ဝါ၊ ကြံ၊ သကြား ပြည်ပပို့ကုန် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Tue, 08/08/2017 - 07:54 -- admin_ygn

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍နှုၤ အစီအစဉ်ဖြင့်ဝါ၊ ကြံ၊ သကြား ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး၊  မန္တေ လးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း  (ြျွဃဃှု) အစည်းအဝေး ခန်းမ၌ သြဂုတ်လ ၄  ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊  စိုက်ပျိုးရေးနှင့်မွေးမြူ ရေး၊ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် မြန်မာနိုင်ငံကြံနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးစိုးလင်းတို့က အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။
       အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ မန္တလေး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ UMFCCI နှင့်တိုင်းဒေသကြီးပြည်နယ် CCI နှင့် ညီနောင်အသင်းဝင်များ၊ ဝါ၊ ကြံ၊ သကြား လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူ များ စုစုပေါင်း  ၁၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး၊ အလုပ်ရုံဆွေးနွေးပွဲ နှင့်ပတ်သက်သည့် ဌာနဆိုင်ရာမှ စာတမ်းခြောက်စောင် ဖတ်ကြားရှင်းလင်းမည်ဖြစ်သည်။ ထို့ပြင် ထုတ်လုပ်မှုတိုးတက်ရေး၊ ကြိတ်ခွဲထုတ်လုပ်မှု တိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် စားပွဲဝိုင်းဆွေးနွေးပွဲ များပြုလုပ်၍ဖော်ထုတ်ရရှိချက်များအား ရှင်းလင်း ဆွေးနွေးကာ ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ် များကို  ဆက်လက်ရေးဆွဲသွားမည်ဖြစ်ေ ကြာင်း သတင်းရရှိပါသည်။

 

မျိုးသူ (ကုန်သွယ်မြှင့်)

Local Trade News

Pages