    (၂)    ဆုံးရှုံးမှုဖြစ်နိုင်ချေများသော    အလားအလာပေါ် မူတည်၍ကုန်ပစ္စည်းရွေးချယ်စိစစ်ခြင်း။
    (ခ)    စိစစ်သည့်အဆင့်
    (၁)    အဓိကကျသော ကုန်ပစ္စည်းအမယ်ရွေးချယ်ခြင်း
    (၂)    ကုမ္ပဏီအလိုက်  စိစစ်ခြင်း
    (၃)    ကနဦး ဆက်သွယ်ခြင်း        
    ( ဂ )    အကဲဖြတ်ခြင်းနှင့်အစီရင်ခံ တင်ပြခြင်းအဆင့်
        (၁)    စစ်ဆေးခြင်းရလဒ်အပေါ်  ပြန်လည်သုံးသပ် ခြင်း၊ အကဲဖြတ်ခြင်း
        (၂)    အစီရင်ခံစာရေးသားတင်ပြခြင်းရွေးချယ်သည့်အဆင့်
ကုန်ပစ္စည်းရွေးချယ်သည့်အဆင့်တွင်   အောက်ပါလုပ်ငန်း စဉ်များကို ဆောင်ရွက်ရမည်-
(က)ပင်လယ်ရေကြောင်း/နယ်စပ်ဒေသများတွင် တင်ပို့/တင်သွင်းဆောင်ရွက်သည့် လိုင်စင်၊ED/ ID တန်ဖိုးများမှ အဓိက ပို့ကုန်၊ သွင်းကုန်ဆောင်ရွက်သည့် အုပ်စုအလိုက်မှ လစဉ်အမယ် များကို ဦးစားပေးသတ်မှတ်၍ ပြန်လည်စိစစ်မှုများ (Re-check) ပြုလုပ်ရန်။
(ခ)    လိုင်စင်နှငED/ID ခွင့်ပြုထုတ်ပေးသည့်ရုံးများမှဈေးနှုန်းCheck   ပြုလုပ်၍ မသင်္ကာသည့်ဈေးနှုန်းများအရ  သီးခြား မှတ်တမ်းတင်ထားသည့်   ပြန်လည်စိစစ်ရန်  ပေးပို့လာသော ကုမ္ပဏီများ၏ တင်သွင်း/တင်ပို့လိုင်စင်များကို ဦးစားပေးစိစစ်ရန်။
(ဂ)ကုန်သွယ်ရေးစခန်းများတွင်  အဓိက  သွင်းကုန်ပစ္စည်း တင်သွင်းမှုများတွင်  စခန်းရှိ အမှန်ပို့သွင်းစိစစ်ချက်များမှ ပေးပို့ သည့် ဈေးနှုန်းနည်းနေသည့် ကုန်ပစ္စည်းများကို ဦးစားပေးအဆင့် သတ်မှတ်၍ စစ်ဆေးခြင်းနှင့်လိုင်စင် သက်တမ်းခြောက်လ ကုန် ဆုံးပြီးသည့် သွင်းကုန်အုပ်စုအလိုက် ဈေးနှုန်းအနိမ့်ဆုံး အမယ် သုံးမျိုး တင်သွင်းသည့် ကုမ္ပဏီများကို တစ်လနှစ်ကြိမ် စိစစ်ခြင်း နှင့် တိုင်ကြားမှုပြုထားသည့် ကုမ္ပဏီ များ၏တင်ပို့တင်သွင်းသည့် ကုန်ပစ္စည်းများ၏လိုင်စင်နှင့်(ED/ID))အရ ဈေးနှုန်းများကိုဒုတိယ ဦးစားပေးဆောင်ရွက်ရန်။
(ဃ) ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ပို့ကုန်၊ သွင်းကုန် လိုင်စင်ထုတ်ပေးသည့် ရုံးများမှလိုင်စင်ခွင့်ပြုထားသော ဈေးနှုန်း မှန်ကန်မှုရှိ^မရှိ စစ်ဆေးရန်အတွက်ခြောက်လနှင့်တစ်နှစ်အတွင်း လိုင်စင်အများဆုံးလျှောက်ထားသည့်  ကုမ္ပဏီများစာရင်းမှ ဈေးနှုန်းအနည်းဖြင့် လျှောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်း သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်းများမှ   စစ်ဆေးမည့်အမယ်များ (လူသုံး၊ အိမ်သုံး၊ စားသောက်ကုန်ပစ္စည်းများ၊ဇိမ်ခံပစ္စည်းများ)ကိုဦးစားပေး သတ်မှတ်၍ ဆောင်ရွက်ရန်။
