၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေသစ်ကို ပြဋ္ဌာန်းမည်

Tue, 11/08/2016 - 05:51 -- admin_ygn

        ၂၀၁၇ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးအတွက်အရေးပါသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို ထုတ်ပြန်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန် ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါနည်းဥပဒေ ပထမမူကြမ်းကို ယခုနှစ်နိုဝင်ဘာလကုန်ပိုင်း၌ အပြီး သတ်ရေးဆွဲမည်ဖြစ်ပြီး ဒုတိယမူကြမ်းကို ဒီဇင်ဘာလအတွင်း အပြီးသတ်ရေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
      "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေများများ ဝင်ရောက်လာဖို့ နည်းဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းဖို့လိုအပ်နေတယ်။ နည်းဥပဒေထွက်ပေါ်လာမှသာ နိုင်ငံခြားက မြန်မာနိုင်ငံကို စောင့် ကြည့်နေတဲ့ လုပ်ငန်းရှင်တွေ ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် နည်းဥပဒေကို လာမယ့်နှစ်စမှာ ထုတ်ပြန်နိုင်အောင် လုပ်ဆောင်နေပါတယ်"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစန်းမြင့်ကပြောကြားခဲ့သည်။ ယခုထွက်ရှိခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်သည် ယခင်ဥပဒေထက်  အားသာချက် များစွာ ရှိနေပြီး ကုန်ထုတ်လုပ်ငန်းများကို အားပေးသည့်သဘော သို့ သက်ရောက်နေသောကြောင့်ရင်းနှီး  မြှုပ်နှံလိုသူများ ပိုမိုဝင်ရောက်လာနိုင် ကြောင်း၊ ထို့အပြင် အချို့သော ရင်းနှီး မြှုပ်နှံမှုများကို တိုင်းဒေသကြီးနှင့်ပြည် နယ်များသို့ လုပ်ပိုင်ခွင့်များ ချထားပေးမည်ဖြစ်ပြီး ယင်းကဲ့သို့ လုပ်ပိုင်ခွင့်များ ချထားပေးနိုင်ရန်အတွက် နည်းဥပဒေကို အမြန်ဆုံး ထုတ်ပြန်နိုင်ရန် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း၊ နည်းဥပဒေတွင် ယင်းကဲ့သို့သောလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားကြောင်း ၎င်းက ထပ်မံပြော ကြားခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages