သြင်္ကန်အပြီး ဈေးအနည်းငယ်မြင့်တက်လာတဲ့ မန္တလေးသကြားဈေးကွက်

Tue, 05/07/2013 - 08:24 -- admin

မန္တလေးမြို့ သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော် အသင်း (မန္တလေးသကြားဒိုင်)မှာနေ့စဉ် သကြား၊ သကာရည်များ အရောင်းအဝယ် ပြု လုပ်လျက်ရှိပါတယ်။ သကာပွက်ရည် အပေါ်မှာ တည်မီပြီး သကြားဈေး အတက်၊ အကျ အပြောင်းအလဲရှိပါ တယ်။ သြင်္ကန်မတိုင်မီနဲ့ သြင်္ကန်အပြီးမှာ သကြားဈေးတက်နိုင်တယ်လို့ ယူဆပေမယ့် သိသိသာသာပြောင်းလဲမှု တော့မရှိပါဘူး။ သြင်္ကန်မတိုင်မီက သကြားတစ်ပိဿာလျှင် A (၈၅၀ ကျပ်)၊ B (၈၄၀ ကျပ်)၊ C (၈၃၀ ကျပ်)၊ သကာ ပွက်ရည် တစ်ပိဿာလျှင် ၅၁၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုဧပြီလ စတုတ္ထအပတ်မှာ သကြား၊ သကာရည် တစ်ပိဿာပေါက်ဈေးမှာ သကြား A (၈၇၀ ကျပ်)၊ B (၈၆၀ ကျပ်)၊ C (၈၅၀ ကျပ်)သကာပွက်ရည် (၅၃၀ ကျပ်)နဲ့ နေ့စဉ်သကြား ၃၀ ပိဿာဝင်အိတ် ၄၀၀၀ ကျော် အရောင်းအဝယ်ဖြစ်နေပါတယ်။ သကြား၊ သကာရည်တစ်ပိဿာ လျှင် ၂၀ ကျပ် မြင့်တက်လာပေမယ့် အရောင်းအဝယ်မှာ မြင့်တက်လာမှု မရှိဘဲ ပုံမှန်အရောင်းအဝယ် ရှိနေပါ တယ်။ အချိုရည်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း များမှ ပုံမှန်ဝယ်ယူမှုရှိပြီး၊ ပြည်ပသို့ လည်း တင်ပို့ ရောင်းချရကြောင်း၊ သကြားဈေးအေးသလို သကြား အရောင်းအဝယ်မှာလည်း လှုပ်လှုပ်ရှားရှား မရှိကြောင်း၊ မန္တလေးမှာ သကြား စက် အများအပြားရှိပြီး၊ သကြားတန် ချိန်များစွာ ထွက်တာကြောင့် အခြားတိုင်းဒေသကြီးများနဲ့ ပြည်နယ်များကို ပုံမှန်တင်ပို့မှုရှိတဲ့နေရာဈေးနှုန်းရော ဈေးကွက်ပါ တည်ငြိမ်မှုရှိကြောင်း သကြား ကုန်သည်ရပ်ကွက်က သိရပါတယ်။     
စိုးအောင် - မန္တလေး

Local Trade News

Pages