တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ကုန်သွယ်နိုင်မှု

Fri, 01/05/2024 - 10:23 -- DotBorderdep

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ၂ရက်ထိ) ပို့ကုန်ကန်ဒေါ်လာ (၀.၁၇၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၀.၀၃၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၀.၂၁၇) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂-၁-၂၀၂၄)ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၁၀၂) တန်၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း၊ကြက်သွန်ဖြူ(၁၅) တန်၊ တန်ဖိုး (၀.၀၅၃) ဒေါ်လာသန်း၊ငရုတ်သီးခြောက် (၃၀) တန် တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း နှင့် ကြက်သွန်နီ(၃၂) တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ စုစုပေါင်း(၀.၁၇၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁) သိန်းလျှင် (၁၀၂၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၂-၁-၂၀၂၄) ရက်တွင်ဘိလပ်မြေ(၀.၀၁၁)ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား(၀.၀၀၆) ဒေါ်လာသန်း၊ မျက်နှာကျက်ပြား (၀.၀၀၅) ဒေါ်လာသန်း၊မီးခံအုတ် (၀.၀၀၉) ဒေါ်လာသန်း၊ ​ကြွေပြား(၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဘူးခွံ (၀.၀၀၀၃)ဒေါ်လာသန်းအပါအဝင် (၀.၀၃၈) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Border Trade News

Pages