ဟောင်ကောင်စီးပွားရေးလုပ်ငန်း အသိအမှတ်ပြု သက်သေခံလက်မှတ် မြန်မာလုပ်ငန်းရှင်များ လျှောက်ထားနိုင်

Tue, 10/22/2019 - 08:02 -- admin_ygn

     တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အခြေစိုက် Hong Kong General Chamber of Commerce (HKGCC) သည် ပင်ရင်းဒေသသက်သေခံလက်မှတ် ထုတ် ပေးသည့် နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ် ပြီး ယခုအခါ စီးပွားရေးလုပ်ငန်း အသိအမှတ်ပြု သက်သေခံ လက်မှတ် (Certificate of Business Identity-CBI) ထုတ်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်လာပါသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းအသိအမှတ်ပြု သက်သေခံ လက်မှတ် (Certificate of Business Identity-CBI) ရရှိထား ခြင်းဖြင့် ဟောင်ကောင်ကုမ္ပဏီများနှင့် မြန်မာစီးပွားရေးလုပ် ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင်မည့်အပြင် အပြန်အလှန် ယုံကြည်မှု များရရှိစေခြင်း၊ ကုမ္ပဏီအသစ်များနှင့် လုပ်ငန်းများ စတင် လုပ်ကိုင်ရန် ပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်ပါ သည်။

     အဆိုပါစီးပွားရေးလုပ်ငန်း အသိအမှတ်ပြုသက်သေခံ လက်မှတ် (Certificate of Business Identity-CBI)၏ သက် တမ်းမှာ တစ်နှစ်ဖြစ်ပြီး   HKGCC အဖွဲ့ဝင်များအနေဖြင့် ဟောင်ကောင်ဒေါ်လာ ၈၀ဝ (အမေရိကန်ဒေါ်လာ ၁၀ဝ ခန့်) ဖြင့်လည်း ကောင်း၊ အဖွဲ့ဝင်မဟုတ်သူများအနေဖြင့် ဟောင် ကောင်ဒေါ်လာ  ၁၂၀ဝ (အမေရိကန်ဒေါ်လာ ၁၅၀ ခန့်) ဖြင့် လည်းကောင်း လျှောက်ထားရမည်ဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးမြှင့်သွားရမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် Chamber's Director Mr.ThinesShek တယ်လီဖုန်းနံပါတ် (852)2395 5515 နှင့် အီးမေးလ် [email protected] တို့သို့ ဆက်သွယ်မေး မြန်းနိုင်ကြောင်း သိရသည်။

 

မြတ်မြတ်စိုးမိုး (Myantrade)

Local Trade News

Pages