တောင်ကြီးရှမ်းပြောင်း အဝင်ပါးပေမယ့် အဝယ်လိုက်

Fri, 03/25/2016 - 04:37 -- admin_ygn

ဒီတစ်ပတ်မှာတော့ တောင်ကြီးဈေးကွက်မှာ ရှမ်းပြောင်းက အဝယ်လိုက်နေ ပါတယ်။  အထွက်ရဲ့ တစ်ဝက်မကကုန်သွားပါပြီ၊ အဝင်ကသိပ်ပြီးမရှိတော့ပါဘူး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ပြောင်းလက်ကျန်က တန်ချိန် ၁၀ သိန်း၊ ၁၂ သိန်းခန့် ကျန်ရှိနေသေးတယ်လို့လည်း ဈေးကွက်က သိရှိရပါတယ်။ လောလောဆယ် လှောင် လက်တွေက အဝယ်ရပ်နေပြီး တိရစ္ဆာန်အစာစပ်သမားတွေသာ   အဝယ်ရှိနေပါ တယ်။ရှမ်းပြောင်းက တစ်နှစ်ပတ် လုံး အရောင်းအဝယ်ဖြစ်တဲ့ သီးနှံဖြစ်ပြီး၊ အခုနှစ် ထွက်ပစ္စည်းတွေက နောက်တစ်ရာသီအထိ ရှိနေဦးမှာဖြစ်ပြီး နှစ်စဉ်လိုလို အရောင်း အဝယ်က   ဆက်သွားလေ့ရှိပါတယ်။ တစ်ရက်ကို ပိဿာချိန်  တစ်သိန်းခွဲခန့် အရောင်း အဝယ်ြ ဖစ်နေ တယ်လို့လည်း သိရပါတယ်။ စီပီကုမ္ပဏီမှ တိရစ္ဆာန်အစာ အတွက် တစ်နှစ်ကို တန်ချိန် နှစ်သောင်း၊ နှစ်သောင်းခွဲခန့် ဝယ်ယူလေ့ရှိပြီး ဒီနှစ် လည်း ဝယ်ယူနေတာ သတ်မှတ်ချက် ပြည့်ခါနီးပြီလို့ စီပီကုမ္ပဏီရဲ့ တာဝန် ခံ တစ်ဦး ထံက သိရပါတယ်။တိရစ္ဆာန်အစာစပ်တွေ ရယ်၊ ရန်ကုန်၊ မန္တလေးကဝယ်လက်တွေ ဝယ်ယူနေတာ ကြောင့် တစ်ပတ်အတွင်းမှာ ပိဿာချိန် ရှစ်သိန်းမှ ဆယ်သိန်းအထိ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ရန်ကုန်၊ မန်း ဝယ် လက်တွေ ဝယ်ယူတဲ့ ပြောင်းက တစ်ပိဿာ ၄၄၅ ကျပ်ဈေးရှိပြီး၊ အစာစပ်တွေဝယ်ယူတဲ့ ပြောင်းက ၄၈၀ ကျပ်ဈေးရှိပါတယ်။
ဧဧခိုင်-တောင်ကြီး

 

Local Trade News

Pages