နနွင်းတန်ချိန်၁၀၀နီးပါးတင်ပို့

Thu, 03/09/2017 - 05:52 -- admin_ygn

ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ ဖေဖော်ဝါရီ ၁၉  ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၉၇ တန် တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် နနွင်း(ရှမ်းစ) ၂၂ တန်ကို စင်ကာပူနိုင်ငံ သို့လည်းကောင်း၊  နနွင်း(ရှမ်းစ) ၇၅ တန်ကို   မလေးရှားနိုင်ငံသို့   လည်း ကောင်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် တင်ပို့တန်ချိန် ၁၂၆ တန်ကျော်နဲ့နှိုင်းယှဉ်ရင် ၂၉တန်ကျော် တင်ပို့မှု လျော့ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၆၇၀၁၅ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)

 

Local Trade News

Pages