အဝင်များပြီး အရောင်းသွက်နေသည့် မိတ္ထီလာကြက်သွန်နီ

Thu, 01/16/2020 - 07:58 -- admin_ygn

     ယခုအပတ်  မိတ္ထီလာခရိုင်အတွင်း မြိတ်စားကြက်သွန်နီထွက်ရှိမှု ကုန်သလောက်ရှိပြီး ဇော်မွှားကြက် သွန်နီထွက်ရှိမှုလည်း များလာပြီဖြစ်သည်။  ယခင်အပတ်က  ရာသီဥတုအခြေအနေကြောင့် ပစ္စည်း အထွက်နည်း အဝင်နည်းခဲ့ခြင်း၊  ဘင်္ဂလားဒေ့ရှ် လိုင်း ကုန်သည်များမှလည်း ပစ္စည်းလိုအပ်ချက်များရှိ၍ နယ်သို့ကိုယ်တိုင်ဆင်း၍ဝယ်ယူမှုရှိခဲ့ခြင်းတို့ကြောင့် ဈေးသိသိသာသာ တက်ခဲ့သည်။ ယခုအခါတွင် ရာသီဥတုပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ကြက်သွန်နီအဝင်များလာပြီဖြစ်ကြောင်း၊  တင်ပို့မှုအနေဖြင့် ရန်ကုန်နှင့်မော်လမြိုင်သို့တင်ပို့မှုများကြောင်း ၊ ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ/ ၂၀ဝ၀ ဈေးရှိပြီး  ယခုအပတ်တွင်  ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၂၀ဝ/၁၇၀ဝ ဈေးသာရှိ ကြောင်း ကြက်သွန်နီ ကုန်သည် များထံမှ စုံစမ်းသိရှိရသည်။ 

 

မူမူသန်း(မိတ္ထီလာ)    

Local Trade News

Pages