ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု မြင့်မားတိုးတက်ရေးအတွက် ဘယ်လိုအဖြေရှာကြမလဲ

Tue, 07/18/2017 - 07:52 -- admin_ygn

      ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဇွန် ၂၀ ရက်က ပြည်နယ် ဦးစီးမှူး ဦးမြသန်းနဲ့  ကြက်သွန်ဖြူ အစုအဖွဲ့မှ လုပ် ငန်းရှင် ဦးသန်းမောင်တို့  ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးအတွက်     တွေ့ဆုံဆွေးနွေးခဲ့ကြပါ တယ်-ပြည်နယ်ဦးစီးမှူး။ ရှမ်းပြည်နယ်(တောင် ပိုင်း)တွင် ကြက်သွန်ဖြူစိုက်ပျိုးမှု  အခြေအနေ၊ ပိုလျှံမှုနဲ့ စိုက် ပျိုးတဲ့မြို့နယ်များကို ပြောပြပေးပါ။
ဦးသန်းမောင်။ ရှမ်းပြည်နယ်(တောင်ပိုင်း)  တွင် ကြက်သွန်ဖြူ စိုက်ဧက ၃၀၀၀၀ နီးပါး စိုက်ပျိုးကြ ပြီး တန်ချိန် ၉၀၀၀၀ ကျော် ပိုလျှံပါတယ်။ ကြက် သွန်ဖြူ  အဓိကစိုက်ပျိုးတဲ့ မြို့နယ်များ ကတော့ တောင်ကြီး၊   ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တို့မှာ အဓိက စိုက်ပျိုးကြပြီး ကျန်မြို့နယ်များမှာလည်း အနည်းငယ် စီစိုက်ပျိုးကြပါတယ်။
ပြည်နယ်ဦးစီးမှူး။ ကြက်သွန်ဖြူစိုက်ချိန်၊ သိမ်းချိန် နဲ့ ထားသိုမှုများကို ဖြေပေးပါ။
ဦးသန်းမောင်။  ကြက်သွန်ဖြူ  စိုက်ပျိုးချိန်မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်း(အောက်တိုဘာလ၊ နိုဝင်ဘာလ)ဖြစ်ကြပြီး သက်တမ်းလေးလ အကြာ ဖေဖော်ဝါရီလနဲ့ မတ်လတို့မှာ ထွက်ရှိပါတယ်။ စိုက်ပျိုးချိန်ကိုတည်ပြီး သြင်္ကန်ပတ်ဝန်းကျင် (ဧပြီ လဆန်း)ဟာ ကြက်သွန်ဖြူ လှိုင်လှိုင်ထွက်ရှိသည့် ကာလ ဖြစ်ပါတယ်။ ကြက်သွန်ဖြူကို ရာသီခြံအဖြစ် သီးသန့် စိုက်ပျိုးကြသလို စပါးရိတ်သိမ်းပြီး လယ် မြေများတွင်လည်း စိုက်ပျိုးကြပါတယ်။ တူးဖော်ပြီး ချိန်မှာတော့သုံးလေးရက်ခန့် နေလှန်းပြီး စည်း၍ အိမ်မှာ   လှောင်ထားတတ်ကြပါတယ်။   တချို့ ကလည်း စုပုံထားတတ်ကြပါတယ်။ ကြက်သွန်ဖြူ ဟာဆိုရင်  တစ်နှစ်မှာ တစ်ကြိမ်သာ စိုက်ပျိုးတဲ့ စားသောက်ကုန်မျိုး ဖြစ်ပါတယ်။
ပြည်နယ်ဦးစီးမှူး။ ကြက်သွန်ဖြူ အထွက်နှုန်းကို ပြောပြပေးပါ။
ဦးသန်းမောင်။  အထွက်နှုန်းအနေနဲ့ မျိုးထည့်သွင်း သည့် ပိဿာချိန်အပေါ်   အခြေခံပြီး တွက်ချက် ကြပါတယ်။  ကြက်သွန်ဖြူပိဿာ ၁၀၀ စိုက်လျှင် ခုနစ်ဆ၊ ရှစ်ဆခန့် ထွက်ရှိပြီး၊လွန်ခဲ့တဲ့ ငါးနှစ်ခန့် က ပိဿာချိန် ၁၀၀၀(၁၀ဆ)အထိ ထွက်ရှိခဲ့ပါတယ်။ တောင်သူတစ်ဦးနဲ့ တစ်ဦးလည်း ထွက်ရှိမှု နှုန်း ထားများမတူညီကြသလို စိုက်ပျိုးတဲ့မြေ၊ ရာသီ ဥတု၊  သွင်းအားစု ထည့်သွင်းမှုတို့အပေါ် မူတည် ပြီး အထွက်နှုန်းကွာခြားပါတယ်။
ပြည်နယ်ဦးစီးမှူး။   ကြက်သွန်ဖြူ ရောင်းဝယ်မှု အခြေအနေများကို ပြောပြပေးပါ။
ဦးသန်းမောင်။ ရောင်းဝယ်မှုအနေဖြင့် ကြက်သွန် ဖြူအား မျိုးခြား ထူး-၁၊ ထူး-၂၊ ထူး-၃၊ ထူး-၄၊ ထူး-၅ လို့ အဆင့်ခွဲပြီး ဈေးကွက်မှာ ရောင်းဝယ်လျက် ရှိပါတယ်။ မျိုးခြား ထူး-၁၊ ထူး-၂ တို့ဆိုရင်  ဒေသ တွင်းမှာသာ အရောင်းအဝယ်  လုပ်ကြပါတယ်။ ထူး-၃၊ ထူး-၄၊ ထူး-၅ တို့ကိုတော့ ရန်ကုန် ဈေး ကွက်သို့ တင်ပို့ရောင်းချပါတယ်။ အောက်တိုဘာ လမှာ စိုက်ပျိုးတဲ့ ကြက်သွန်ဖြူများ အားလုံးနီးပါးကို ရောင်းချပြီးတော့ လယ်မြေမှာ အသုံးပြုဖို့ ပိုးသတ် ဆေး စတဲ့  သွင်းအားစုတွေကို ဝယ်ယူရပါတယ်။ နိုဝင်ဘာလမှာစိုက်တဲ့ ကြက်သွန်ဖြူတွေ ထွက်ရှိ ချိန်မှာတော့ မိသားစု စားစရိတ်၊ ပွဲလမ်းသဘင်များ မှာ သုံးစွဲဖို့အတွက်  အနည်းငယ်သာ ရောင်းချပြီး သိုလှောင်ထားတတ်ကြပါတယ်။   တစ်နှစ်ပတ်လုံး အရောင်းအဝယ်ရှိသလို ပွဲရုံများအနေနဲ့ သြင်္ကန် ကာလ (ဧပြီလ) ကြက်သွန်ဖြူ  လှိုင်လှိုင်ထွက်ချိန်၊ ဈေးကျချိန်မှာ   ဝယ်ယူသိုလှောင်ထားတတ်ကြ ပါတယ်။
ပြည်နယ်ဦးစီးမှူး။ ဈေးကွက်မှာ အောင်ပန်း ကြက် သွန်ဖြူ နာမည်ပိုပြီး ရတယ်ဆိုတာ သိရပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။
ဦးသန်းမောင်။    အောင်ပန်း  ကြက်သွန်ဖြူနဲ့ ကျောက်တစ်လုံး ကြက်သွန်ဖြူယှဉ်ပါက ဈေးကွက် မှာ အောင်ပန်းကြက်သွန်ဖြူက  ဈေးနှုန်းပိုမိုရရှိပါ တယ်။ အောင်ပန်း ကြက်သွန်ဖြူဟာ အမြီးတိုပြီး၊ အရွယ်အစားကွာဟမှု နည်းပါးလို့ဖြစ်ပါတယ်။
ပြည်နယ်ဦးစီးမှူး။ ကြက်သွန်ကြော်လုပ်ငန်း အကြောင်းကိုလည်း နည်းနည်းလောက် ပြောပြ ပေးပါ။
