Myanauto Expo 2015 ပြပွဲ ပြသမည်

Fri, 10/09/2015 - 14:31 -- admin_ygn

     မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ် လုပ်သူများနှင့်ဖြန့်ဖြူးတင်သွင်းရောင်းချသူများအသင်းမှကြီးမှူး၍ myanauto Expo 2015 ပြပွဲကို ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှကုမ္ပဏီများနှင့်ပြပွဲပြသသူပေါင်း ၂၁၀ ကျော်တို့ ပါဝင်ပြသကြမည်ဖြစ် ကြောင်း သိရသည်။ ယင်းပြပွဲတွင် မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အပိုပစ္စည်းများကိုပါ အမှတ်တံဆိပ်စုံလင်စွာ ပြသထားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါပြပွဲတွင် နစ်ဆန်းကားကုမ္ပဏီမှ ပြပွဲသို့လာရောက်လေ့ လာကြည့်ရှုဝယ်ယူသည့် ပြည်သူများ အား အထူးလျှော့ဈေးများဖြင့်ရော င်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြပွဲတွင် မော်တော်ယာဉ်နှင့် ပတ်သက်သည့် နည်းပညာဆွေးနွေး ဟောပြောပွဲများကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်ပြီး  အဆိုပါဆွေးနွေး ဟောပြောပွဲကို အောက်တိုဘာလ ၁၀ ရ က်တွင် ပြပွဲကျင်းပရာ MEP ခန်းမ အတွင်းတွင်ပင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
      ''မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းအနေနဲ့ ဒီပြပွဲကိုနိုင်ငံတကာကပါ ပါဝင်လာနိုင်အောင် စည်းရုံးပေးတဲ့ AMB Event Group ကို ကျေးဇူးတင်ပါတယ်။ ဒီပြပွဲဟာ MAMDA အသင်းဝင်တွေသာမက အများပြည်သူတွေကိုပါ မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ကုန်ပစ္စည်းအသစ်တွေ၊ နည်းပညာအသစ်အဆန်းတွေကို လေ့လာခွင့်ရရှိကြမှာဖြစ်တဲ့အတွက် ဒီအခွင့်အရေးကိုလက်လွတ်မခံဘဲ လာရောက် ကြ ည့်ရှုလေ့လာကြဖို့ ဖိတ် ခေါ်လိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ မော်တော်ယာဉ် ဈေးကွက်အနေအထားနဲ့ အနာဂတ်ကာလမှာဖြစ်ပေါ်လာမယ့်  မော်တော်ယာဉ်ဈေးကွက် အနေအထားကို လေ့လာခွင့်ရမယ့်အြ ပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြပွဲတစ်ပွဲဖြစ် လာမယ်လို့ယုံကြည်ပါတယ''ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်သူများနှင့် တင်သွင်းရောင်းချသူများအသင်း၏ဥက္ကဋ္ဌဖြစ်သူ ေ ဒါက်တာစိုးထွန်းက ပြောကြားခဲ့သည်။

 

မယ်သီတာ