အလားအလာရှိသော ပို့ကုန်အမယ်သစ် ဆီသီးအဆီ

Fri, 08/16/2019 - 04:16 -- admin_ygn

 

မျိုးရိုးဗီဇနှင့်အသုံးဝင်ပုံ

      ဆီသီးအပင် (Tung Tree)သည် အပူပိုင်း ဒေသအပင်များဟု ယေဘုယျခေါ်ဝေါ်သော အပင် မျိုးဖြစ်ပါသည်။ နို့ရည်နှင့်တူပြီး ခါးသည့် အစေးပါ ရှိသော အပင်ငယ်အနွယ်တူမျိုးကွဲအစုတွင်ပါဝင်သည်။ အာရှအရှေ့ပိုင်းနှင့် ပစိဖိတ်ကျွန်းများတွင် မူလပထမပေါက်လေ့ရှိပြီး ဥရောပနှင့် အမေရိကန် နိုင်ငံများတွင် စိုက်ပျိုးကြသည်ကို တွေ့ရသည်။ အရွယ်ရောက်သည့် အပင်များ၌ ကြီးမား၍ ကျယ်ပြန့်သောအရွက်များရှိပြီး အမြင့်(၁၈)မီတာ ပေ၆၀ထိ မြင့်မားသည်။ ထင်ရှားပေါ်လွင်နေသော အဖြူရောင်ပန်းများတွင် ပွင့်ဖတ်သုံးခုနှင့် ဝတ်ဆံဖို ရှစ်ခုမှ ၂၀ အထိရှိသော ပွင့်မဝတ်ဆံတစ်ခုရှိပါ သည်။ အသားများ၍ အစေ့မာသောသစ်သီးများ တွဲလောင်းကျ၍ သီးပါသည်။ အစေ့ များကို အပူ ပေးပြီးအမှုန့်ကြိတ်ကာ အညိုပုပ်ဆီဖြစ်အောင် ဖိကြိတ်လိုက်သည့်အခါ အမည်းရောင် (Tung Oil) ရရှိပါသည်။ အဖြူရောင် Tung Oil ရောသော အဝါ ရင့်ရောင် Tung Oil သည် အပူမပေးဘဲ ဖိကြိတ် ထားသောအေ စ့မှ ရရှိသည်။ အဆိုပါ အသီးများမှ Tung Oil ဟုခေါ်ဝေါ်သော တန်ဖိုးရှိသည့်ဆီများ ထွက်ရှိကာ ဆိုးဆေးများထုတ်လုပ်ရာတွင် အသုံး ပြုပါသည်။ အစွမ်းထက်သော အခြောက်ဓာတ် ပစ္စည်းအဖြစ် သင်္ဘောဆေးများ (Paints)၊ အရောင် တင်ဆေးဆီများ ထုတ်လုပ်ရာတွင် အသုံးပြုပြီး ရေစိမ်စက္ကူနှင့် ပန်းအိုးများပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။

မူဆယ်ဒေသတွင် စတင်စိုက်ပျိုး

     ဆီသီးပင်ကို ၁၉၃၇ ခုနှစ် မတ်လတွင် တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ မန်စီဒေသ၊ စန်ဂရော်အိုင်မှ ဆီသီးတစ်တင်းလျှင် ငွေဒင်္ဂါး(၁၀)ဖြင့် မူဆယ်မြို့ နယ်၊ မန်ပြိန်ကျေးရွာအုပ်စု မန်နောင်ယာရွာ၌ ဟော်ဝါးဒူဝါခန်ဖုန်းဦး လဗျလဂေါင်နှင့် ဦးလဗျခါး လီ(နမ့်ချက်)တို့က ပထမဆုံး စတင်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။ ဆီသီးပင်ကို သီးသန့်စိုက်ပျိုးခြင်း မဟုတ်ဘဲ လက်ဖက်ခြံများအတွင်း၌ ရောနှောစိုက်ပျိုးသည့် စနစ်ဖြင့်သာ စိုက်ပျိုးကြသည်။ အများအားဖြင့် တောင်ယာစပါးစိုက်ပျိုးသည့်အခါ ဆီသီးမျိုးစေ့ များကို ကြဲချခြင်း  သို့မဟုတ်  ပေါက်ပြားတစ်ခါ ပေါက်ပြီး မြေဖုံးကာချစိုက်သည့်စနစ်ဖြင့် စိုက်ပျိုးခဲ့ ကြသည်။

အထွက်နှုန်း

    မြေဩဇာကောင်းမွန်သည့် မြေနေရာများ တွင် စိုက်ပျိုးပါက သုံးနှစ်မှ စတင်သီးပြီး၊ ပုံမှန်မြေ မျိုး၌ (၄-၅)နှစ်တွင် အသီးစတင်သီးပါသည်။ အသီး စတင်သီးချိန်မှ နှစ်နှစ်၊ သုံးနှစ်အကြာ အသီးသီးပြီး သည့် အပင်တစ်ပင်၏ ပျမ်းမျှအထွက်နှုန်းမှာ ၁၀ ပြည်ခန့်ရရှိသည်။ ဆီသီးခြောက်တစ်တင်း၏ ပျမ်းမျှအလေး ချိန်မှာ ၂၀ ကီလိုဖြစ်ပြီး ခြောက်သွေ့လွန်းပါက ၁၉ ကီလိုခန့်သာရှိသည်။ ဆီသီးခြောက်အခွံပါ ကီလို ၁၀ဝ ကို ကြိတ်ခွဲပါက အဆီ ၂၃ ကီလို ထွက်ရှိသည် ဟု သိရသည်။ ဆီသီးအား မူဆယ်ဒေ သ၌ စိုက်ပျိုး ခဲ့သည်မှာ နှစ် ၈၀ ခန့်  ရှိပြီဖြစ်သော်လည်း  ဈေး ကောင်းမရခြင်း၊ ဈေးကွက် မကျယ်ပြန့်ခဲ့ခြင်းကြောင့် စနစ်တကျစိုက်ပျိုးမှုမရှိကြောင်း တွေ့ရှိရသည်။