ဦးသန်းမောင်။  ကြက်သွန်ဖြူထူး-၄ နဲ့ထူး-၅တို့ဟာ ကြက်သွန်ဖြူ ဥကြီးများဖြစ်လို့   မိတ္ထီလာမြို့သို့ တင်ပို့ရောင်းချကြပါတယ်။ အဓိကအားဖြင့် ကြက် သွန်ဖြူ အစိမ်းပိဿာ ၁၀၀ မှာ ကြက်သွန် ကြော် ပိဿာ ၄၀မှ ၄၈ပိဿာအထိ ရရှိပါတယ်၊ မိတ္ထီလာ မြို့နဲ့ မန္တလေးမြို့သို့ ကြက်သွန်ကြော်ရန်  တင်ပို့ ရောင်းချခြင်း ဖြစ်ပါတယ်။ ကြက်သွန် ကြော်ပြုလုပ် ရာမှာ သုံးစွဲရတဲ့ထင်းဟာ ဇီးခွဲခြမ်းကို အသုံးပြု ရခြင်း ဖြစ်ပါတယ်။ ကုန်ကြမ်းသုံးစွဲမှု (ဈေးနိမ့် သော စားသုံးဆီ၊ ကော်မှုန့် များများ ထည့်သုံးခြင်း)တို့အပေါ် မူတည်ပြီး ကြက်သွန်ကြော်နှုန်းမှာ တစ် ပိဿာလျှင် ကျပ် ၈၀၀-၁၀၀၀ ကွာခြား လျက် ရှိပါတယ်။
ပြည်နယ်ဦးစီးမှူး။ ပြည်ပနိုင်ငံများနဲ့ ကြက်သွန်ဖြူ ရောင်းဝယ်မှု အခြေအနေကို ပြောပြပေးပါ။
ဦးသန်းမောင်။  မိုင်းပန်၊ လဲချား ဒေသများမှ ထွက် ရှိသော ခရမ်းစွဲကြက်သွန်ဖြူ များကို ထိုင်းနိုင်ငံက ဝယ်ယူပြီး ဝမ်ပုံမှတစ်ဆင့် သယ်ယူရောင်းချလေ့ရှိ ပါတယ်။ထိုင်းနိုင်ငံက ဝယ်လျှင်တော့ ထူး-၁၊ ထူး-၂ ကို အဝယ်များပြီး၊ ဈေးနှုန်းမှာ  ကျပ် ၃၀၀၀-၃၅၀၀ ခန့်ရှိပါတယ်။ တရုတ်နိုင်ငံမှ ကြက်သွန်များ လည်း မူဆယ်၊ မြစ်ကြီးနားဘက်မှ ဝင်ရောက်လျက် ရှိပြီး ဈေးနှုန်းမှာလည်း ယခုအချိန်တွင် ကျပ် ၁၇၀၀-၁၈၀၀ ခန့်သာရှိပါတယ်။ တရုတ် ကြက် သွန်ဖြူဟာ ဈေးနှုန်းနည်း၍ ကြော်ရောင်းသူများ အတွက် အဆင်ပြေပြီး အရသာကတော့ ရှမ်းကြက် သွန်ဖြူက ပိုမိုကောင်းမွန်ပါတယ်။ စားသုံးခြင်းနဲ့ အကြော်အဖြစ် ပြုလုပ်ရောင်းချခြင်းတို့မှာ ကုန် ကြမ်းသုံးစွဲမှုမှာ အတူတူပင်ဖြစ်နိုင်ပါတယ်။ယနေ့ ဈေးနှုန်းအခြေအနေမှာ မျိုးခြားကျပ် ၁၉၀၀၊ ထူး-၁ ကျပ် ၂၀၀၀၊ ထူး-၂ ကျပ် ၂၂၀၀၊ ထူး-၃ ကျပ် ၂၅၀၀၊ ထူး-၄ ကျပ် ၂၈၀၀၊ ထူး-၅ ကျပ် ၃၀၀၀ တို့ဖြစ်ပါတယ်။ ထူး-၃  နဲ့ ထူး-၄ တို့ကို  မျိုးအဖြစ် သုံးစွဲကြပါတယ်။  ကျောင်းဖွင့်ချိန်များမှာ  ဈေး ကျလေ့ရှိပါတယ်။ အသင်းအဖွဲ့များ၊ ပွဲရုံပိုင်ရှင်များ က ပြည်ပသို့   တင်ပို့ရောင်းချနိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့မှုများ  မရှိသည်ကို တွေ့ရှိရပါတယ်။ တာချီလိတ်အထိသာ အရောင်းအဝယ်ဖြစ်လျက်ရှိ ပါတယ်။  ယခင်က မုံရွာလမ်းမှ အိန္ဒိယသို့ ကြက် သွန်ဖြူ တင်ပို့မှုရှိသော်လည်း ယခုအခါမှာ တင်ပို့ ခြင်းမရှိတော့ပါဘူး။
ပြည်နယ်ဦးစီးမှူး။ မျိုးထားရှိမှုနဲ့ ကြက်သွန်စိုက် တောင်သူများရဲ့ အခက်အခဲကို ပြောပြပေးပါ။
ဦးသန်းမောင်။ စိုက်ပျိုးမယ့် ကြက်သွန်မျိုးများကို စိုက်ပျိုးမယ့်ရက်မတိုင်မီ ၁၄ ရက်ခန့်မှာ အမွှာခွဲ၊ နေလှန်းထားပြီး စိုက်ပျိုးကြပါတယ်။ အဲဒီလို စိုက် ပျိုးကြရာမှာ အမွှာရဲ့ အခွံလုံးမှသာ အပင် အောင် မြင်ခြင်း၊  အထွက်နှုန်း မှန်ခြင်းတို့  ရရှိပါတယ်။ ကြက်သွန်ဖြူမျိုး အတွက်ခြံတစ်ခြံထဲမှ ထွက်ရှိမှုကို မျိုးအဖြစ် သီးသန့်ရောင်းချကြပါတယ်။ကြက်သွန် ဖြူ တောင်သူတွေရဲ့ အခက်အခဲတွေကတော့ သွင်းအားစုများ (ပုလဲဓာတ်မြေသြဇာ) သုံးစွဲဖို့ ဝယ်ယူရာမှာ  စစ်မှန်ကောင်းမွန်တဲ့  မြေသြဇာများ မရရှိနိုင်ခြင်း၊ တရုတ်ပုလဲ၊ မြန်မာပုလဲ ရယ်လို့ အမျိုးမျိုး ကွဲပြားပြီး ဈေးနှုန်းသာ ပိုပေးလိုက်ရသော် လည်း မြေသြဇာအိတ်အတွင်းမှာကို တူညီနေတာ တွေ့ရပါကြောင်း၊ မျိုးဈေးများလည်း အနည်းငယ် မြင့်လာခဲ့ပါတယ်။ အချို့မျိုးတွေက ဈေးကြီးတဲ့ အတွက် ယခင်နှစ်က  ပလပ်မြေထားခဲ့သည်များ လည်းရှိတယ်လို့ ပြောပြပါတယ်။
ပြည်နယ်ဦးစီးမှူး။ ကြက်သွန်ဖြူသိုလှောင်မှု အခြေ အနေကိုလည်း ပြောပြပေးပါ။
ဦးသန်းမောင်။  ကြက်သွန်ဖြူကို သိုလှောင်ရာမှာ အပင်လိုက်   ချိတ်ဆွဲ၍ လည်းကောင်း၊ အိတ်နဲ့ ထည့်ပြီး စီထပ်သိုလှောင်၍ လည်းကောင်း၊ ပွဲရုံ အတွင်းစု ပုံ၍လည်းကောင်း သိုလှောင်ကြပါတယ်။ ဇွန်လမှ စတင်သိုလှောင်ပြီး၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ အထိ သိုလှောင်ကြပါတယ်။ အချိန်ကာလ ကြာ မြင့်ပေမယ့် ကြက်သွန်ဖြူဥများဟာ တဖြည်းဖြည်း ပိန်ခြောက်လာတာကလွဲပြီး   ပိုးမွှားရောဂါများ ကျရောက်ခြင်းမရှိပါဘူး။
ပြည်နယ်ဦးစီးမှူး။  ကြက်သွန်ဖြူ ရောင်းဝယ်မှု အခြေအနေကိုလည်း ပြောပေးပါ။
