အလားအလာကောင်းသော အာဆီယံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ငန်းတိုးချဲ့ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရ

Fri, 09/07/2018 - 05:35 -- admin_ygn

         စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ကုမ္ပဏီများသည် အရှေ့တောင်အာရှဒေသတွင်ရှိသော စီးပွားရေးတိုးတက်မှု အလားအလာကောင်းများကို ရယူအသုံးချရန် စိတ်အားထက်သန်နေကြသည်။ သို့သော်လည်း ၎င်းတို့သည် အရှေ့ တောင်အာရှဒေသတွင် လုပ်ငန်းတိုးချဲ့ရန်အတွက် အဓိကအခက်အခဲ(၃)မျိုးကို ရင်ဆိုင်နေရကြောင်း  စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ပထမအချက်မှာ စည်းမျဉ်းစည်းကမ်း နှင့် လုပ်ထုံးလုပ်နည်း အဟန့်အတားများ  (Rules and regulatory barriers) ကို ကျော်လွှားရန် ခက်ခဲခြင်းဖြစ်သည်။ ဒုတိယအခက်အခဲမှာ   သင့်လျော်သောစီးပွားရေးလုပ်ငန်း မိတ်ဖက်များ (Business partners) ရှာဖွေရန် မလွယ်ကူခြင်း ဖြစ်သည်။ တတိယအ ချက်မှာ   လုပ်ငန်းတိုးတက်မှုကို အထောက်အကူပြုမည့် ကျွမ်းကျင်ဝန်ထမ်း သို့မဟုတ် ကျွမ်း ကျင်ပညာရှင် (Right talent) ငှားရမ်းရန် ခက်ခဲခြင်းဖြစ်သည်။ စင်ကာပူမီဒီယာကုမ္ပဏီတစ်ခုဖြစ်သော The Business Times နှ င့် လန်ဒန်အခြေစိုက် နိုင်ငံတကာဘဏ် လုပ်ငန်းတစ်ခုဖြစ်သော  Standard Chartered Bank တို့ ပူးပေါင်းပြီး စစ်တမ်းတစ်ခုပြုလုပ်ခဲ့သည်။ ၎င်းစစ်တမ်းအရ ကုမ္ပဏီလုပ်ငန်းရှင်(၅)ဦးကို မေးမြန်းရာတွင် (၄)ဦးမှာ"ကျွန် ေ တာ်တို့ ကုမ္ပဏီဟာ လာမယ့် (၃) နှစ်ကနေ (၅) နှစ်အတွင်း အာဆီယံဈေးကွက်မှာ လုပ်ငန်းတိုးချဲ့ဖို့ပြင်ဆင်နေပါတယ်" ဟူ၍ ဖြေဆိုပါသည်။
          အထက်ပါလုပ်ငန်းရှင်များသည်  အာဆီယံ၏ တိုး တက်မှုအလားအလာကောင်းများကို အသိအမှတ်ပြုလျက် ရှိကြောင်းတွေ့ရသည်။ သို့သော်လည်း အာဆီယံဈေးကွက် အတွင်း လုပ်ငန်းချိတ်ဆက်မှု တိုးတက်လာစေရန် များစွာ လုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ အခက်အခဲများရှိနေ ကြောင်းစစ်တမ်းဖြေဆိုသူများက    ပြောကြားနေသည်။အထက်ဖော်ပြပါ မီဒီယာနှင့်ဘဏ်တို့ ပူးပေါင်းပြီး အာဆီယံ စီးပွားရေးလုပ်ငန်းစု အမျိုးမျိုးမှ ခေါင်းဆောင်နှ င့် လုပ်ငန်း ပိုင်ရှင်(၁၂၉) ဦးကိုတွေ့ဆုံပြီး ၂၀၁၈ခုနှစ် မေလတွင်စစ်တမ်း ကောက်ယူခဲ့ပါသည်။ စစ်တမ်း၏အမည်မှာThe Business Times-Standard Chartered Leaders' Survey 2018 ဖြစ်ပါသည်။အွန်လိုင်းစစ်တမ်း (Online Survey) ကိုလည်း ၂၀၁၈ ခုနှစ်၊ မတ်လနှင့် ဧပြီလတို့တွင်ပြုလုပ်ခဲ့ပါသည်။ စစ်တမ်းဖြေဆိုသူအများစုမှာ အသေးစားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ (Small and medium-sized companies) ဖြစ်ကြ သည်။ ၄၃ ရာခိုင်နှုန်းသော အသေးစား နှင့် အလတ်စားကုမ္ပဏီများသည် ၎င်းတို့၏ နှစ်စဉ်ဝင်ငွေမှာ စင်ကာပူဒေါ်လာ  ၁၀ သန်းအောက်တွင်ရှိကြောင်း၊ ၁၇ ရာခိုင်နှုန်းသော လုပ်ငန်းများသည် ယင်းတို့၏ ရောင်းရငွေမှာ စင်ကာ ပူဒေါ်လာ ၁၀ သန်းနှင့်  သန်း ၅၀ ကြားတွင်ရှိ ကြောင်း၊ ၇ ရာခိုင်နှုန်းသော လုပ်ငန်းများသည် ၎င်းတို့၏ နှစ်စဉ်ဝင်ငွေမှာ စင်ကာပူဒေါ်လာသန်း ၅၀ မှ ၉၉ သန်းထိရှိ ကြောင်း အသီးသီးဖြေဆိုကြသည်။ ထို့နောက်စီးပွားရေး လုပ်ငန်း ကြီးများကို မေးမြန်းရာ တွင် ၁၆ ရာခိုင်နှုန်းသော   ကုမ္ပဏီကြီးများက ၎င်းတို့၏ လုပ်ငန်းလည်ပတ်ငွေမှာ စင်ကာပူဒေါ်လာ တစ်ဘီလီယံကျော် လွန်ကြောင်း ဖြေကြားသည်။ ၇ ရာခိုင်နှုန်းသော လုပ်ငန်း ကြီးများက ယင်းတို့၏နှစ်စဉ်ရောင်းရငွေမှာ စင်ကာပူ ဒေါ်လာ သန်း ၅၀၀ မှ ၉၉၉ သန်းထိရှိကြောင်း၊ ၉ ရာခိုင်နှုန်း သောလုပ်ငန်းကြီးများက နှစ်စဉ်ရောင်းရငွေ စင်ကာပူ ဒေါ်လာ သန်း ၁၀၀ မှ ၄၉၉ သန်းထိရှိကြောင်း ဖြေဆိုကြပါ သည်။
စစ်တမ်းဖြေဆိုသူလုပ်ငန်းရှင်အားလုံးနီးပါး (၉၂ ရာ ခိုင်နှုန်း)သည် စင်ကာပူနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ် ကိုင်နေကြပါသည်။ နောက်ထပ်လူကြိုက်များသောဈေးကွက် မှာ မလေးရှားဖြစ်ပြီး ၅၄ ရာခိုင်နှုန်းရှိပါသည်။ စင်ကာ ပူနှင့် မလေးရှားပြီးနောက် လူကြိုက်များသော ဈေးကွက်များမှာ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ မေလ တတိယပတ်တွင် စင်ကာပူနိုင်ငံ၌ပြုလုပ် ခဲ့သောThe Business Times Leaders' Forum ဆွေးနွေးပွဲ၏ တွေ့ရှိချက်မှာ "အာဆီယံက ကမ်းလှမ်းသော စီးပွားရေး လုပ်ငန်းအဆိုပြုချက်သည်   ရှင်းရှင်းလင်းလင်းရှိသည်" ဟူ၍ဖြစ်သည်။
         စစ်တမ်းဖြေဆိုသူများ၏ ပြောကြားချက်အရ ကုမ္ပဏီ ၅၀ ရာခိုင်နှုန်းခန့်သည်  စင်ကာပူမဟုတ်သော အခြား အာဆီယံဈေးကွက်များတွင် လုပ်ငန်းတိုးချဲ့ရန် စိတ်ဝင်စားကြောင်းသိရှိရသည်။ ထို့ကြောင့် လုပ်ငန်းရှင်များသည် အာဆီယံဈေးကွက်အတွင်း လုပ်ငန်းများတိုးချဲ့လိုကြောင်း ထင်ထင်ရှားရှား တွေ့ရပါသည်။ အင်ဒိုနီးရှားဈေးကွက်သည် ထိပ်တန်းဦးစားပေးဈေး ကွက်ဖြစ်ကြောင်း၊ တစ်နှစ်အတွင်း  အင်ဒိုနီးရှားဈေးကွက်တွင် လုပ်ငန်းများ တိုး ချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တမ်းဖြေဆိုသူ ၃၄ ရာခိုင်နှုန်းက ပြောကြားသည်။ ထို့နောက် လူကြိုက်များသော ဈေးကွက်များမှာ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်တို့ဖြစ်သည်။ အချို့ဖြေဆိုသူများကလည်း မြန် မာနှင့်ကမ္ဘောဒီးယားကဲ့သို့သောထွန်းသစ်စ ဈေးကွက် (Emerging markets) ကို မျက်စိကျလျက်ရှိ ကြောင်း ပြောကြားပါသည်။ ထိုကဲ့သို့ အာဆီယံဈေးကွက်များအတွင်း ကုမ္ပဏီများက လုပ်ငန်းတိုးချဲ့ရန် စိတ်ဝင်စားနေရခြင်း မှာ အကြောင်းရင်း(၂) မျိုးကြောင့်ဖြစ်သည်။ ပထမအကြောင်းရင်းမှာ အဆိုပါဈေးကွက်များအတွင်း ပြည်တွင်းဝယ်လိုအား (Domestic demand) တိုးတက်နေခြင်းဖြစ်သည်။ ဒုတိယအချက်မှာ  ကုန်စည်နှင့်ဝန်ဆောင်မှုတို့ကို ဝယ်ယူသော ဖောက်သည်၏ တောင်းဆိုမှုများ (Customer requests) မြင့် တက်နေခြင်းဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှဒေသ၏ စီးပွားရေးတိုးနေခြင်း (Region's growing wealth) ကလည်း အာဆီယံဈေးကွက် အတွင်း ပိုမိုရင်းနှီးမြှုပ်နှံရန် အဓိက လှုံ့ ဆော်ပေးသည့် အချက်တစ်ချက်ဖြစ်ကြောင်း တွေ့ရှိရပါ သည်။ ထိုမျှသာမက အရှေ့မြောက်အာရှမှ ကမ္ဘာ့ဈေးကွက် သို့ တင်ပို့လျက်ရှိသော နိုင်ငံကြီးများ (Global exporters from Northeast Asia) ကလည်း အရှေ့တောင်အာရှဈေးကွက် အတွင်း လုပ်ငန်းတိုးချဲ့ရင်းနှီးမြှုပ်နှံရန် အာရုံစိုက်နေခြင်းမှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။
           သို့သော်လည်းစစ်တမ်း၏၂၀ရာခိုင်နှုန်းသောဖြေကြား သူများက ၎င်းတို့ကုမ္ပဏီသည် လာမည့် ၃ နှစ်မှ ၅ နှစ် အတွင်း  အာဆီယံဈေးကွက်တွင် လုပ်ငန်းချဲ့ထွင်ရန် အစီ အစဉ်မရှိကြောင်းပြောဆိုပါသည်။ ထို့အတွက် အဓိကအကျ ဆုံးအကြောင်းရင်း၂ချက်ရှိပါသည်။ ပထမအချက်မှာ အခြား ဈေးကွက်များ၏ဆွဲဆောင်မှု   ကောင်းမွန်ခြင်းဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ  အာဆီယံဈေးကွက်အတွင်းရှိ လုပ်သားအင်အား     ကန့်သတ်ချက် များ  (Manpower Constraints) ဖြစ်ပါသည်။  အာဆီယံဈေးကွက်တွင် လက်ရှိစီးပွားရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် စိန်ခေါ်မှု များကိုလည်း ရင်ဆိုင်နေရကြောင်း စစ်တမ်းတွင် ဖော်ပြ ထားသည်။ အဆိုပါကုမ္ပဏီများ ထိပ်ဆုံးမှ ရင်ဆိုင်နေရသော စိန်ခေါ်မှု  (၂)မျိုးရှိသည်။ ပထမတစ်မျိုးမှာ သက်ဆိုင်ရာ အာဆီယံဈေးကွက်များ၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံး လုပ်နည်းအဟန့်အတားများ (Barriers on Local rules and regulations) ဖြစ်သည်။ ဒုတိယစိန်ခေါ်မှုမှာ သင့်လျော်သော စီးပွားရေးလုပ်ငန်းမိတ်ဖက်များ (Suitable  business