စလင်းမြို့နယ်အတွင်း နွေနှမ်းများ စတင်ထွက်ပေါ်၍ ဈေးကောင်းရရှိ

Thu, 06/27/2024 - 04:21 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မိုးဝန်းကျေးရွာရှိ တောင်သူများသည် မိုးစပါး၊ ကုလားပဲနှင့်နွေနှမ်းစသည့်သီးနှံများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် နွေနှမ်းများ ကို မတ်လအလယ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ဇွန်လတွင် ရိတ်သိမ်းကြောင်း၊ မျိုးအနေဖြင့် ဂျပန်နှမ်းဖြူ မျိုးများကို စိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ ရိတ်သိမ်း စရိတ်နှင့် လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ၈-၁၀ တင်းခန့် ထွက်ရှိကြောင်း၊ နွေနှမ်း စိုက်ပျိုးချိန်တွင် မိုးရွာသွန်းမှုနည်းပါး၍ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးရသည့်အတွက် ယခုနှစ် နှမ်းအထွက်နှုန်းမှာ အသင့်အတင့်သာထွက်ရှိပြီး မြေအနေအထား၊ သွင်းအားစု သုံးစွဲမှု၊ အောင်မြင် ဖြစ်ထွန်းမှုများအပေါ် မူတည်၍ အထွက်နှုန်းကွဲပြားမှုရှိကြောင်း သိရသည်။

   တောင်သူများသည် ထွက်ရှိသည့်နှမ်းများကို မျိုးနှင့် ဆီကြိတ်ခွဲ စားသုံးရန်ချန်၍ ကျန်ရှိသည့် နှမ်းများကို စလင်းမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် နွေနှမ်းအထွက်နှုန်း နည်းပါးသော်လည်း နှမ်းဈေးနှုန်း ကောင်းမွန်မှုကြောင့် မိုးဝန်းကျေးရွာရှိ နွေနှမ်းစိုက်တောင်သူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages