ဆန်သစ်များဈေးငြိမ်နေပြီး မိုးနှံကားအသစ်ရှယ်ဈေးကွက်ဝင်ရောက

Wed, 01/10/2018 - 09:19 -- admin_ygn

    ယခုတစ်ပတ်  ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်အသစ် များ ဈေးအတက်အကျသိပ်မရှိဘဲ   ဆန်အဝင်ပုံမှန်ရှိကြောင်းနဲ့ အရောင်းအဝယ်အေးလျက်ရှိကြောင်း ဝါးတန်းဆန်ကုန်စည် ဒိုင်မှသိရပါတယ်။ ကုန်စည်ဒိုင်ရဲ့ ဆန်လက် ကားေ ဈးများအရ ဖျာပုံပေါ်ဆန်းဆန်ထိပ်စအသစ်တစ်အိတ်ကျပ် ၃၃၀၀၀၊ လတ်စအသစ်တစ်အိတ်ကျပ် ၃၂၀၀၀၊ ပုသိမ်ပေါ်ဆန်းဆန် အသစ်တစ်အိတ်ကျပ်   ၃၄၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ နယ်စုံ ကျိုက်လတ်ေ ပါ်ဆန်း ဆန်ထိပ်စ  တစ်အိတ် ကျပ် ၃၀၀၀၀ နဲ့  လတ်စတစ်အိတ်ကျပ် ၂၈၅၀၀၊   မြောင်းမြ ပေါ်ဆန်းဆန်အသစ်တစ်အိတ်ကျပ် ၃၂၀၀၀ နဲ့ လတ်စတစ် အိတ်ကျပ် ၃၄၀၀၀ ရှိပြီး  ယခင်တစ်ပတ်အတိုင်း ဈေးအတက် အကျ မရှိဘဲ ဈေးငြိမ်နေကြောင်းသိရပါတယ်။  
ပေါ်ဆန်းအသစ်ကတော့ တစ်အိတ်ကို ကျပ် ၂၈၀၀၀မှ ကျပ် ၂၉၀၀၀ ရှိပြီး တစ်အိတ်ကိုကျပ် ၁၀၀၀ ခန့်ဈေးတက်ပါ တယ်။ ရွှေဘိုပေါ်ဆန်းဆန်အဟောင်းကတော့ ပစ္စည်းအဝင် နည်းတဲ့အတွက် တစ်အိတ်ကျပ် ၂၀၀၀ ခန့်ဈေး တက်ကြောင်း သိရပါတယ်။  ဝါးတန်းကုန်စည်ဒိုင်ရဲ့ လက်ကားဈေးအရ ရွှေဘိုပေါ်ဆန်းဆန်အဟောင်း   တစ်အိတ် ကျပ် ၅၇၀၀၀ မှ ကျပ် ၆၀၀၀၀ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ယခုတစ်ပတ်မှာ ဆန်ကြမ်းဈေးငြိမ်နေပြီး မိုးနှံကား အသစ်(ရှယ်)ဈေးကွက်သို့ ဝင်ရောက်လာကြောင်း သိရပါ တယ်။ ကုန်စည်ဒိုင်ရဲ့ လက်ကားဈေးနှုန်းများအရ ဆန်ဟောင်း ဧည့်မထထိပ်စ တစ်အိတ်  ကျပ် ၂၃၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၂၀၅၀၀၊ နွေသီးထပ်ရှယ်  တစ်အိတ် ကျပ် ၂၅၀၀၀ မှ ကျပ် ၂၅၅၀၀၊ နွေဆန်ရက် ၉၀ တစ်အိတ် ကျပ် ၂၆၀၀၀ မှ ကျပ် ၂၇၀၀၀၊ ဧည့်မထ ၂၅ မှတ်တစ် အိတ်ကျပ် ၁၈၅၀၀ မှ ကျပ် ၁၉၀၀၀ ဖြစ်ပြီး  ဆန်ကြမ်းအသစ် (ရှယ်) တစ်အိတ်ကျပ် ၂၀၇၀၀ မှ ကျပ် ၂၁၀၀၀၊ ရက် ၉၀ အသစ်တစ်အိတ်ကျပ် ၂၃၅၀၀ မှ ကျပ် ၂၄၀၀၀၊ ငစိန်အသစ် တစ်အိတ်ကျပ်၁၈၀၀၀ မှ ကျပ် ၁၈၅၀၀၊   မိုးသုခတစ်အိတ် ကျပ် ၂၅၅၀၀ မှ ကျပ် ၂၆၀၀၀ ဖြစ်ပြီး  ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ယခုတစ်ပတ်ထပ်မံဝင်ရောက်လာတဲ့ မိုးနှံကားအသစ်ရှယ်က တော့ တစ်အိတ်ကိုကျပ် ၂၀၅၀၀ မှ ကျပ် ၂၁၀၀၀ ဖြစ်ကြောင်း သိရပါတယ်။
မူဆယ်ဆန်ဈေးကွက်မှာ   သုခဆန်အနည်းငယ်ဈေး တက်ကြောင်းနဲ့  ဆန်အဝင်အနည်းငယ်လျော့သွားကြောင်း သိရပါတယ်။ ဧည့်မထဆန် ၅ မှတ်မှော်ဘီတစ်အိတ် ၁၃၈ယွမ် မှ ၁၄၁ ယွမ်၊ ဧည့်မထ ၅မှတ်စူပါတစ်အိတ်  ယွမ် ၁၃၀မှ ၁၃၁ ယွမ်၊ ဧည့်မထ ၁၀ မှတ်မှော်ဘီတစ်အိတ် ၁၃၃ ယွမ်မှ ၁၃၄ ယွမ်၊ ဧည့်မထ ၁၀ မှတ်စူပါတစ်အိတ်  ၁၂၈ ယွမ်မှ ၁၂၉ ယွမ်၊ ငစိန်ဆန် ၅ မှတ်တစ်အိတ် ၁၂၃ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ငစိန်ဆန် ၂၅ မှတ် တစ်အိတ် ၁၁၅ယွမ်မှ ၁၁၇ ယွမ်ရှိပြီး ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ သုခ ၁၅ မှတ်နဲ့ ၂၅ မှတ်ကတော့တစ်အိတ် ကို တစ်ယွမ်မှနှစ်ယွမ်အထိ ဈေးတက်ကြောင်းသတင်းရရှိပါ တယ်။                              ယဉ်ယဉ်အေး

 

 

Local Trade News

Pages