ကသာခရိုင်ဒေသထွက် လိုင်ချီးစ်သီးများ မြို့နယ်အသီးသီးသို့ တင်ပို့လျက်ရှိ

Thu, 06/08/2023 - 09:17 -- comsumer

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် လိုင်ချီးစ်သီးများကို တစ်ပိုင်တစ်နိုင်အဖြစ် အိမ်ဝင်း ခြံစည်းရိုးများတွင် စိုက်ပျိုးမှုရှိသကဲ့သို့ ဥယျာဉ်ခြံများဖြင့်လည်း စိုက်ပျိုးမှု အနည်းငယ်ရှိကြောင်း၊  လိုင်ချီးစ်သီးများသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖူးပွင့်ကြပြီး မေလနှင့် ဇွန်လတွင် ရင့်မှည့်ကြကြောင်း၊ ရာသီပေါ် လိုင်ချီးစ်သီးများကို ရိုးတံအညှာပါအောင် ခူးဆွတ်ပြီး အလုံးအကြီး/ အသေး(၂၅ မှ ၃၀)လုံးခန့်ပါ တစ်စည်းလျှင် ၅၀၀ ကျပ်ဖြင့် ဈေးကွက်တွင်း ရောင်းချကြကြောင်း၊ အရွယ်တော် လိုင်ချီးစ်ပင်တစ်ပင်သည် အတွဲပေါင်း (၁၈၀) ခန့်ရရှိပြီး လက်ရှိဈေးနှုန်းနှင့် တွက်ကြည့်ပါက ကျပ် (၉၀၀၀၀)ခန့် ဝင်ငွေရရှိကြောင်း သိရသည်။

        ကသာမြို့နယ်ထွက် လိုင်ချီးစ်သီးများကို ကုန်သည်များမှ အဝယ်ဒိုင်ဖွင့်လှစ်ဝယ်ယူလျက်ရှိပြီး အတွဲ (၁၀၀)ပါ ခြင်းများဖြင့် မြို့နယ်အသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိပြီး မေလ တတိယပတ်မှစ၍ လိုင်ချီးစ်သီးခြင်းပေါင်း (၈၀)မှ(၁၀၀)ကြား နေ့စဉ်တင်ပို့မှုရှိကြောင်း၊ လိုင်ချီးစ်သီးများကို ကသာခရိုင် အတွင်းရှိ မြို့နယ်များသို့ အများအပြား တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ခင်ဦးမြို့များသို့ တင်ပို့လျက်မှု များပြားကြောင်း လိုင်ချီးစ်သီး ကုန်သည်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages