အကြမ်းဖက်တိုက်ခိုက်မှုများကြားမှကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်

Thu, 12/01/2016 - 05:58 -- admin_ygn

           မြန်မာနိုင်ငံရဲ့အရှေ့မြောက်ပိုင်း ဒေသဟာ အိမ်နီးချင်းနိုင်ငံ တွေဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်မှုမှာ ရှည်လျားလှပါတယ်။ အဲဒီလို နယ်နိမိတ်ချင်းထိစပ်မှုရှည်လျား လှသလို တောင်ကုန်းတောင် တန်းတွေ လည်းပေါများလှတဲ့အတွက်မြန်မာ နိုင်ငံရဲ့အလှပဆုံးနေရာဒေသတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အလှပဆုံးနေရာ တစ်နေရာဖြစ်သလို နိုင်ငံရဲ့ကုန်သွယ်မှုလမ်းကြောင်းမှာ အဓိကအရေးပါတဲ့ နယ်စပ်ကုန်သွယ်မှု ဝင်ထွက် ပေါက်တွေ အများဆုံးရှိတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံနိုင်ငံနဲ့လည်း ကုန်သွယ်မှု အများ ဆုံးပြုလုပ်လျက်ရှိတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ အထူး သဖြင့် မူဆယ်မြို့ဟာမြန်မာ နိုင်ငံနဲ့တရုတ်နိုင်ငံတို့ အဓိ ကကုန်သွယ်မှုပြုတဲ့မြို့တစ်မြို့ဖြစ်ပြီးမူဆယ်ကုန်သွယ်ရေးဇုန်ဟာ နယ်စပ်ဒေသများမှာရှိတဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့စခန်းများအနက် အကြီးဆုံးနေရာတစ်ခုလို့ပြောရမယ် ဆိုရင် မှားမယ်မထင်ပါ။
          မူဆယ်ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံကထွက်ရှိတဲ့လယ်ယာထွက်ကုန်ပစ္စည်းတွေ၊ စက်မှုကုန်ကြမ်းပစ္စည်း တွေကို တင်ပို့တဲ့ နေရာတစ်နေရာဖြစ်သလို တရုတ်နိုင်ငံကနေတင်သွင်းလာတဲ့ ကုန် ပစ္စည်းအားလုံးတို့ ဝင်ေ ရာက်ရာ နေရာတစ်နေရာလည်းဖြစ်ပါ တယ်။ ၂၄နာရီပတ်လုံး လူဝင်လူထွက် ကုန်ဝင်ကုန်ထွက်မပြတ်ဘဲ စည်ကားလှတဲ့နေရာလည်းဖြစ်ပါတယ်။  အရင်တုန်းက ဖွံဖြိုးမှု နည်းပါးခဲ့တဲ့အဲဒီဒေသဟာ အခုနောက်ပိုင်းမှာ ကုန်စည် ကူးသန်း သွားလာရောင်းဝယ်ဖောက်ကား ရာဒေသကြီးတစ်ခုအဖြစ် စည်ပင် ဖွံ့ဖြိုး လျက်ရှိနေတာကို မြင်တွေ့နေရတာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ရဲ့ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ  နိုဝင်ဘာလ ၁၈ ရက်အထိ ကုန်သွယ်မှုပမာဏမှာ သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ၁၀၃၈ ဒသမ ၂၄ သန်း၊ ပို့ကုန်ကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၂၁၄၄ ဒသမ ၇၄၁ သန်း ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူဖြစ်တဲ့ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်မှ နိုဝင် ဘာလ ၁၈ ရက်အထိ ကုန်သွယ်မှုပမာဏမှာ သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၀၀၅ ဒသမ ၀၂၁ သန်း၊ ပို့ကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၃၂၁ ဒသမ ၆၉၅ သန်းရှိတာကို တွေ့ရပါ တယ်။
          မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရဲ့ လက်ရှိကုန်သွယ်မှု ပမာဏဟာ တစ်နှစ် ကို ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း ပေါင်း ၅၃၀၀ ဖြစ်တဲ့အတွက် တစ်နိုင်ငံ လုံးကုန်သွယ်မှုပမာဏရဲ့ ရာခိုင်နှုန်း ၂၀ ခန့်ရှိပါတယ်။ ပြည်ပသို့ တင်ပို့တဲ့ ဆန်တင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်း ကျော်၊ ပြောင်းတင်ပို့မှုရဲ့ ၉၉ ရာခိုင်နှုန်း၊ ရာနှုန်းပြည့် သကြားတင်ပို့မှု၊ သစ်သီးဝလံတင်ပို့မှုရဲ့ ၉၉ရာခိုင်နှုန်းခန့်ဟာ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ တင်ပို့နေတာ ဖြစ်ပါတယ်။ ယခု ရာသီဟာ ဆန်၊ ပြောင်း၊ သကြားနဲ့ သစ်သီးဝလံတွေ နေ့စဉ်  ယာဉ်စီးရေ ၆၀၀ ခန့် နဲ့ တန်ချိန် ၈၀၀၀ ခန့် တင်ပို့လျက်ရှိနေတဲ့ အချိန်ဖြစ်ပါ တယ်။ ယခုနိုဝင်ဘာလ တတိယပတ် ကုန်အထိ တစ်နိုင်ငံလုံးရှိ ကုန် သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၁၆၄၀၉ သန်းဖြစ်တဲ့အတွက် ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၄၂၁ သန်းလျော့ နည်းခဲ့တာတွေ့ရပါတယ်။ ပို့ကုန်ကဏ္ဍမှာ ကာလတူထက် အမေရိ ကန်ဒေါ်လာ ၃၉၃ သန်း ပိုမို ခဲ့ပြီး သွင်းကုန် ကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၈၁၄ သန်း လျော့နည်းခဲ့တာတွေ့ရပါတယ်။ ယခုနှစ်မှာ နယ်စပ် ကုန်သွယ်မှုကနေရရှိခဲ့တဲ့ ကုန်သွယ်မှု ရရှိငွေ အမေရိကန် ဒေါ်လာ ၄၅၇၁ သန်းအနက် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၁၄၅ သန်း၊ သွင်းကုန် အမေရိကန် ဒေါ် လာ ၁၀၃၈ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁၈၃ သန်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက်  နယ်စပ်ကုန်သွယ်မှုအားလုံး ရဲ့ ၇၈ ရာခိုင်နှုန်း ကို ေ ဆာင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။
         မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်ဟာ နယ်စပ်ကုန်သွယ်မှုရဲ့ အဓိက နေရာဖြစ်ပြီး တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၄သန်းခန့် ဆောင်ရွက်လျက်ရှိတဲ့ ကုန်သွယ်ရေးဇုန်ကြီးတစ်ခုဖြစ် ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုစည်ပင် ဖွံ့ဖြိုးနေတာကို မနာလိုမရှုစိမ့် နိုင်တဲ့ အကြမ်းဖက်သောင်းကျန်းသူများဟာ နိုဝင်ဘာလ ၂၀ ရက် နံနက် အရုဏ်တက်ချိန်မှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ မူဆယ်(၁၀၅)မိုင်ရဲကင်းကို အလစ်အငိုက်ဝင်ေ ရာက်ကာ လက် နက်ကြီး လက်နက်ငယ်များနဲ့  ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်ခဲ့တဲ့ အတွက် အပြစ်မဲ့တဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဟာ နိုဝင်ဘာလ ၂၀ရက် နံနက် ၆နာရီ ၂၀ မိနစ် အချိန်မှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ပန်ဆိုင်း-ကြူကုတ် ဂိတ်၊ မူဆယ်-လားရှိုးဂိတ်နဲ့အရှေ့ မြောက်တံခါး ကုမ္ပဏီရဲ့သစ်သီးဝလံ ချကွင်းအသစ်နေရာတို့မှာအဖွဲ့သုံး ဖွဲ့ ဖြန့်ခွဲ ဝင်ရောက်လာပြီး သစ်သီးဝလံချကွင်း (အဟောင်း)ကုန်စစ် စင် ဝင်းနဲ့ ပွဲရုံ ဂိုထောင်များအတွင်းကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့ဟာ အဲဒီနေ့ နံနက် ၇နာရီခန့်မှာ  အရှေ့မြောက်တံခါးသစ်သီးကုမ္ပဏီရဲ့ သစ်သီးကုန်ချ ကွင်းကို ရောက်ရှိလာပြီး သစ်သီဝလံများကို လာရောက်ရောင်းချ နေတဲ့အပြစ်မဲ့ပြည်သူတွေကိုအကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် သစ်သီးဝလံကွင်းကနေ ဘုရားတောင်ကုန်းအနီးမှာရှိတဲ့ တပ်စခန်းကုန်းနဲ့ လမ်းေ ကြာင်းပေါ်မှာရှိတဲ့တပ်စခန်းကုန်းကို လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
