ဈေးပြန်လည်မြင့်တက်သော်လည်း ရော်ဘာတင်ပို့မှု လျော့ကျ

Wed, 07/12/2017 - 07:01 -- admin_ygn

    ဇွန် ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းတစ်ပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ  ၁ ဒသမ ၈၇၄  သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံတန် ၁၄၉၀ ကို တင်ပို့ခဲ့ရာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်RSS3  ၂၀၇ တန် RSS 5  ၃၅၆ တန်ကျော်၊MSR 20 ၁၅၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဃမနစန ျွကဘဘနမ ၁၀တန်၊ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမRSS3  ၆၁၉ တန်၊RSS 1  ၁၉ တန်ကျော်၊MSR 20   တန် ၇၀ နဲ့ Crepe Rubber  ၁၅ တန် တင်ပို့ခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ ရော်ဘာစေး ၃၆ တန် တင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်၊  ချင်းရွှေဟော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းနဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းများမှ ၂၀၁၇ ခုနှစ်ဇွန်လတစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ  ၆၅၆ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၆၉၁၄ တန်ခန့် တင်ပို့ခဲ့ပါတယ်။ အနီးစပ်ဆုံးမေလက ရော်ဘာ ၁၁၁၅၄ တန် ကျော် တင်ပို့ခဲ့တဲ့အတွက် ဇွန်လမှာ တန်ချိန် ၄၂၄၀ လျော့ နည်းခဲ့ပါတယ်။ ရော်ဘာရာသီချိန်ကုန်ပြီး ခြံပိတ်ချိန်ဖြစ်တဲ့ အတွက် တင်ပို့မှုလျော့နည်းသွားခြင်းဖြစ်ပါတယ်။
ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေးနှုန်း များမှာ ျွှ ၃  တစ်တန်လျှင် ကျပ် ၁၉ ဒသမ ၃၇ သိန်းဖြစ်ပြီး ယခင်တစ်ပတ်ထက်  တစ်တန်ကို ၇၅၆၇ ကျပ်ဈေးတက် ကြောင်းနဲRSS 5 တစ်တန်လျှင် ကျပ် ၁၈ ဒသမ ၄၁ သိန်း ဖြစ်ပြီး ယခင်တစ်ပတ်ထက်တစ်တန်ကို ၁၅၆၇ ကျပ်ဈေးတက် ကြောင်း သိရှိရပါတယ်။
ဇွန် ၂၅ ရက်မှ ဇူလိုင် ၁ ရက်အထိ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၂၄ တန်ခန့် ကိုတင်ပို့ခဲ့ပြီးနိုင်ငံအလိုက်တင်ပို့မှုများမှာမလေးရှားနိုင်ငံသRSS 3  ၆၁ တန်ခန့်နSynthetic Rubber  တန် ၁၀၀၊ တရုတ် နိုင်ငံသို့MSR 10 ၁၀၁ တန်ခန့်၊ အိန္ဒိယနိုင်ငံသိုMSR 20   တန် ၄၀ ကျော်၊ ဂျပန်နိုင်ငံသMSR 20  ၉၈ တန်၊ ကိုရီးယားနိုင်ငံသTSR 20 ၁၂၄ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဇွန်လတစ်လ လုံးအတွင်းမှာ အမေရိကန်ဒေါ် လာ ၃ ဒသမ ၀၃၈ သန်းတန်ဖိုးရှိ ရော်ဘာ ၂၀၈၂ တန်ကျော် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးမေလနဲ့နှိုင်းယှဉ်ပါက   မေလက ရော်ဘာ ၂၈၄၈တန်  တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ ၇၆၆တန် လျော့နည်းခဲ့ပါတယ်။
ယခုတစ်ပတ်နိုင်ငံတကာရော်ဘာဈေးမြင့်တက်လာတဲ့အတွက် မြန်မာ့ရော်ဘာဈေးလည်း မြင့်တက်ခဲ့ပါတယ်။ ပြည်ပ ပို့မယ့် မြန်မာ့ရော်ဘာFOB  ဈေးမှာ RSS  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀ ကျော်၊MSRတစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၁၀၀ ကျော် ဈေးတက်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းရဲ့ ဈေးနှုန်းထုတ်ပြန် ထားချက်အရ သိရှိရပါတယ်။  
RSS 1 တစ်တန်လျှင်  ဒေါ်လာ ၁၆၀၀-၁၇၀၀၊ RSS 2   တစ်တန်လျှင် ဒေါ်လာ ၁၅၅၀-၁၆၅၀၊RSS 3 တစ်တန်လျှင် ဒေါ်လာ ၁၅၀၀-၁၆၀၀ ၊RSS 4  တစ်တန်လျှင် ဒေါ်လာ ၁၄၅၀-၁၅၅၀၊RSS 5 တစ်တန်လျှင် ဒေါ်လာ ၁၄၀၀-၁၅၀၀MSR 3L တစ်တန်လျှင် ဒေါ်လာ ၁၉၅၀-၂၀၅၀၊MSR 10  တစ်တန်လျှင်ဒေါ်လာ ၁၆၀၀-၁၇၀၀၊MSR 20   တစ်တန်လျှင် ဒေါ်လာ ၁၄၅၀-၁၅၅၀၊MSR 50 တစ်တန်လျှင် ဒေါ်လာ ၁၃၅၀-၁၄၅၀၊ Crepe Rubber   တစ်တန်လျှင် ဒေါ်လာ ၁၂၅၀-၁၃၅၀တို့ဖြစ်ကြပါတယ်။                            
   ယဉ်ယဉ်အေး

 

Local Trade News

Pages