စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော်တွင် National Workshop on WTO Notification Requirements ကျင်းပ

Fri, 12/05/2014 - 11:50 -- admin_ygn

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ရုံးအမှတ် (၃) တွင် နိုဝင်ဘာလ ၂၄ ရက်မှ ၂၇ ရက်ထိ National Workshop  on  WTO Notification Requirements ကို ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ ကျွမ်းကျင်ပညာရှင်များ၊    ဝန်ကြီးဌာန ၁၃ ခု၏ဦးစီးဌာန ၂၁ ခုမှ ကိုယ်စားလှယ် ၄၂ ဦးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြသည်။
   အဆိုပါ ဆွေးနွေးပွဲသည် USAID (အမေရိကန်နိုင်ငံ၏  အကူအညီအထောက်အပံ့ပေး ရေးအဖွဲ့အစည်း) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ကုန်သွယ်မှုနှင့်သက်ဆိုင်သော အစိုးရဌာနများမှ အရာထမ်းများကို WTO Notification ဘာသာရပ်နှင့်ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
   ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် WTO မှ Mr. Serafino Marchese, Counsellor, Notifi- cation Expert, Institute for Training and Technical Cooperation (ITTC), WTO နှင့် USAID မှ Mr. Steve Parker, Country Director, USAID-funded Economic Reform and ASEAN Integration Program, Yangon, Myanmar တို့မှဆွေးနွေးခဲ့ကြသည်။
   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ဆိုင်ရာ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း (TPR) လုပ်ငန်းစဉ်ကို သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း၍ ၂၀၁၄ ခုနှစ်၊ မတ်လတွင် အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်သည်။  TPR ဆောင်ရွက်ပြီးနောက် နောက်ဆက်တွဲဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍လည်း ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသည်။
  ယခုလက်ရှိတွင်မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်၏လမ်းညွှန်မှုဖြင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်ပါဝင်နိုင်ရန်ကြိုးစားဆောင်ရွက်လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနသည်   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ပတ်သက်၍   ပူးပေါင်းဆောင်ရွက်ရန်အတွက် Focal ဌာနဖြစ်သည့်နည်းတူ Notification ကိစ္စရပ်များအပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကိစ္စရပ်များတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
   ယခုဆွေးနွေးပွဲသည် မိမိတို့ဌာနမှ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ Notify လုပ်ရန်လိုအပ်သည့်  ဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ချက်များကို သိရှိကြစေ ရန်ဆွေးနွေးပေးခဲ့ပြီး ထိုသို့ Notify ပြုလုပ်ရာတွင် အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် လက်တွေ့သင်ခန်းစာများကိုလည်း  လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။   ကိုယ်စားလှယ်များမှ ယခင်က မရှင်းလင်းသော  လုပ်ငန်းစဉ်များကို ကွဲကွဲပြားပြား  သိရှိနားလည်ခြင်း၊ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန် စွာ ဆောင်ရွက်နိုင်ရန် နည်းလမ်းများသိရှိခြင်းနှင့် နိုင်ငံတကာတွင်ကုန်သွယ်မှုနှင့်ပတ်သက်သော Notification  များမည်သို့ဆောင်ရွက်သည်ကိုသိရှိခြင်းစသည့် အကျိုးကျေးဇူး များရရှိစေသည်။
  မြန်မာနိုင်ငံသည် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှဦးဆောင်၍ အလုပ်ရုံဆွေးနွေး ပွဲများကို အစိုးရဌာနများနှင့် သာမက ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့်လည်း ကျင်းပဆောင်ရွက်လျက်ရှိပြီး ထပ်မံဆောင်ရွက်မည့် အစီအမံများလည်းရှိကြောင်းသိရှိရသည်။ 

သက်နိုင်(MOC)

Local Trade News

Pages