(င) ပင်လယ်ဆိပ်ကမ်းများမှ တင်သွင်းသည့် လိုင်စငED/ID များအတွက် ပြီးခဲ့သည့် တစ်နှစ်အတွင်း  တင်သွင်းထားသည့် ပစ္စည်းများမှ (လူသုံး၊ အိမ်သုံး၊စားသောက်ကုန်ပစ္စည်းများ၊ ဇိမ်ခံ ပစ္စည်းများ၏) တင်သွင်းမှုဈေးနှုန်းများ မှန်ကန်မှု ရှိ/ မရှိကို လ အလိုက် တစ်လလျှင် နှစ်ကြိမ်နှုန်း ဦးစားပေး ကုန်ပစ္စည်းအမယ် များသတ်မှတ်၍ ဆောင်ရွက်ရန်။
( စ )အမယ်အလိုက်စိစစ်ထားမှုများမှ နိုင်ငံတော် အခွန်ငွေ ဆုံးရှုံးမှုအများဆုံး ဖြစ်နိုင်ချေရှိသည့် အမယ်များကို ရွေးချယ်ရန်။
စိစစ်သည့်အဆင့်
စိစစ်သည့်အဆင့်တွင်   အောက်ပါလုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်-
(က)ပဏာမ ရွေးချယ်ထားသော ကုန်ပစ္စည်းအမျိုးအစား များကို ကုမ္ပဏီအလိုက် စစ်တမ်းကောက်ယူစာရင်းပြုစုခြင်း၊ထို သို့အမယ်ကောက်ယူရာတွင်  တစ်လလျှင်ကုန်ပစ္စည်း (၁၀) မျိုး ရွေးချယ်စိစစ်ရန်။
( ခ )စိစစ်သည့်အခါ  ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေသည့်  လက်ကားဈေး၊ Internet  ဈေး၊MACCS စနစ်ပါ ဈေးနှုန်း၊တစ်ဖက်နိုင်ငံ ကုမ္ပဏီ၏ အမှန်ရောင်းဈေးတို့ကို Email နှင့်တိုက်ရိုက်ဆက်သွယ်၍လည်းကောင်း၊   သွယ်ဝိုက်စုံစမ်း၍ လည်းကောင်း စိစစ်ရန်။
( ဂ )လိုင်စင်။ED/ID  ဈေးနှုန်းများသည် စိစစ်မှုဈေးနှုန်းနှင့် ကွာဟမှုရှိပါက သက်ဆိုင်ရာကုမ္ပဏီများသို့ဆက်သွယ်၍ ငွေပေး ငွေချေသည့် အထောက်အထားများ  စိစစ်ခြင်း၊  ကုန်ပစ္စည်း သိုလှာင်ရုံသို့ သွားရောက်ပြီး မျက်မြင်စစ်ဆေးခြင်း တို့ကိုဆောင် ရွက်ရန်။
(ဃ)အမှန် တင်ပို့/တင်သွင်းသည့် ကုန်ပစ္စည်းအား နမူနာ ရယူခြင်း၊ ဓာတ်ပုံမှတ်တမ်းရယူခြင်းတို့ကို ပြုလုပ်၍်LC/TT စနစ် အရ သက်ဆိုင်ရာ  ဘဏ်များတွင် ငွေထုတ်/သွင်းဆောင်ရွက် သည့် စာရွက်စာတမ်း အထောက်အထားများနှင့်လိုင်စင ID  လျှောက်ထားစဉ်က  တင်ပြခဲ့သည့်fh Invoice & Sale Contract ပါ အချက်အလက်များနှင့်ကိုက်ညီမှု၊ ဆီလျော်မှု ရှိ/မရှိကို စိစစ်ရန်။
( င ) လိုင်စင်၊ED/ID  တို့တွင် Normal LC /TT ဖြင့် ဆောင် ရွက်ပါက တစ်ဖက်နိုင်ငံ ကုမ္ပဏီသို့ ငွေပေးချေထားသည့် တန်ဖိုး စာရင်းအရ ဈေးနှုန်းပြန်လည်စိစစ်နိုင်ရန် သက်ဆိုင်ရာကုမ္ပဏီ ၏ဘဏ်စာရင်း စာအုပ်ကို စစ်ဆေးရန်။
အကဲဖြတ်ခြင်းနှင့်အစီရင်ခံတင်ပြခြင်းအဆင့်
စစ်ဆေးရေးအဖွဲ့သည် အောက်ပါလုပ်ငန်းစဉ်များကိုဆောင် ရွက်ရမည်-
(က)ပြန်လည်စိစစ်မှုများအရ လျှောက်ထားဈေးနှုန်းများ သည် မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိပါက ကုမ္ပဏီများအပေါ် အကဲဖြတ်မှုများ ဆောင်ရွက်ရမည်။ အကဲခတ်ရာတွင် အောက်ပါ အချက်များဖြင့် စိစစ်ရမည်-
    ( ၁ )    ကုမ္ပဏီအမျိုးအစား၊ ရည်ရွယ်ချက်အပေါ် မှန်မှန် ကန်ကန်ဆောင်ရွက်ခြင်းရှိ/ မရှိ။
    ( ၂ )    ဈေးနှုန်းမမှန်မကန်တင်ပြသည့် အကြိမ်အရေအတွက်။
    ( ၃ )    စိစစ်ဈေးနှုန်းနှင့် ကွာခြားမှုပမာဏ၊  လျော့နည်း ပေးသွင်းသည့်အခွန်ငွေပမာဏ။
    ( ၄ )    ကုမ္ပဏီအနေဖြင့် ယင်းကုန်စည် တစ်မျိုးတည်း(သို့) ပို့ကုန်^သွင်းကုန် ဆောင်ရွက်သည့် ကုန်စည်အမျိုး အစားနှင့်အရေအတွက်။
    ( ၅ )    ဗြဃဃှ ှပျအနာ တွင် ဆောင်ရွက်သည့်ကုမ္ပဏီဖြစ် ပါက ၎င်းင်းစနစ်တွင် ဖော်ပြဈေးနှုန်းနှင့် လိုင်စင်ဖော်ပြ ဈေးနှုန်းကွာခြားသည့်ပမာဏနှင့်အကြိမ်ရေ။
    ( ၆ )     နိုင်ငံတော်အပေါ်  နှစ်စဉ်အခွန်  ပေးဆောင်သည့် ပမာဏ။
    ( ၇ )    ကုမ္ပဏီပါ အဖွဲ့ဝင်များသည် အခြားကုမ္ပဏီခွဲများ ထူ ထောင်ဆောင်ရွက်ခြင်း ရှိ/မရှိ။
    ( ခ )     အထက်ပါအချက်များဖြင့်  စိစစ်ပြီး မမှန်မကန် ဆောင်ရွက်ကြောင်း ဖော်ထုတ်တွေ့ရှိလျှင် အစီရင်ခံစာ ရေးသားတင်ပြခြင်း။
ကုမ္ပဏီ၊လုပ်ငန်းရှင်များ၏ တာဝန်ဝတ္တရားများ
ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့များမှစိစစ်ရန် ရွေး ချယ်ထားသော ကုမ္ပဏီများအနေဖြင့် အောက်ပါအတိုင်း ပံ့ပိုး ကူညီပေးရမည်-
( က ) တင်ပို့/တင်သွင်းထားသည့်ED/ID အထောက် အထား စာရွက်စာတမ်းများ၊ ငွေပေးချေထားသည့်စာရွက်စာတမ်း များ၊ အကောက်ခွန်ဦးစီးဌာနနှင့်ပြည်တွင်းအခွန်များဦးစီးဌာန သို့ ပေးချေ ထားသည့်စာရွက်စာတမ်း အထောက်အထား များကို တင်ပြပေးရန်။                          
         (ဆက်လက်ဖော်ပြပါမည်)

 

 

Local Trade News

Pages