ဒီတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီ

Fri, 03/24/2017 - 08:16 -- admin_ygn

           ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ၄ရက်အထိသီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၂၀၆၄၁၅၅ တန်ဖိုးရှိ ဒီဇယ် ၄၄၈၂၅ ဒသမ ၉၀၂ တန်နဲ့ ကန်ဒေါ်လာ ၂၀၉၀၆၉၅၄ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၈၆၂ဒသမ၆၆၇တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အဆင့်မြင့်ဒီဇယ်၊ (၉၂)နဲ့ (၉၅)တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဓာတ်ဆီတင်သွင်းမှုမရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ တင်သွင်းခဲ့ တာဖြစ်ပါ တယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၅၀၇၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၅၉၇၀ ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၅၃၁၉၅ တန်ဖိုးရှိ ဒီဇယ် ၁၀၅၂ ဒသမ ၀၇၂တန်၊ ကန်ဒေါ်လာ၂၀၅၁၃၂ တန်ဖိုးရှိ ဓာတ်ဆီတန်ချိန် ၃၄၀ တင်သွင်းခဲ့သလို မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၁၅၁၉ တန်ဖိုးရှိ ဓာတ်ဆီ ၁၇ ဒသမ၅၀ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီရော ဒီဇယ်ပါပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (၉၅)နဲ့(၉၂)ဈေးနည်းနည်းကျလာတယ်လို့သိရပါတယ်။ ဒီတစ်ပ တ် ပုဂ္ဂလိကစက် သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၇၁၅ကျပ်၊ အောက် တိန်း (၉၂)  ၇၂၅ ကျပ် ၊ အောက်တိန်း (၉၅) ၇၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၃၅ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါ တယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ မတ် ၆ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၄၃၀၀၀၊ ရောင်းဈေး ကျပ် ၁၄၇၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ တယ် လို့ သိရပါတယ်။ မတ် ၆ ရက်မှာ ဓာတ်ဆီ ဝယ်ဈေး  ကျပ် ၁၅၄၀၀၀ ၊ ရောင်းဈေး ကျပ်၁၅၇၀၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့နှိုင်း ယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးငြိမ်ခဲ့တယ်လို့ သိရပါတယ်။ပြင်ပ လက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၁၀၀၊ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၃၀၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           

    မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး ငြိမ်ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်း ချနေ တဲ့ တစ်လီတာဈေးနှုန်းများမှာ အောက်တိန်း (၉၅) တစ်လီတာ ၈၈၀ကျပ်၊ဒီဇယ်ကျပ် ၇၆၀၊ အဆင့်မြင့်ဒီဇယ် ကျပ်၇၈၀၊ အောက်တိန်း (၉၂) ကျပ် ၈၀၀နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေ တဲ့ ပီပါ ဈေးများမှာ မတ် ၆ ရက် မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၅၃၀၀၀၊ ရောင်းဈေးကျပ် ၁၅၆၀၀၀ နဲ့အရောင်းအဝယ် ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီ ဈေးမှာ မတ် ၆ ရက်တွင် ဝယ်ဈေး ကျပ် ၁၅၀၀၀၀၊ ရောင်းဈေးကျပ် ၁၅၃၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များရဲ့တစ်ဂါလံဈေးမှာ ဒီဇယ် ကျပ်၃၃၀၀၊ ဓာတ်ဆီ ကျပ် ၃၂၀၀ နဲ့ အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။

   မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီနဲ့  အောက်တိန်းမှာ ဈေးငြိမ်ပြီး ဒီဇယ်မှာ ဈေး နည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက ဆိုင် မှာ ရောင်းချ နေတဲ့ တစ်ဂါလံဈေးများမှာ ဓာတ်ဆီကျပ် ၃၃၀၀၊ ဒီဇယ် ၃၄၄၅ ကျပ်၊ အောက်တိန်း ကျပ် ၃၄၈၈ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များ မှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၃၀၀၊ ဒီဇယ် တစ်ဂါ လံ  ကျပ် ၃၅၀၀၊ အောက်တိန်း တစ်ဂါလံကျပ် ၃၅၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။

တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလံ ဈေးနှုန်းများမှာ ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၅၀၀၊ ဒီဇယ်တစ်ဂါလံ ကျပ် ၃၅၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလံ ကျပ် ၃၅၀၀၊ ဒီဇယ်တစ်ဂါလံ ကျပ် ၃၅၀၀ နဲ့အရောင်းအဝယ် ဖြစ်နေ တယ်လို့ သိရှိရပါတယ်။

MIRT-DOT

Local Trade News

Pages