နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ သက်သာသော ဈေးနှုန်းဖြင့်  စားအုန်းဆီများ ရောင်းချပေး

Tue, 08/30/2022 - 12:36 -- admin_ygn

နေပြည်တော် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်က ဆောင်ရွက်နေသည့် သက်သာသော ဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ကျပ် ၃၉၀ဝ နှုန်းဖြင့် စားသုံးသူ ပြည်သူများလက်ဝယ်အရောက် ရောင်းချနေမှုကို သြဂုတ် ၁၃ ရက်မှစတင်၍ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ ရောင်းချမှုများ ဆက်လက်ဆောင် ရွက်နေကြောင်း သိရှိရသည်။
ပျဉ်းမနားမြို့နယ် ဂုဏ်မင်းအိုင်ကျေးရွာနှင့် ရွာသာရွာတို့တွင် ဆီ လုပ်ငန်းရှင်  ဦးခင်မောင်မြင့်က  ဆီပိဿာချိန် ၁၃၂၀ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် အောင်ကုန်းကျေးရွာနှင့် ကွမ်းခြံကုန်း  ကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးခင်မောင်ဝင်းက ဆီပိဿာချိန် ၁၃၂၀ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ပိတောက်ချောင်းကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုး အောင်က ဆီပိဿာချိန် ၆၆၀ ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ စိုင်ခေါင် ရိုးကျေးရွာနှင့် ရှားယားကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်ခင်နွယ်အေးက ဆီပိဿာချိန် ၆၆၀ ကိုလည်းကောင်း၊  ပုဗ္ဗသီရိမြို့နယ်  ဇီးကုန်းကျေးရွာနှင့် ကုလားကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဦးအောင်ကိုထက်က ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊  ပုဗ္ဗသီရိမြို့နယ်    ပုဇွန်ဆိတ်ကျေးရွာနှင့် ပုဗ္ဗသီရိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်နုနုအေးက ဆီ ပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်  မုံနစ်ကျေးရွာနှင့် ဖောင်းလောင်ကျေးရွာတို့တွင် ဆီလုပ်ငန်းရှင် ဒေါ်ကြည်ကြည်လွင်က ဆီ ပိဿာချိန် ၆၆၀ ကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် ချောင်းသာယာကျေးရွာ တွင် ဆီလုပ်ငန်းရှင် ဦးအေးထွန်းက ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ လယ်ဝေးမြို့နယ် ချောင်းခွကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်နန်းခရေဝင်းက ဆီပိဿာချိန် ၆၆၀ ကိုလည်းကောင်း၊  လယ်ဝေးမြို့နယ် မကျည်းကွင်း ကျေးရွာတွင်  ဆီလုပ်ငန်းရှင် ဦးပြည့်ဖြိုးအောင်က ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ကျားကူးအနောက်ကျေးရွာတွင် ဆီ လုပ်ငန်းရှင် ဒေါ်ခင်ဥမ္မာအောင်က ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်  ဧက ၁၀ဝ၀၊ ၂၀ဝ၀၊ ၃၀ဝ၀ တို့တွင် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် ရွှေသံဖြူ ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးတင်မောင်ထွန်းက ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် ရွာသစ်ကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်ဖြိုး ဖြိုးထိုက်က ဆီပိဿာချိန် ၆၆၀ ကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် အေးချမ်း သာကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးသူရဇော်ဇော်က ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် ကျေးချောင်းကျေးရွာတွင် ဆီလုပ်ငန်းရှင် ဦးမျိုးမင်းက ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် ပျော်ရွာ နှင့် ပိတောက်ချောင်းကျေးရွာတို့တွင်  ဆီလုပ်ငန်းရှင် ဦးဇော်ဇော်လတ်က ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ တပ်ကုန်းမြို့နယ် ဆင်သေကျေးရွာတွင် ဆီလုပ်ငန်းရှင် ဒေါ်သာယာနုဝေစံက ဆီပိဿာချိန် ၆၆၀ ကို လည်းကောင်း၊ တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာတွင် တပ်ကုန်းရှိ  ဆီလုပ်ငန်းရှင်များ စုပေါင်း၍ ဆီပိဿာချိန် ၆၆၀ ကိုလည်းကောင်း အသီးသီး ရောင်းချပေးခဲ့ ကြောင်း သိရသည်။
အလားတူ သြဂုတ် ၁၇ ရက်တွင်Diamnd Dragon Co;Ltd ၏ ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးက ရာသက်ပန် အမှတ်တံဆိပ် စားသုံးဆီများကို တစ်ပိဿာလျှင် ကျပ် ၃၉၀ဝ နှုန်းဖြင့် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများတွင် ဈေးကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရ သည်။
မိုးသဉ္ဇာလွင်၊ ထွန်းမင်းသန့်(နေပြည်တော်)

Local Trade News

Pages