ဂျပန်နည်းပညာဖြင့်ထုတ်လုပ်ထားသည့် Yazaki လျှပ်စစ်ဝါယာကြိုးများစတင်ရောင်းချနေပြီ

Thu, 12/04/2014 - 12:57 -- admin_ygn

   ဂျပန်နိုင်ငံမှ နည်းပညာများဖြင့် ထိုင်းနိုင်ငံတွင်ထုတ်လုပ်ထားသည့် Yazaki  လျှပ်စစ်ဝါယာကြိုးများကို မြန်မာနိုင်ငံတွင် စတင်ရောင်းချနေပြီဖြစ်ကြောင်းသိရသည်။
   Yazaki လျှပ်စစ်ဝါယာကြိုးများကို မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် KP Solution and Consult Company Limited မှ  ပထမဆုံးရရှိထားပြီး သုံးစွဲ သူမြန်မာပြည်သူများ စိတ်ကျေနပ်မှုရရှိစေရန်ရည်ရွယ်၍ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
   ထို့ပြင် KP Solution and Consult Company Limited အနေဖြင့် လျှပ်စစ်ဝါယာကြိုးများနှင့် အခြားဆက်စပ်နေသော လူမှုရေးဆိုင်ရာ လုပ်ငန်းလှုပ်ရှားမှုများနှင့်  ဒေသခံ အင်ဂျင်နီယာများအားပညာပေးလေ့ကျင့်မှုများပြုလုပ်ပေးနိုင်ရန်အတွက်  အလုပ်ရုံဆွေးနွေးပွဲများကိုလည်း လစဉ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
  ''မြန်မာနိုင်ငံတွင် Yazaki ဝါယာကြိုးများကိုရောင်းချရခြင်းမှာ အကျိုးအမြတ်ရရှိဖို့အတွက်အဓိကမထားပါဘူး။ မြန်မာနိုင်ငံမှာဈေးကွက်အရလိုအပ်နေတဲ့အရည်အသွေးကောင်း တဲ့ လျှပ်စစ်ကေဘယ်ကြိုးတွေကိုတင်သွင်းရောင်းချဖို့ပါပဲ။ နှစ် ၅၀ကျော်ကြာမြင့်နေတဲ့  လျှပ်စစ်ဝါယာကြိုးတွေ၊   အရည်အသွေးမကောင်းတဲ့  လျှပ်စစ်ဝါယာကြိုးတွေကြောင့် မီးလောင်တာတွေကို မြင်တွေ့ကြားသိနေရတဲ့အတွက် အရည်အသွေးကောင်းတဲ့ ဈေးနှုန်းလည်းသိပ်မမြင့်တဲ့ ဒီ Yazaki လျှပ်စစ်ဝါယာကြိုးတွေကို မြန်မာနိုင်ငံမှာအသုံးပြုနိုင်ဖို့ တင်သွင်း ရောင်းချရတာဖြစ်ပါတယ်'' ဟု Yazaki   လျှပ်စစ်ပစ္စည်းများကို တရားဝင်ဖြန့်ချိခွင့်ရရှိသည့်ကိုယ်စားလှယ်ဖြစ်သူ ဦးရဲထွဋ်ကပြောကြားခဲ့သည်။
   Yazaki  လျှပ်စစ်ဝါယာကြိုးများကို မြန်မာ နိုင်ငံ၏တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ရရှိထားသည့် KP Solution and Consult Company Limited  သည် ထိုင်းနိုင်ငံရှိ S.Suppakit Vanich Electric Wire  ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ကြောင်းသိရသည်။
   အဆိုပါကုမ္ပဏီကို ၁၉၇၈ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး  ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ Thai-Yazaki  အဖြစ်  တရားဝင်ခွင့်ြ့ပုထားသော ဖြန့်ဖြူးရောင်းချသူများ အနက်တစ်ဦးအပါအဝင်ဖြစ်ကြောင်း၊  ကုမ္ပဏီ၏ အဓိကထုတ်ကုန်ပစ္စည်းနှစ်မျိုးမှာ ကြေးနီလျှပ်ကူးပစ္စည်းနှင့်  အလူမီနီယံ လျှပ်ကူးပစ္စည်းများဖြစ်ကြောင်းသိရသည်။
   Yazaki ဝါယာကြိုးများ ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၏အရောင်းပြခန်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ်(၉) ရပ်ကွက် (ကျောက်မျက် ရတနာပြခန်းနှင့် မျက်နှာချင်းဆိုင်) တွင်   ဖွင့်လှစ်ထားရှိပြီး မည်သူမဆိုလာရောက်ကြည့်ရှုဝယ်ယူနိုင်ကြောင်းသတင်းရရှိပါသည်။

 T T

Local Trade News

Pages