        ပန်ဆိုင်း-ကြူကုတ်လမ်းကနေ ဝင်ရောက်လာတဲ့ သောင်းကျန်းသူအဖွဲ့ဟာ ပန်ဆိုင်း-ကြူကုတ်မောင်းတံဂိတ်ကို ဝင်ရောက်ပစ်ခတ် ပြီး ဂိတ်တာဝန်ထမ်းဆောင်နေတဲ့ OSS (မနရ)မှ ဝန် ထမ်းသုံးဦးနဲ့ အကောက်ခွန်ဝန်ထမ်း တစ်ဦးတို့ကို လက်နောက်ပြန်လက်ထိပ်ခတ် ကာ ထားရှိခဲ့ပြီးကုန်သွယ်ရေးဇုန်ရဲ့သစ် သီးပွဲရုံတွေဖြစ်တဲ့စိုစိုပြေပြေ ကုမ္ပဏီနဲ့ ခွာညိုကုမ္ပဏီဝင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ဒါ့အပြင် ကုန်ချကွင်း အသစ်တောင်ကုန်းပေါ် ကို ရောက်ရှိ လာတဲ့သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ဟာ သစ်သီးဝလံကုန်ချကွင်းအဟောင်း ကို လက်နက်ငယ်များ၊ လောင်ချာများနဲ့ပစ် ခတ်တိုက်ခတ်ခဲ့တဲ့အတွက် ပြည်သူ့ရဲ ရှစ်ဦး၊ အကောက်ခွန်ဝန်ထမ်းနှစ်ဦး၊  အပြစ်မဲ့ပြည်သူ ၁၈ ဦးအပါအဝင် စုစုပေါင်း ၂၈ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့က မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးဇုန်ရဲ့ဖရဲသီးကွင်း မှာလည်း တစ်ဖက်တရုတ်နိုင်ငံကို တင်ပို့မယ့် ဖရဲသီးကားတွေ ရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဖရဲသီးကွင်းကို လာရောက်ပြီး ဖရဲ သီးများကို ရောင်းချမယ့် သစ်သီးပွဲရုံတစ်ရုံမှ မန်နေဂျာမိသားစု စီးနင်းလာတဲ့မော်တော်ယာဉ်ကို အကြမ်းဖက် သောင်းကျန်းသူတွေက လက်နက်များ နဲ့ပစ်ခတ်ခဲ့တဲ့အတွက်အရှေ့မြောက်တံခါး သစ်သီး ပွဲရုံမှ မ အိဟာ သေနတ်ဒဏ်ရာခုနစ်ချက်ထိမှန်ပြီး သေဆုံးသွားခဲ့ရသလို လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးမှာလည်း အကြမ်းဖက် သောင်းကျန်းသူများရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် ဦးဇော်ဇော်သက်ဟာ လည်း သေ နတ်ထိ မှန်တဲ့ဒဏ် ရာနဲ့သေဆုံး သွားခဲ့ရပါတယ်။
            ဒါ့အပြင် အကြမ်းဖက်သောင်းကျန်း သူတွေဟာအဲဒီ(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှာရောက်ရှိနေတဲ့ ပြည်တွင်းသို့ တင်သွင်းလာတဲ့ နိုင်ငံတော်သို့ အခွန်ပေးဆောင်ထားပြီးသားဖြစ်တဲ့သွင်းကုန် ပစ္စည်းတွေ တင်ဆောင် ထားတဲ့မော်တော်ယာဉ်တွေကိုလည်း မီးရှို့ ဖျက်ဆီးပစ်ခဲ့ ပြန်ပါတယ်။သောင်းကျန်းသူအဖွဲ့ဟာ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ ကြူ ကုတ်၊ ပန်ဆိုင်း ဒေသတစ်ဝိုက်မှာရှိတဲ့ တပ်စခန်းတွေ၊ ဂိတ်စခန်းတွေ ကို ဝင်ရောက်ပစ်ခတ်ရုံ သာမက ကုန်သွယ်မှုဆောင်ရွက်ဖို့ ဝင် ရောက်လာတဲ့ကုန်တင်ယာဉ်တွေ၊ ခရီး သည်တင်ယာဉ်တွေကိုပါ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၂၂ ရက်က လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းမ ကြီးပေါ်မှာရှိတဲ့ ကွတ် ခိုင်မြို့အလွန် နမ့်ဖတ်ကာရွာ အနီးကို ရောက်ရှိ လာတဲ့ကုန်တင်ယာဉ် မောင်းတစ်ဦးကို သောင်းကျန်းသူအဖွဲ့ က သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှာလည်း ကွတ်ခိုင်နဲ့နမ့်ဖတ်ကာအကြား အောက် ရှုခင်း သာ၊ ညောင်ပင်ကွေ့မှာ  ကုန်တင်ယာဉ်တစ်စီးကို အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က သေနတ်နဲ့ပစ်သတ်သွားလို့ ယာဉ်နောက်လိုက်တစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၅ ရက်မှာလည်း အဲဒီနမ့်ဖတ်ကာ ရွာ အနီးမှာ ကုန်တင်ယာဉ်နှစ်စီးနဲ့ခရီးသည်တင်ယာဉ်တစ်စီးကို သောင်းကျန်းသူတွေက ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ တစ်ယောက် မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ နိုင်ငံပိုင်သတင်း စာများ မှာ ဖော်ပြထားချက်များအရ သိရပါ တယ်။
           သောင်းကျန်းသူတွေဟာနိုဝင်ဘာ  ၂၀ ရက်မှစတင်ကာ မူဆယ်မြို့ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက် ပြီးနောက် ကုန်သွယ်မှုလမ်းကြောင်း ပြတ်တောက်စေဖို့အတွက် လားရှိုး- မူ ဆယ်ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး လမ်းကြောင်းဟာ အခုလိုပွင့်လင်းရာသီ ရောက်လာတဲ့အချိန်ဟာ ကျန်ကာလများကထက် ပိုပြီးစည်ကားလှတဲ့ကုန် သွယ်ရေး ဇုန်တစ်ခုဖြစ်ပါတယ်။ပြည်တွင်းက ထွက်ရှိတဲ့ ရာသီစာသီးနှံတွေ ဖြစ်တဲ့ ဆန်စပါး၊ ပဲ၊ ပြောင်း၊ သကြား၊ စတဲ့ကုန်ပစ္စည်းတွေအပြင် ဖရဲ၊ သခွား စတဲ့အသီးအနှံတွေကိုပါ အများဆုံးတင် ပို့နေတဲ့ကာလဖြစ်ပါတယ်။ အဲဒီသီးနှံတွေ ဟာ တောင်သူတွေ အတွက် အချိန်နဲ့တစ်ပြေးညီ ဆွတ်ခူးပြီး ဈေးကွက်သို့ တင်ပို့ရောင်းချရတဲ့အသီးအနှံတွေဖြစ်ပါတယ်။အချိန်ကာလကြာ မြင့်တာနဲ့အမျှ ပျက်စီးတတ်တဲ့ကုန် ပစ္စည်း အမျိုးအစားတွေဖြစ်တာကြောင့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ဟာ သစ်သီးဝလံတင်ပို့ရောင်းချတဲ့ကုန်သည် တွေအတွက်ရော၊ သစ်သီးဝလံကို စိုက်ပျိုးတဲ့တောင်သူတွေအတွက်ပါ အရေးပါလှတဲ့ ကုန်သွယ်ရေးဇုန်တစ်ခုအဖြစ်တည် ရှိနေတာဖြစ်ပါတယ်။ အဲဒီလို အချိန် ကာလမျိုးမှာ အကြမ်းဖက်သောင်းကျန်းသူတွေဟာ အချိန်ကိုက် အခုလို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ပြီး ပြည်သူ တွေရဲ့အသက် အိုးအိမ်စည်းစိမ်တွေကို ထိပါးနှောင့် ယှက်လာတာဟာ ပြည်သူပြည်သားတွေအတွက် သာမ က နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
        ဒါကြောင့် နယ်မြေဒေသတည် ငြိမ်အေးချမ်းရေး၊ နယ်မြေ လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များကို မြန်မာ့တပ်မတော် သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအသက်ကို ပဓာနမထားဘဲ ကာကွယ် လုပ်ဆောင်ပေးနေမှု များကြောင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်တွေဖြစ်ပေါ်နေချိန် မှာ မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးဇုန် ရဲ့တာဝန်ခံ ညွှန်ကြားရေးမှူးဦးဝင်းလွင်နဲ့ ကုန်သွယ် ရေးဦးစီးဌာနမှဝန်ထမ်း များ၊ မြန် မာနိုင်ငံရဲ့တပ်ဖွဲ့(OSS နှင့်နယ် မြေ)က တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အသိစိတ်ဓာတ်တို့ဖြင့် ကုန် သွယ်မှုမရပ်တံ့စေရေးအတွက် မူဆယ်ကုန်သွယ်ရေးဇုန်မှာ အခြေပြုပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိနေ တယ်လို့ သိရပါ တယ်။ ဒါ့အပြင် နေပြည်တော်၊စီးပွားရေးနှင့်ကူူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အနေနဲ့ လည်း သက်ဆိုင်ရာဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနဲ့ ဆက်သွယ် ပူးပေါင်းပြီး ကုန်သွယ်မှုလုပ်ငန်းများဆက်လက်ပြုလုပ် နိုင်ရေးအတွက် အဆင့်အဆင့်စီမံကွပ်ကဲမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရှိရပါတယ်။ တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ် ဖွဲ့တို့က လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များကို ထိရောက်စွာ အပြည့်အဝဆောင်ရွက် လျက်ရှိပါတယ်။ ဒါကြောင့် မကြာမီ အချိန်အတွင်းမှာ ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်း များအား ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ဖို့အတွက်  ကုန်သွယ်ရေးဦးစီး ဌာနအနေနဲ့ တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့တို့နဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ OSSအဖွဲ့ဝင်များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေးအသင်းမှ တာဝန် ရှိသူများ၊  ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရ ပါတယ်။
            အဲဒီလိုဆောင်ရွက်လျက်ရှိမှုတွေ ကြောင့် မူဆယ်(၁၀၅)မိုင်မှာ ကုန်သွယ်ရေးလုပ်ငန်းတွေ နိုဝင်ဘာလ ၂၅ ရက် ကစပြီး အကောက်ခွန်ဦးစီးဌာန၊ ပြည် တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းအချို့လည်း ပြန်လည်တာဝန် ထမ်းဆောင် လျက်ရှိပြီး အခွန်ပေးဆောင်ခြင်းလုပ် ငန်းများအား မူဆယ်(မြန်မာ့စီးပွားရေး ဘဏ်)မှာ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားရှိ ပြီး ပို့ကုန်သွင်းကုန်ကားအချို့လည်း ပြန်လည်ဝင်ရောက် လာကာ ကုန်သွယ်မှု  ပုံမှန်နီးပါးေ လာက်ဖြစ်ပေါ်နေပြီလို့ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရဲ့ သတင်းပေးပို့ချက်များအရ သိရှိရပါ တယ်။ အဲဒီလို နယ်မြေတည်ငြိမ်အေး ချမ်းမှုရရှိလာတဲ့အတွက် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတာဝန်ခံညွှန်ကြား ရေးမှူး ဦးဝင်းလွင် ဦးဆောင်တဲ့ဝန်ထမ်းများဟာ ကုန်သွယ်မှုပြန်လည်စတင် နိုင်အောင် အချိန်တိုအတွင်း လုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မူဆယ်မြို့ပေါ်ရှိအသင်း အဖွဲ့များ၊ ကုန်သည်လုပ်ငန်း ရှင်များ၊  လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများနဲ့ ဝန်ထမ်း များဟာမူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှာ ကုန်သွယ်မှု ပုံမှန် ပြန်လည်ရရှိအောင် ဆောင်ရွက်နေကြတဲ့ OSS အဖွဲ့မှ တာဝန်ရှိ သူများ၊ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အတွင်းမှာ ပိတ်မိနေတဲ့ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ စစ်ဘေးရှောင် ပြည်သူများ အား ထမင်းနဲ့စားသောက်ဖွယ်ရာများကို လာရောက်လှူဒါန်းလျက် ရှိကြတယ်လို့လည်း သိရပါတယ်။ ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် အသက် ကို ပဓာနမထားဘဲ နိုင်ငံတာဝန်များကို ထမ်းရွက်နေကြတဲ့ တပ်မ တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ OSS(မနရ)အဖွဲ့၊ ကုန်သွယ်ရေး ဦးစီး ဌာန(မူဆယ်)၊ အသင်းအဖွဲ့များ၊ ကုန်သည်များ၊ ဒေသခံပြည်သူများ အား ဤဆောင်းပါးနဲ့ ဂုဏ်ပြုလိုက်ရပါတယ်။

 

မယ်သီတာ