partners) ရှာဖွေရန် ခက်ခဲခြင်းဖြစ်ပါသည်။ အရှေ့တောင်အာရှဒေသသည် အာဆီယံစီးပွားရေး အသိုက်အဝန်း (Asean Economic Community-AEC) ကို ပုံဖော်ရန် ကြိုးပမ်းနေသော်လည်း ပေါင်းစည်းမှု အားနည်းနေကြောင်း၊ အစိုးရဌာနများကြားတွင်လည်းကောင်း၊ လုပ်ငန်းများကြား တွင်လည်းကောင်း ပိုမိုပူးေ ပါင်းဆောင်ရွက်ရန် တိုက်တွန်းနေရဆဲဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုထားကြပါသည်။ "အာဆီယံမှာ အခွင့်အလမ်းတွေအများကြီးရှိပါ တယ်။ ဒါပေမယ့် ဒေသတစ်ဝန်းမှာ ကုမ္ပဏီတွေပိုပြီး  ချောချောမွေ့မွေ့လုပ်ဆောင် နိုင်ဖို့ အစိုးရတွေက ပံ့ပိုးပေးဖို့လိုအပ်နေပါတယ်"ဟူ၍ဖြေဆိုသူတစ်ဦးက ပြော ကြားထားသည်။ "အာဆီယံမှာ အလားအလာတွေအများကြီးပါ။ ဒါပေမယ့် လုပ်ငန်း တိုးတက်ဖို့အတွက် ရည်မှန်းချက်၊  လုပ်ငန်းစီမံချက်တွေနဲ့ပတ်သက် ပြီး ညှိနှိုင်း ပေါင်းစပ်မှုမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မတိုးတက်တာ။ လူတိုင်းက ကိုယ့် အတွက်ပဲ ကိုယ်ကြည့်ပြီး လုပ်နေကြတယ်။ ချိတ်ဆက်မှု အားနည်းတယ်။ အလား အလာရှိပြီး ရှေ့မတိုးဘူးဖြစ်နေတယ်။ ပိုပြီးကြိုးစား ဖို့ လိုပါတယ်"ဟူ၍ အခြားဖြေဆို သူတစ်ဦးက ပြောကြားပါသည်။
          "အခြေခံအဆောက်အဦနဲ့ချိတ်ဆက်မှု (Infrastructure  and connectivity) တို့ဟာ အာဆီယံနိုင်ငံ အတော်များများအတွက် စီးပွားရေးတိုးတက်စေတဲ့အချက် (Enabler) ဖြစ်သလို စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတား (Bottleneck)လည်း ဖြစ်စေနိုင်ပါတယ်"ဟူ၍  နောက်ထပ် စစ်တမ်းဖြေဆိုသူတစ်ဦးက သုံးသပ် ပြောကြားထားသည်။ထို့ကြောင့် အာဆီယံဈေးကွက်တွင်လုပ်ငန်းတိုးချဲ့ရင်းနှီးမြှုပ်နှံကြမည့် လုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီများအတွက်  နည်းလမ်း ၂ သွယ်ဖြင့် ကူညီပေးနိုင် ကြောင်း တွေ့ရသည်။ ပထမနည်းလမ်းမှာ ၎င်းတို့အား အာဆီယံဈေးကွက်ဆိုင်ရာ အသေးစိတ်ဗဟုသုတများ (In-depth market insights) ဖြည့်ဆည်းပေးပြီး အာဆီယံ ဈေးကွက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စီးပွားရေးလုပ်ငန်းကျင့်ထုံးများ (Local regulations and business practices) ကို နားလည်စေရန် ကူညီပေးခြင်းဖြစ်သည်။ ဒုတိယအချက်မှာ ၎င်းတို့ ကြိုက်နှစ်သက်ေ သာ ဈေးကွက်သို့  ဝင်ရောက်နိုင်ရေး အထောက်အကူပြုရန်အတွက် ကြီးမားသည့် နိုင်ငံတကာကွန်ရက် (Extensive International network) နှင့် ချိတ်ဆက်ပေးရန် ဖြစ်ပါသည်။
 

 

သိန်းမြင့်ဝေ

Soruce: businesstimes.com.sg

Local Trade News

Pages