ဆီသီးဈေးနှုန်းများ

      ဆီသီးခြောက်ဈေးနှုန်းများမှာ ၂၀ဝ၂ - ၂၀ဝ၃ က တစ်တင်းလျှင်ကျပ် ၁၅၀ဝ၊ ၂၀ဝ၃ -၂၀ဝ၄ က တစ်တင်းလျှင်ကျပ်၂၅၀ဝ၊ ၂၀ဝ၄ - ၂၀ဝ၅ ကတစ်တင်းလျှင်ကျပ် ၆၂၀ဝ၊ ၂၀ဝ၅ - ၂၀ဝ၆ ကတစ်တင်းလျှင်ကျပ်၄၅၀ဝ၊ ၂၀၁၈ - ၂၀၁၉ က တစ်တင်းလျှင် ကျပ်၁၈၀ဝ၀ ပေါက်ဈေး ရှိကြောင်း သိရသည်။

စိုက်ပျိုးထားရှိမှုအခြေအနေ

     မူဆယ်ခရိုင်အတွင်း၌ စိုက်ပျိုးထားရှိသော ဆီသီးပင် စိုက်ဧကမှာ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးရုံး၊ မူဆယ်မြို့မှ ပြုစုထားရှိသောစာရင်းအရ မူဆယ် မြို့နယ်တွင် ၁၂၇၄ ဧက၊ နမ့်ခမ်းမြို့နယ်တွင် ၁၃၅၄ ဧကနှင့် ကွတ်ခိုင်မြို့နယ် တွင် ၁၅၄ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

ရောင်းချနေမှုအခြေအနေနှင့် ရှေ့အလားအလာ

      မူဆယ်ခရိုင်အတွင်းမှ ဆီသီးစိုက်ပျိုးလုပ် ကိုင်သူများသည် အသီးခြောက်နှင့်ကြိတ်ခွဲပြီး ထွက် ရှိသော (Tung Oil) ဆီသီးအဆီများကို တစ်ဖက် တရုတ်နိုင်ငံသို့ နယ်စပ်ထွက်ပေါက်များမှ အဆင် ပြေသည့် နည်းလမ်းဖြင့် တင်ပို့ရောင်းချနေကြပါ သည်။ ပြည်ပပို့ကုန်အနေဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ တရားဝင်တင်ပို့ရောင်းချမှုမရှိသဖြင့် နိုင်ငံ တော်မှ ရသင့်ရထိုက်သော အခွန်အခများ ဆုံးရှုံး လျက်ရှိသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဆီသီး အဆီ (Tung Oil)ပစ္စည်းအမယ်အား တရုတ်နိုင်ငံ ဈေး ကွက်သို့ တရားဝင်တင်ပို့နိုင်ရေးအတွက် ဈေးကွက် ရှာဖွေပေးရန် လိုအပ်မှု ရှိနေခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ တစ်ဖက်တရုတ်နိုင်ငံမှ ဝယ်လိုအား ရှိလာပါက မြန်မာဘက်မှကုန်သည် လုပ်ငန်းရှင်များက စိုက်ပျိုးထုတ်လုပ်မှုများနှင့် ချိတ်ဆက်ကာ တရားဝင်အမယ်သစ်အဖြစ်တင်ပို့နိုင်မည့် အလား အလာများရှိသည်။

     နယ်စပ်ကုန်သွယ်မှုကဏ္ဍ၌ ပို့ကုန်တိုးတက် ရေးအတွက်   မိမိတို့ဒေသတွင်းမှ  ထွက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေး၊ ဈေးကောင်းရရှိပြီး အကျိုးအမြတ်ရရှိရေးတို့အတွက် သက်ဆိုင်ရာ Stakeholder များအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူ များအနေဖြင့် သက်ဆိုင်ရာ သီးနှံများထွက်ရှိရာ ဒေသအလိုက် ကုန်ချောထုတ်လုပ်နိုင်သော နည်း ပညာဖြင့် စက်ရုံများ၊ စက်မှုဇုန်များ ထူထောင်ကြ ရန်လိုအပ်ပါသည်။ သို့မှသာ ဈေးနှုန်းနည်းနည်း ရရှိသော ကုန်ကြမ်းများတင်ပို့နေမှု၊ တစ်ဖက်နိုင်ငံ၏ လိုအပ်လျှင်တစ်မျိုး၊ မလိုအပ်လျှင်တစ်မျိုး ဈေး ကွက်ကစားမှုကို ကာကွယ်နိုင်မည်ဖြစ် ပါသည်။ ယခုဆီသီးအဆီ(Tung Oil)အား မြောက်မြားစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပို့ကုန်အလားအလာရှိ သော အမယ်သစ်တစ်ခု ထပ်မံပေါ်ထွက်လာတော့ မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

မြင့်ဇော်မိုး

Local Trade News

Pages