ပခုက္ကူခရိုင်၏ ငရုတ်သီးခြောက် ဈေးနှုန်းဈေးကွက်

Mon, 05/29/2023 - 03:41 -- comsumer

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ် ကျေးရွာအုပ်စု၊ ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ၊ မြင်းဝင်းကျေးရွာများတွင် ငရုတ်သီးနှံကို အဓိကစိုက်ပျိုးကြပြီး စိုက်ဧကအနေဖြင့် (၃)သောင်းကျော်ရှိကြောင်း၊ ငရုတ်သီးကို ပျိုးဘောင်စနစ်ဖြင့် စိုက်ပျိုး၍ တစ်ဧက လျှင် (၅)ဘောင်မှ (၆)ဘောင်ထိစိုက်ပျိုးပြီး တစ်ဘောင်လျှင် ကျပ်(၅)သောင်း ကုန်ကျကြောင်း၊  ငရုတ်သီးမျိုးအနေဖြင့် မျှားနီ၊ ပန်းရဲ၊ အစပ်သီးအမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် ပခုက္ကူမြို့၊ စည်ပင်သာယာဈေးတွင် ရောင်းချသော ငရုတ်သီးခြောက် ဈေးနှုန်းများမှာ အမျိုးအစားကိုလိုက်၍ ငရုတ်ခြောက်အရှည်တစ်ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ ငရုတ်သီး ခြောက်(ကျွန်းခြောက်)တစ်ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ငရုတ်ခြောက် (ပု)တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀)၊ သန့်စင်ပြီးသောငရုတ်သီးခြောက် (ခွဲခြမ်း)တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီး (အနုမှုန့်) တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)စသည်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ နန်းတော်ရပ်အုပ်စု၊ ဘဲကြီးကျေးရွာမှ စိုက်ပျိုးထွက်ရှိသော ငရုတ်သီးခြောက်ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ်(၈၀၀၀)မှ ကျပ်(၁၀၅၀၀)ဖြင့် ရောင်းချရကြောင်း၊ တောင်သူလက်ကျန်အနေဖြင့် ငရုတ်သီးခြောက် ပိဿာချိန် (၉၀၀၀၀)ခန့် ကျန်ရှိကြောင်း၊  တောင်သူများအနေဖြင့် အကျိုးအမြတ် ထိုက်သင့်သလောက်ရရှိကြောင်း သိရသည်။ ပြည်တွင်းတင်ပို့မှုအနေဖြင့် မန္တလေး၊ ရန်ကုန်၊ မိတ္ထီလာ နှင့် ပြည်ပတင်ပို့မှုအနေဖြင့် တရုတ်၊ ထိုင်းနိုင်ငံသို့ တင်ပို့နေရကြောင်း သိရသည်။

DOCA (မကွေး)

Local Trade News

Pages