ဦးသန်းမောင်။  ကြက်သွန်ဖြူ ရောင်းဝယ်မှုကတော့ တောင်သူတွေအနေနဲ့  ဓာတ်မြေသြဇာ ဝယ်ယူဖို့ အတွက် ကြိုတင်ငွေယူထားတဲ့  ပွဲရုံများသို့ သီးနှံ ပေးသွင်းကြပြီး  ပွဲရုံတွေကနေ ကားသမားများနဲ့ ငွေပေး ငွေယူပြုလုပ်ခြင်း၊ ကြက်သွန်ဖြူ သယ်ပို့ ခြင်းတို့ကို  ဆောင်ရွက်ကြပါတယ်။  ကားသမား တွေကလည်း မြေသြဇာစတင်ပေးပို့ချိန်က ခြံအထိ ပေးပို့ခဲ့သူများဖြစ်ကြသလို စိုက်ပျိုးမှုတွေကိုလည်း အသေးစိတ် သိရှိကြပါတယ်။ ဒါ့အပြင် ထွက်ရှိချိန် မှာလည်း ကြက်သွန်များသိမ်း၍ ပွဲရုံသို့ ပြန်သွင်း ခြင်းများ လုပ်ကိုင်နေကြလို့ ကြားပွဲစားတွေလို ဖြစ် နေကြပါတယ်။ဒီလိုအခြေအနေ တွေကြောင့် ကုန် စည်ဒိုင်မှာ ရောင်းဝယ်ခြင်းလုပ်ငန်းများ လုပ်ကိုင် လာမယ်လို့တော့ မထင်တော့ပါဘူး။
ပွဲရုံတွေကနေ ငွေနဲ့လာရောက်  ရောင်းတာ တွေ၊ ဝယ်တာတွေ မရှိပါဘူး။ ဆက်သွယ်ရေးလုပ် ငန်းများလည်း ကောင်းမွန်လာပြီဖြစ်လို့တောင်သူ တွေအနေနဲ့ အိမ်မှာနေရင်းနဲ့ တစ်နိုင်ငံလုံးရဲ့ ဈေး နှုန်းတွေကို စုံစမ်းပြီး မိမိကြိုက်တဲ့ပွဲရုံကို တင်ပို့နေ ကြပါတယ်။  ကားသမားတွေကလည်း   သူတို့ အတွက် ခေါက်တို သယ်ယူခရဖို့ မြို့ပေါ်ပွဲရုံတွေမှာ မတင်တော့ဘဲ ရွာအထိ ဆင်းပြီးတော့တင်ပို့လာ ကြတာတွေကို သိရှိရပါတယ်။ ပြည်ပတင်ပို့ဖို့ ဈေး ကွက်အနည်းငယ်ရှိတဲ့အခါမှာလည်း ရန်ကုန်က သာ ကုန်စုပြီး တင်ပို့လေ့ရှိပါတယ်။   ထွက်ရှိတဲ့ ဒေသအထိ လာရောက်ဝယ်ယူတာမျိုး မရှိပါဘူး။
ပြည်နယ်ဦးစီးမှူး။ ကြက်သွန်ဖြူ ရန်ကုန်တင်ပို့မှု နဲ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ရောင်းဝယ်မှု   အခြေ အနေကို ပြောပြပေးပါ။
ဦးသန်းမောင်။  ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူ များကို ရန်ကုန်ပွဲရုံများသို့ တင်ပို့ပါတယ်။ အဲဒီလို တင်ပို့တဲ့အခါမှာ  ရန်ကုန်ပွဲရုံတွေက  အရောင်း အဝယ်ဖြစ်မှုအနေနဲ့ ငွေကျပ် ၁၀၀ မှာ ပွဲခအဖြစ် ၃ ကျပ်ယူပါတယ်။ ဒါကြောင့်မို့ ရန်ကုန်ပွဲရုံများသို့  ကြက်သွန်ဖြူတင်ပို့မှုလျော့နည်းတာကို   တွေ့ရ ပါတယ်။ ရှမ်း(တောင်)အနေနဲ့တိုက်ရိုက်နထစသမအ တင်ပို့ခြင်း  မရှိခဲ့ပါဘူး၊၊ တာချီလိတ် အထိသာ တင်ပို့ရောင်းချမှုရှိပြီးတော့  တာချီလိတ်ကနေ တစ်ဆင့် ဟိုင်းလပ်ကားတွေနဲ့ ထိုင်းနိုင်ငံကို စီးပွား ရေးအဖွဲ့အစည်းတွေကနေ တင်ပို့ ရောင်းချနေကြ ပါ တယ်။
ရှမ်း(တောင်)ကနေ အဓိကတင်ပို့နေတဲ့ သူတွေက တော့ ဦးထွန်းမြင့်၊ ဦးညွန့်ဦး၊ ဦးအောင်ထွန်းတို့ဖြစ် ပါတယ်။ ကြက်သွန်ဖြူ အရည်အသွေးနဲ့ ပတ် သက်လို့ကတော့ ထိုင်းနိုင်ငံဘက်က ကန့်သတ် ချက်မရှိတာကိုတွေ့ရပါတယ်။ ဝယ်ယူတဲ့အချိန်က တော့  ဇွန်လ ကြက်သွန်အခွံခြောက်ချိန်မှ စတင် ဝယ်ယူပြီး၊ မိုင်းပန်ဘက်ကထွက်တဲ့ ကြက်သွန်ဖြူ ကို မျိုးအဖြစ် အသုံးပြုကြပြီး လဲချား ကြက်သွန်ဖြူ (ခရမ်းစွဲ)တွေကိုတော့ ပြန်လည်ပြုပြင်ထုပ်ပိုးပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနေတယ်လို့ သိရပါ တယ်။
ပြည်နယ်ဦးစီးမှူး။ ကြက်သွန်ဖြူ စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချမှုနဲ့ပတ်သက်ပြီး  တခြားဘာများ အကြံပြုလိုပါသလဲ။
ဦးသန်းမောင်။ အထွက်ကောင်းမျိုးများကို နှစ်စဉ် ရွေးချယ်စိုက်ပျိုးသွားကြဖို့၊  အရည်အသွေး စံချိန်မီ တဲ့ မြေသြဇာများကို ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ကြီးကြပ်ဆောင်ရွက်ပေးသွားဖို့၊ တစ်ဧက ထုတ်လုပ်မှု   ကုန်ကျစရိတ်များ  လျှော့ချနိုင်ရေး အတွက်  ဆောင်ရွက်သွားကြဖို့၊ ကြက်သွန်ဖြူ ပြည်ပဈေးကွက်   ချိတ်ဆက်ရောင်းဝယ်နိုင်ရေး အတွက်   ဆောင်ရွက်ပေးသွားဖို့၊  ကြက်သွန်ဖြူ စိုက်ပျိုး၊ထုတ်လုပ်၊တင်ပို့၊ ရောင်းချသူများအသင်း အစည်းအဝေးများ ကျင်းပသွားဖို့ အကြံပြုလိုပါ တယ်။
ပြည်နယ်ဦးစီးမှူး။ အခုလို ကြက်သွန်ဖြူစိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ ရောင်းချမှုနဲ့ပတ်သက်ပြီး ပြည့် ပြည့်စုံစုံ ဖြေကြားပေးခဲ့တဲ့အတွက် ဦးသန်းမောင် ကို အထူးကျေးဇူးတင်ရှိပါတယ်။
ဦးသန်းမောင်။  ဟုတ်ကဲ့ ကျွန်တော့်အနေနဲ့လည်း ကျွန်တော်တို့ ကြက်သွန်ဖြူလောကနဲ့ပတ်သက်ပြီး ပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။

စောမောင်၊တောင်ကြီး

 

 

Local Trade News

Pages